မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ ဆိုကြပါတယ်။ နောက်ထပ်တစ်ဆင့်ထပ်ကဲပြီး ဆိုရရင်ဖြင့် မျက်လုံးဟာ ကျန်းမာရေးရဲ့ တံခါးပေါက်တွေလည်း ဖြစ်ပါရဲ့။ သင့်မျက်လုံးအရောင်ကို ကြည့်ပြီး သင်ဟာ ကျန်းမာသူလား၊ အားကစား လိုက်စားသူလား စသဖြင့် ခွဲခြားနိုင်ပါသေးတယ်။ Pittsburgh တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မျက်လုံးအရောင်ဖျော့တဲ့ အမျိုးသမီးတွေဟာ ကလေးမွေးတဲ့အခါ မျက်လုံးအရောင်ရင့်တဲ့ အမျိုးသမီးတွေထက် နာကျင်မှုလျော့နည်းတယ်လို့ ဆိုထားပါတယ်။
အရက်သောက်သုံးမှုမှာကျတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ အရောင်ရင့်တဲ့ သူတွေထက် ပိုသောက်နိုင်ကြတယ်လို့ ဆိုပြန်ပါတယ်။ မျက်လုံးဟာ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇအလိုက် အရောင်ကွဲသွားကြပါတယ်။ အရေပြားနဲ့ ဆံပင်မှာရှိတဲ့ အမည်းရောင်ဒြပ်ကြောင့်ပဲ အရောင်ဖြစ်ပေါ်မှုတွေဟာ မျက်လုံးကို ပိုအရောင်ရင့်သွားစေတာမျိုးပါ။ မျက်လုံးအရောင်ရင့်တဲ့သူတွေဟာ စိတ်ကိုထိန်းချုပ်မှုပိုင်း အားနည်းတာကြောင့် အရက်သောက်နှုန်း လျှော့ချသင့်ပေမယ့် ဦးနှောက်ကိုသွားတဲ့ တုံ့ပြန်မှုအားကောင်းမွန်တာကြောင့် အားကစားလုပ်တဲ့ဘက်မှာတော့ ထူးချွန်ကြတယ်လို့ သိရပါတယ်။
Louisville တက္ကသိုလ်ရဲ့ တွေ့ရှိချက်မှာတော့ မျက်လုံးအရောင်ဖျော့တဲ့သူတွေဟာ ပူပေါင်းလုပ်ဆောင်မှုတွေမှာ အားသာတဲ့အပြင် စာပေလေ့လာတာမျိုး၊ သင်ယူတာမျိုးတွေ လုပ်သင့်တယ်လို့လည်း ဆိုထားပြန်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
သင့်မျက်လုံးအရောင်က ပြောပြပေးမယ့် သင့်အကြောင်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။