iMyanmarHouse.com - Best Property Website for Myanmar
×

လမ်းမပေါ်တွေမှာ နေ့စဉ်လှုပ်ရှားသွားလာနေကြတဲ့သူတွေအကြားမှာ စကတ်တိုတို ၀တ်တဲ့ပေါင်တံ၊ ခြေသလုံးဖြူဖြူသွယ်သွယ်လေးနဲ့ ကောင်မလေးတွေကိုမြင်ဖူးကြမှာ ပေါ့။ တချို့ဆို အရမ်းလှပါတယ်။ တချို့လည်းကြည့်ကောင်းပါတယ်။

 တချို့ မဲမဲတုတ် တုတ်ကြီးတွေကလည်း အရမ်းကြည့်ရဆိုးပါတယ်။ ထားပါတော့ အခုပြောမှာက စကတ်တိုတိုဝတ်တတ်တဲ့ ကောင်မလေးတွေရဲ့ စိတ်ထဲမှာခံစားရလေ့ရှိတဲ့ ခံစားချက် တွေကို မျှဝေပေးမှာပါ။ ဖတ်ရှုနေတဲ့ သင် ခံစားရတာနဲ့လည်းထပ်တူကျချင်ကျ နိုင်ပါတယ်။ ကဲ ဒါဆိုအခုဖော်ပြပေးမယ့် စိုးရိမ်စိတ် စိတ်ခံစားမှု အချက်လေးတွေနဲ့ တူမတူတိုက် ကြည့်လိုက်ကြရအောင်……

ငါက ဒီနေ့ ဘာလို့ စကတ်တိုဝတ်လာမိတာပါလိမ့်။

ငါ ခြေသလုံးမွှေးတွေရိတ်ထားတာ သူများတွေများသိသွားမလား။

ဟာ လေကလည်းတိုက်လိုက်တာ စကတ်တော့ လန်တော့မှာပဲ။

တကယ်ဆို ကျပ်ကျပ်ကလေး ၀တ်လာသင့်တာ။

ဒီလို လေနဲ့သာဆို ငါ့အတွင်းခံ ပေါ်တော့မှာပဲ။

ငါ့ကို ဘယ်သူ့မှ အရမ်းကြည့်မနေပါစေနဲ့။

ပစ္စည်းတစ်ခုခုသာ ပြုတ်ကျသွားရင် ငါဘယ်လို ကုန်းကောက်ရမလဲ။

အခု ဒီအလုပ်နဲ့ စကတ်တိုက အဆင်ပြေပါ့မလား။

ငါကြားဖူးတာတစ်ခုက အဖြူရောင်စကတ်တိုနဲ့ အနီရောင်အတွင်းခံက သိပ်ကိုကြည့် ရဆိုးတယ်ဆိုလားပဲ။

စောင့်ပါဦး..  နောက်ကနေပြီး ငါ့အတွင်းခံပေါ်နေပြီလား တစ်ချက်ကြည့်ပေးဦး။

ထိုင်ခုံမှာထိုင်ရင်ကော ငါဘယ်လိုထိုင်ရမလဲ ။

အကယ်၍တစ်ယောက်ယောက်ကများ မဖြစ်မနေ စက်ဘီးလိုက်စီးဖို့ခေါ်ရင်ကော ငါဘယ်လိုလုပ်ရမလဲ။

လေကနေရာတိုင်းကို တိုက်နိုင်တာဆိုတော့ ဒီစကတ်နဲ့ ဒုက္ခပါပဲ။

ငါစိတ်ရှုပ်လိုက်တာနော်။ သေတောင်သေချင်တယ်။

ဖြစ်နိုင်ရင် အိမ်ပြန်ပြီးတော့ တောင်လဲလိုက်ချင်တယ်။

ဒီအချိန်မှတော့ အဆင်ပြေမယ့် အ၀တ်ကို ပြန်လဲဖို့ကလည်း မဖြစ်တော့ဘူး။

ဒီ ပလက်ဖောင်းအမြင့်ကြီးကို ငါဘယ်လိုတက်ရမလဲ။
ဆိုတဲ့ အချက်ကလေးတွေကိုတော့ စကတ်တိုတို ၀တ်တတ်တဲ့ ကောင်မလေး တော်တော်များများခံစားဖူးကြမယ်ဆိုတာ တပ်အပ်ပြောလိုက်ပါမယ်....

Credit : ဖိုးသူတော်(www.phothutaw.com)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top