မင်းသမီးအင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂရဲ့ သံတမန်တစ်ဦး ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုအတွက် မင်းသမီးဟာ လွန်ခဲ့တဲ့လကတောင် အင်္ဂလန်ဘုရင်မကြီးဆီကနေ ဂုဏ်ထူးဆောင် ချီးမြှင့်မှုတစ်ခုကို လက်ခံရယူခဲ့ရပါသေးတယ်။
အများက အားကျရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ရုံတင်မကဘူး အများအကျိုးအတွက်ပါ ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဂျိုလီရဲ့ လွန်ခဲ့တဲ့၁၅ နှစ်က အကြောင်းနဲ့ပက်သက်ပြီး ဗီဒီယိုတစ်ခုဟာ အွန်လိုင်းမှာ ပျံ့နှံလာခဲ့ပါတယ်။
ဒီဗီဒီယိုမှာ မင်းသမီးဟာ ဖုန်းပြောနေတာဖြစ်ပြီး မျက်ကွင်းတွေ ညိုမည်းစွဲနေကာ အလွန်အမင်းကို ပိန်ချုံးကျနေပါတယ်။
မင်းသမီးကိုယ်တိုင်တောင် လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့ဘဝဟာ အမှောင်ဆုံးနဲ့ အန္တရယ်အရှိဆုံးအချိန်တွေ ဖြစ်ခဲ့တယ်လို့ ပြောထားဖူးပါတယ်။
ဗီဒီယိုကိုတင်ခဲ့သူဟာ Franklin Meyer ဆိုတဲ့ လူတစ်ဦးဖြစ်ပြီး အဲ့အချိန်တုန်းက မင်းသမီးအတွက် ဘိန်းဖြူတွေ၊ ကိုကင်းတွေကို အဓိကရောင်းပေးခဲ့သူတစ်ဦး လို့ဆိုပါတယ်။
မင်းသမီးဟာ အဲ့အချိန်တုန်းက လူမှုရေးအရှုပ်ထုပ် ပေါင်းများစွာနဲ့ မူးယစ်ဆေးနွံအိုင်ထဲမှာ နစ်နေခဲ့ပါတယ်။
သူဟာ မူးယစ်ဆေးအတွက် တစ်ပတ်မှာ ဒေါ်လာ ၁၀၀ လောက် ပုံမှန်သုံးတယ်လို့ Meyer ကပြောကြားခဲ့ပါတယ်။
ဗီဒီယိုထဲမှာ မင်းသမီးက ဖုန်းပြောနေခဲ့တာဖြစ်ပြီး “သူက ဘယ်လိုမျိုးလဲဆိုတော့ ကျွန်မကို စိတ်အေးအေးထားဖို့ ပြောနေတယ်။ ဒါပေမဲ့ ကျွန်မပြောမယ် တကယ်လို့ ကျွန်မက ရှင့်အတွက်မလုပ်ပေးဘူး ဆိုရင်ရော၊ တကယ်လို့ ကျွန်မက ပိုက်ဆံ အဲ့လောက်များများမဖြစ်ဘူးဆိုရင်ရော” ဆိုတဲ့ စကားတွေကို ပြောနေတာဖြစ်ပါတယ်။
မင်းသမီးက ပစ္စည်းလာပို့ဖို့ ဖုန်းဆက်ခေါ်တာကြောင့် သူဟာ ရောက်သွားခဲ့တာဖြစ်ပြီး ပါလာတဲ့ကင်မရာနဲ့ ဒီဗီဒီယိုကို ရိုက်ဖြစ်သွားတာလို့ Meyer က ပြောကြားခဲ့ပါတယ်။
မင်းသမီးဟာ သူရဲ့ဖောက်သည်အဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့တယ်လို့လည်း Meyer က ဆိုပါတယ်။
ခုတော့ မင်းသမီးဟာ ဆိုးဝါးတဲ့အချိန်တွေကနေ ရုန်းထွက်နိုင်ခဲ့ပါပြီ။
ကလေးခြောက်ယောက်တို့ရဲ့မိခင်ဖြစ်နေပြီး အများအတွက်အလုပ် လုပ်တတ်တဲ့ မင်းသမီးတစ်ယောက် ဖြစ်နေပါပြီ။
ဆိုးဝါးခဲ့တဲ့အချိန်တွေတုန်းက အကြောင်းကို ၂၀၁၁ ခုနှစ်တုန်းက တီဗီအစီစဉ်တစ်ခုမှာ မင်းသမီးက အခုလို ပြောကြားခဲ့ပါတယ်။
“ကျွန်မဟာ ဆိုးဝါးလွန်းတဲ့ အမှောင်ဆုံးအချိန်တွေကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်မငယ်ငယ်နဲ့ မသေခဲ့ဘူး။ ဒါကြောင့် ကျွန်မ ကံကောင်းခဲ့ပါတယ်။ တချို့အရာတွေကို မကျော်ဖြတ်နိုင်ခဲ့တဲ့ လူတွေ၊ အနုပညာရှင်တွေရှိပါတယ်”
Credit : ဖိုးသူတော်(www.phothutaw.com)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
တစ်ချိန်တုန်းက ဂျိုလီ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။