iMyanmarHouse.com - Best Property Website for Myanmar
×














ကျွန်မ ရှင့်ကို စွန့်လွှတ်လိုက်ပါပြီ ။

သို့သော် မုန်း၍တော့မဟုတ် ။

ရှင့်ကို သိပ်ချစ်မိ၍ ကိုယ့်နှလုံးသားကိုယ် အကျဉ်းချလိုက်ခြင်းဖြစ်သည် ။

ကျွန်မ ရှင့်ကို မေ့ပစ်လိုက်ပါပြီ ။

သိုသော် နာကျည်းခြင်းကြောင့် မေ့ပစ်ခြင်းမဟုတ် ။

ရှင့်ကို သိပ်တန်ဖိုးထားမိ၍ ကျွန်မအတ္တ (ရှင့်ကိုပိုင်ဆိုင်လိုခြင်း) ကို ကျွန်မကိုယ်တိုင်ရိုက်ချိုးပစ်ခဲ့ခြင်းဖြစ်သည် ။

ရှင့်ကိုစွန့်လွှတ်ခဲ့ပြီးနောက် ..
ရှင့်ကိုမေ့ပစ်ပြီးတဲ့နောက် ..

ကျွန်မ အရာရာကိုပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ..
လူတွေကို ဟိုအရင်လို စိတ်ပါလက်ပါပြုံးပြဖို့ အတော်ကြိုးစားရပါဦးမည် ..

မည်သို့ပင်ဖြစ်စေ ..

ကျွန်မချစ်သော ‘ရှင်’ စိတ်ချမ်းသာနေလျှင်ပင် အရာအားလုံး ကို ကျွန်မရင်ဆိုင်ရဲပါသည် ။ ။

ဤသည်မှာ ကိုယ့်ချစ်သူကိုစိတ်မဆင်းရဲစေလိုသော မိန်းမတစ်ယောက်၏အချစ်ဖြစ်သည် ။

Credit : Heart Canteen

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top