iMyanmarHouse.com - Best Property Website for Myanmar
×















တစ်ခါတစ်လေ ဂျင်းစကတ်တွေကို ဘီရိုထဲကနေထုတ်ပြီး ခပ်အထာကျကျလေး ၀တ်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် ဘယ်လိုဝတ်မှ အထာကျမယ်ဆိုတာ စဉ်းစားလို့မရဘူး။ ရိုးရိုးကြီးဖြစ်သွားမှာလည်း စိုးတယ်ဆိုရင် ခုပြောပြပေးမယ့် နည်းလေးတွေအတိုင်း ဆင်မြန်းကြည့်လိုက်ပါ။

၁။အပေါ်ဂျင်း၊ အောက်ဂျင်း ၀မ်းဆက်ဝတ်ပစ်လိုက်ပါ။

အပေါ်၊ အောက် ဂျင်းတွေချည်း ၀မ်းဆက်ဝတ်ရတာ နည်းနည်းတော့ အူကြောင်ကြောင်ဖြစ်မယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ ပုံမှပြထားသလို ဂျင်းအနုကို အပေါ်အောက် ၀တ်ပြီး အဆင်ပြေရင် boot ဖိနပ်လေးနဲ့ တွဲဝတ်လိုက်ပါ။ မိုက်မှမိုက်ပဲ။

၂။အကွက်၊ အစင်းစတာတွေနဲ့ တွဲဝတ်ပါ။

အကွက်လေးတွေ၊ အစင်းတွေဆိုတာ ဖက်ရှင်ရေစီးကြောင်းမှာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်တဲ့ အရာတွေမို့ သူတို့နဲ့ တွဲဝတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

၃။ဘလောက်စ်အင်္ကျံနဲ့လည်း တွဲဝတ်နိုင်ပါသေးတယ်။

မိန်းမဆန်ဆန် ဘလောက်စ်အင်္ကျံနဲ့ တွဲဝတ်မယ်ဆိုရင်တော့ သူ့ကို ပံ့ပိုးပေးနိုင်မယ့် ပိုက်ဆံအိတ်၊ အထူးသဖြင့် ဖိနပ်ကို သတိထားဝတ်ဆင်ပါ။

၎။ sweatshirt တွေ၊ Pullover တွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း မိုက်တာပါပဲ။

ကိုယ်က Pullover တွေ ၀တ်ရတာ ကြိုက်တယ်၊ sweatshirt တွေ ၀တ်ဖြစ်တယ်ဆိုရင် ဂျင်းစကတ်နဲ့ တွဲဝတ်ချိန်မှာ အိတ်နဲ့ဖိနပ်ကို မိန်းကလေးဆန်တဲ့ ဟာမျိုးတွေရှောင်ပြီး ပုံမှာပြထားသလို sneaker တွေ၊ ကျောပိုးအိတ်လေးတွေ ရွေးချယ်စေချင်ပါတယ်။

၅။ခပ်ရှုပ်ရှုပ်ပုံစံသဘောကျတဲ့ ပျိုမေတွေအတွက် ခုလို ၀တ်ဆင်ပါ။


ဂျင်းဟာ လွတ်လပ်တဲ့ အသွင်ကိုဆောင်ပါတယ်။ သူ့အပေါ်မှာ ဘာတွေထပ်ဝတ်ဝတ် လွတ်လပ်ပေါ့ပါးခြင်းကိုတော့ ခံစားနေရဦးမှာပါ။ လူငယ်ဆန်တဲ့ All Star ၊ cap ဦးထုပ်တွေနဲ့ အထာကျအောင်လည်း ဆင်မြန်းနိုင်ပါသေးတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top