iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ချစ်သူ သို့မဟုတ် လက်တွဲဖော်နဲ့ ဆက်ဆံရေးဟာ တခါတလေ ခက်ထန်တဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါဘယ်သူမှ ရှောင်လွဲလို့မရပါဘူး။ ဒါပေမယ့် ခုဖော်ပြထားတဲ့ အချက်တွေကို သင့်အနေနဲ့ ရှောင်ကြဉ်မယ် ဆိုရင်တော့ ပြဿနာဟာ ထင်ထားတာထက် ပိုပြီး ဖြေရှင်းဖို့ လွယ်ကူနိုင်ပါတယ်။

၁။ ချစ်သူနှစ်ဦးဆက်ဆံရေးဟာ နှစ်ဦးနှစ်ဖက်ကြိုးစားပြီး တည်ဆောက်ထားကြတဲ့အရာဖြစ်ကြောင်း သင်နားမလည်ခဲ့ဘူးဆိုရင်

လူနှစ်ဦးရဲ့ ဆက်ဆံရေးကို အမြဲကြိုးစားပြီး တည်ဆောက်မှရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါသူ့အလိုလို ဖြစ်လာတာဆိုပြီး သင်လစ်လျူရှုထားမယ်ဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ကောင်းလာဖို့ မရှိပါဘူး။ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို လေးစားတဲ့အနေနဲ့ အမြဲအတူတူအားပေးကြဖို့ လိုပါတယ်။

၂။ ရန်ဖြစ်လို့ အိပ်ခန်းသီးခြား ခွဲအိပ်တာမျိုး မလုပ်သင့်ပါ။

ဒီလိုလုပ်လိုက်တာနဲ့ သင့်ယောင်္ကျား (သို့) မိန်းမနဲ့ ဆက်ဆံရေးဟာ ပိုပြီး ခက်ထန်စေနိုင်ပါတယ်။ ဒါကောင်းမွန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နေတဲ့အချိန်မှာ စကားပြော ဆက်ဆံမှုမရှိဘူးဆိုရင် သင်ဘာဖြစ်နေတယ်၊ ဘာလို့စိတ်ဆိုးနေတယ်ဆိုတာကို တစ်ဖက်လူက ဘယ်လိုသိနိုင်တော့မှာလဲ။

၃။ အချင်းချင်း ဘယ်လိုဆက်ဆံသင့်လဲဆိုတာ သင်ဘယ်တော့မှ မသင်ယူဘူးဆိုရင်…

လူနှစ်ဦးပေါင်းစပ်ထားတဲ့ဘဝဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦး လေးလေးစားစားဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် တစ်ဖက်လူရဲ့ ဆန္ဒအတိုင်း အဆင်ပြေသလို ဆက်ဆံပေးဖို့ လေ့လာထားရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် စိတ်ဆိုးရန်ဖြစ်တာ နည်းသထက်နည်းလာမှာ ဖြစ်ပါတယ်။

၎။ အတိတ်တုန်းက လုပ်ခဲ့တဲ့အမှားကြောင့် အမြဲအပြစ်တင်နေမယ်ဆိုရင်….

အတိတ်က ဖြစ်ခဲ့တဲ့ အမှားတစ်ခုကိုပဲ စိတ်ထဲစွဲပြီး အမြဲတမ်းအဖြေတွေတောင်းနေမယ်ဆိုရင်တော့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူပဲဖြစ်ပါတယ်။ သင်ခွင့်မလွှတ်နိုင်ဘူးဆိုရင်လည်း အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့ပဲ ရှိပါတယ်။ ဒီကိစ္စကို ဆက်ပြီးသယ်သွားမယ်ဆိုရင်တော့ အနာဂတ် သင်တို့နှစ်ဦး ဆက်ဆံရေးအတွက် အဓိကပြဿနာဖြစ်လာနိုင်ပါတယ်။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top