iMyanmarHouse.com - Best Property Website for Myanmar
×











အကျိုးကြောင်းဆီလျော် ညီညွတ်တဲ့ သတင်းတစ်ရပ်အရ  သင့်ရဲ့ ကြက်သား အစိမ်းကို မချက်ပြုတ်ခင် ရေနဲ့ ဆေးကြောခြင်းဟာ ယင်းကြက်သားကနေ စင်ပြီး ထွက်ကျလာတဲ့ အရည်စက်တွေကြောင့် သင့်ရဲ့ မီးဖိုချောင် တစ်ခုလုံးကို ရောဂါပိုးမွှားများ ကူးစက်ပျံ့ နှ့ံ စေတယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံရဲ့  အစားအစာ စံချိန်စံနှုန်းဆိုင်ရာ အေဂျင်စီရဲ့အဆိုအရ  ကြက်သားစိမ်းကနေထွက်တဲ့  အရည်စက်တွေဟာ ကြမ်းပြင်ပေါ် မကျသေးခင်ထိ ၃ ပေခန့် ခရီးသွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်မီးဖို့ ချောင်ရဲ့ ကြက်သားနဲ့ နီး တဲ့  ၃ ပေ ပတ်လည်ခန့် အတွင်းမှာ အဲ့ဒီပိုးမွှားတွေ ရှိနေနိုင်ပါတယ်။

ကူးစက်ရောဂါတွေ ပျံ့ ပွားစေတဲ့ လူတိုင်းလိုလို လုပ်ဆောင်နေတဲ့ အဲ့ဒီအမူအကျင့်ကို ရပ်တန့် ဖို့ တိုက်တွန်းတဲ့ အခမဲ့ ပြည်သူ့ ဝန်ဆောင်မှု ကြေညာချက်တစ်စောင်ကို အဲ့ဒီအေဂျင်စီ ၀က်ဘ်ဆိုက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တမ်း အသစ်တစ်ရပ်အရ လူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းခန့် က ကြက်သားအစိမ်းများကို မချက်ပြုတ်ခင် ရေနဲ့ဆင်အောင်ဆေးကြတယ် လို့ သိရပါ တယ်။ အဲ့ဒီအလေ့အထဟာ ဆေးကြောလိုက်တဲ့အခါ စင်ထွက်လာတဲ့ ရေစက်တွေက တဆင့် လက်တွေ၊ ဆေးကြောနေတဲ့ မျက်နှာပြင်တွေ၊ အ၀တ်အစားတွေနဲ့ ဟင်းချက်အသုံးအဆောင်ပစ္စည်းတွေဆီကို campylobacter လို့ ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားပိုးကို ကူးစက်စေပါတယ်။

Campylobacter လို့ ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားပိုးရဲ့  ကူးစက်မှုတစ်ချို့ မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့  အာရုံကြော ထိခိုက်မှုတွေကို ဖြစ်လာနိုင်စေတဲ့ အလားအလာတွေရှိပါတယ်။ဒီလို ရောဂါကူးစက်မှုတွေဟာ အမှန်တကယ် ဖြစ်ပေါ်နေတဲ့အတွက် သင့်ရဲ့ အစားအစာ ပြင်ဆင်ပုံနည်းစနစ်ကို ပြောင်းလဲသင့်ပါပြီ။ သင်ရဲ့ ကြက်သားအစိမ်းကို အထုတ်အပိုးမှ  ဖြည်ပြီးတာနဲ့ အပေါက်မပါတဲ့  စဉ်းတီတုံးပေါ်မှာ ဂရုတစိုက် သန့် စင်ပေးရပါမယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top