အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေနဲ့ ငြင်းခုန်စကားများတဲ့အခါ အလျှော့ပေးလိုက်တာတွေ ရှိတတ်ရင်တောင် ဒီလိုအချက်မျိုးတွေကိုတော့ ဘယ်တော့မှ အလျှော့မပေးတမ်းကို ငြင်းတတ်ကြပါတယ်။
၁။သူတို့ကြိုက်တဲ့ အားကစားသမားကို အခြားတစ်ယောက်နဲ့ ယှဉ်ပြောတဲ့အခါ
ဘောလုံးကစားသမားပဲဖြစ်ဖြစ်၊ လက်ဝှေ့သမားဖြစ်ဖြစ် သူတို့ကြိုက်တဲ့ အားကစားသမားကို အခြားသူနဲ့ ဘလိုင်းကြီးယှဉ်ပြောခံရတဲ့အခါ သူတို့က ဘယ်တော့မှ ငြိမ်မခံတတ်ကြပါဘူး။ ပြန်ငြင်းမယ်၊ ပြန်ပြောပါလိမ့်မယ်။
၂။သူတို့ရဲ့မညီညာတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို ဟာသလုပ်တဲ့အခါ
ကိုယ်က စလိုက်တာပဲဖြစ်ဖြစ်၊ သတိထားမိလို့ ပြောလိုက်တာပဲဖြစ်ဖြစ် သူတို့ရဲ့မညီညာတဲ့ နှုတ်ခမ်းမွှေးအကြောင်း ပြောလိုက်မိရင်တော့ သင့်အနေနဲ့ သူတို့ဆီက ဘာ့ကြောင့်ဒီလိုဖြစ်တာဆိုတာမျိုးကို ဆက်တိုက်ပြန်ကြားရမှာပါ။
၃။သူတို့သိပ်ကြိုက်တဲ့ တီရှပ်အဟောင်းကို မ၀တ်ဖို့ပြောမိတဲ့အခါ
ကျောင်းတုန်းက ၀တ်ခဲ့တဲ့ တီရှပ်လေး ခုချိန်ထိများ တော်နေသေးတယ်ဆိုရင် ဘယ်လောက်စုတ်စုတ် ၀တ်မှာပဲ။ မ၀တ်ဖို့ပြောလဲ ပေတေပြီး ၀တ်မှာပဲ။ အဲ့ဒါကို လုံးဝမ၀တ်ဖို့ သွားမပြောလိုက်နဲ့။ ကိုယ့်ကို ပါးစပ်အဟောင်းသားဖြစ်အောင်ကို ဒီတီရှပ်ကို ဘယ်လောက်ကြိုက်ကြောင်း ပြောပြသွားလိမ့်မယ်။
၎။တစ်ချို့အကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့ပြောတဲ့အခါ
လက်ဆစ်ချိုးတာမျိုးလောက် သူ့ကို မလုပ်ဖို့ပြောကြည့်တဲ့အခါ သူ့ဘက်က ဒါကို ခက်ခဲတဲ့အကြောင်း ပြန်ပြောပါလိမ့်မယ်။ သူတို့မရဘူးလို့ ပြောတဲ့ကိစ္စတွေကို သူတို့ကို ဘယ်လောက်ပြောပြော သူတို့ပြင်မှာ မဟုတ်ပါဘူး။
၅။ဂြိုလ်သားတွေ ရှိမရှိ ငြင်းဖြစ်တဲ့အခါ
သင်အနေနဲ့ ဂြိုလ်သားတွေ ဒီကမ္ဘာကိုရောက်မလာနိုင်ဘူး၊ ရှိမှမရှိပဲ ဆိုပြီး သူတို့ကို သွားပြောလိုက်တာနဲ့ ဂြိုလ်သားတွေအကြောင်း လုံးစေ့ပတ်စေ့ ရှင်းပြပါလိမ့်မယ်။ သွားမငြင်းလိုက်ပါနဲ့။
၆။ဆံပင်ညှပ်ဖို့ ပြောလိုက်တဲ့အခါ
သူတို့ညှပ်ချင်တဲ့အခါ ဆံပင်ညှပ်ဖို့လိုနေပြီလို့ ဆိုပေမယ့် သူတို့မညှပ်ဘူးဆိုရင်လည်း အတင်းကြီး သွားညှပ်ခိုင်းလို့မရတတ်ပါဘူး.။ ရှည်နေလည်း ဦးထုပ်ဆောင်းထားလိုက်ရင် ပြီးတာပဲလို့ ဆင်ခြေဆင်လက်တွေ ပြန်ပေးပါလိမ့်မယ်။
၇။သူ့ရဲ့ ငယ်သူငယ်ချင်း မကောင်းကြောင်း သူ့ကိုပြောလိုက်တဲ့အခါ
ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းက ဘယ်လိုလူပဲဖြစ်နေဖြစ်နေ သူတို့ကို မပေါင်းဖို့တော့ သွားမပြောမိပါစေနဲ့။ သူတို့ရဲ့ သံယောဇဉ်ဟာ ကိုယ်ထင်တာထက်ကို ပိုနက်ရှိုင်းတာမို့ မပေါင်းဖို့ထက်စာရင် အဲ့ဒီတစ်ယောက်က ဘယ်လိုဆိုတာမျိုးလောက် သိထားအောင်ပဲ ပြောပြထားပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Home
»
ဗဟုသုတ
»
ကြီးပွားရေး
»
အလှအပ
» အမျိုးသားတွေနဲ့ ဒီလိုအကြောင်းအရာမျိုးတွေ ငြင်းခုန်တဲ့အခါ သူတို့ဘယ်တော့မှ အလျှော့မပေးတတ်ပါ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။