iMyanmarHouse.com - Best Property Website for Myanmar
×

”ပိုင်ဖြိုးက တစ်ခုကို ရွေးချယ်ပြီး တစ်ခုကို စွန့်လွှတ်ရမယ် ဆိုရင် အနု ပညာကို တအား ဝါသနာပါတယ်။ သရုပ်ဆောင်နေ ရတာကို ကပျော်နေတယ်။ အဲဒီတော့ အနုပညာ ကို လုပ်ဖြစ်မှာပါ။ တတ်ထားတဲ့ ဆရာဝန် အလုပ်ကို စွန့်လွှတ် လိုက်တာ မဟုတ်ဘဲ အနည်းဆုံး စေတနာ့ ဝန်ထမ်း ပဲဖြစ်ဖြစ် လုပ်ဖြစ်မယ်” ဟု ဆေးကျောင်း ဖိုင်နယ် ကို တက်ရောက် ပြီးစီးပြီး ဟောက်စ် ဆင်းနေသည့် ဆရာဝန်လောင်း ပိုင်ဖြိုးသုက ဆိုသည်။

”တစ်ချိန်ချိန်မှာ အနုပညာ အလုပ်နဲ့ ဆရာဝန် အလုပ်ကို ဘဝရှင်သန်ဖို့ အတွက် ရွေးချယ်ရမယ့် အခြေအနေ ရှိလာမယ်” ဟု ပိုင်ဖြိုးသုက ပြောသည်။

”ကျောင်းပြီးရင် အနုပညာ အလုပ်ကို ပိုဆက်လုပ်မှာပါ။ ဒါပေမဲ့ ဆရာဝန် အလုပ်ကို လုံးဝ စွန့်လွှတ်ဖို့ မဟုတ်ဘူး” ဟု ပိုင်ဖြိုးသုက ဆက်ပြောသည်။

တစ်လ တစ်ကားနှုန်းနဲ့ အနုပညာ အလုပ်ကို လှုပ်ရှား ပြီး ကျောင်းစာလည်း မလစ်ဟင်းအောင် ကြိုးစားနေသည်ဟု ၄င်းက ဆက်ပြောသည်။

”ဇာတ်လမ်းတွေ လာရင် ကိုယ်နဲ့ လိုက်ဖက်တာပဲ ဆိုတော့ငြင်း ထုတ်တဲ့ဇာတ် မရှိသလောက်ပါပဲ။ ပုံမှန် တစ်လတစ်ကား ဆိုတော့ အဆင်ပြေတယ်။ ပရိသတ်တွေ အသိ တစ်ခု ကျန်စေတဲ့ ဇာတ်ကား မျိုးပဲ ပိုင်ဖြိုး ရိုက်ကူးနေတယ်” ဟု ၄င်းကပြောသည်။

Credit: Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top