iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်နဲ့ အဆက်အသွယ် ပြတ်တစ်လှည့်၊ဆက်တစ်လှည့် ဖြစ်နေတဲ့အပြင် မင်းသွေးဟာ အနုပညာဖန်တီးမှုတွေလည်း တော်တော်လေး ငြိမ်သက်နေခဲ့တာမို့ သူနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေ ခုလိုမေးမြန်းဖြစ်ခဲ့တဲ့အခါ

-ခု လက်ရှိအနုပညာ ဖန်တီးမှုလေးကို ပြောပြပေးပါဦး။

ခု လာမဲ့ ၁၂ ရက်နေ့မှာ ကိုသားညီနဲ့ရိုက်ဖို့ရှိတယ်။ ကားနာမည်ကို ယာယီတော့ ဟိုတယ်လို့ပေးထားတယ်။ ကျွန်တော်က အဲ့ကားလေးထဲမှာ ဟိုတယ်က စားပွဲထိုးပေါ့။ ဒါပေမဲ့ ဇာတ်လမ်း တင်ပြပုံကကျတော့ မျက်လှည့်ဆန်တဲ့ အပြောင်းအလဲလေးတွေ ထူးဆန်းမှုတွေပါမယ်။ ရှေ့မှာ suspent တော့ ရိုက်ခဲ့တယ်။ ထိတ်လန့်စရာ ကြောက်လန့်စရာလေးတွေ ပါပေမဲ့ ဒီကားကကျတော့ ကိုသားညီနဲ့ပထမဆုံး စဆုံမဲ့ကား၊ ကိုသားညီ ဒါရိုက်တာလုပ်ပြီးရိုက်မဲ့ကားပေါ့။ အိုက်တင်အရရော ဇာတ်ညွှန်းအရရော ထူးဆန်းတယ်ပေါ့နော်။ အဲ့ဒီကားလေးက ကျွန်တော့်အတွက် အိုက်တင်ပိုင်းအရ ထူးဆန်းမှုတွေ ရှိတယ်ပေါ့နော်။

-ခု ကြားထဲမှာ ပရိသတ်နဲ့ အဆက်အသွယ် ပြတ်ပြီးမှ ပြန်ရိုက်တဲ့ကား ၃ကားရဲ့ ထွက်ထားတဲ့ အခြေအနေ လေးကရော ပရိသတ်ကြားမှာ ဘယ်လိုနေလဲ။

Square Game ရယ် ၊ ဒဏ်ရာများနဲ့ဆုရယ် ၊ Connection ရယ် အဲ့၃ကားထဲမှာဆိုရင် ၃ကားစလုံး taste မတူဘူး။ ဒဏ်ရာများနဲ့ဆုဆိုရင် ဒရာမာကားပေါ့။ Connection ဆိုရင် ဖုန်းနဲ့ပတ်သတ်တဲ့ သရဲကားလိုလို ကား၊ Square Game က ကျတော့ ၄ပွင့်ဆိုင် အချစ်ကားပေါ့။ အဲ့ကား ၃ကားထဲမှာ ပရိသတ်က ဒဏ်ရာများနဲ့ဆု ကို ကြိုက်တယ်။ connectionကို အားပေးကြတယ်။ အဲ့ကားဆိုလဲ အရမ်းပင်ပန်းတယ်။ ပရိသတ် ဝေဖန်မှုတွေကို ပြန်ကြားရမှာစိုးလို့ ရိုက်နေရင်းနဲ့လိုက်ဖာထေးရတယ်။ ဒါပေမဲ့ ထွက်လာတဲ့ခါမှ ပရိသတ်ကလဲ ကြိုက်ကျတဲ့တွက်တော့ ကျေနပ်တယ်။

-ခုနောက်ပိုင်းမှာ ထပ်မံရိုက်ကူးသွားမဲ့ ဇာတ်ပုံစံတွေက ဘယ်လိုလေးတွေဖြစ်မလဲ။

ခုအသက်အရွယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာ၊ အိမ်ထောင်ရေးကားဆို နဲနဲပြုပြင်ယူရမယ်။ ဖန်စီရိုမန့်တွေနဲ့တော့ ပိုလိုက်မှာပေါ့နော်။  ပရိသတ်အတွက် ထူးဆန်းသော၊ အရင်ထွက်ထားပြီးသား ဇာတ်လမ်းပုံစံတွေနဲ့ကွဲပြားခြားနားတဲ့ ကာရိုက်တာတွေကို ဆက်ရိုက်သွားဖို့ရှိပါတယ်။

-အောင်မြင်မှုဆိုတာကိုရော ခုချိန်မှာ ဘယ်လိုနားလည်ထားသလဲ။

ကျွန်တော်ကြိုးစားမှုလို့ပဲမြင်တယ်။ လက်ရှိမှာလဲ ကြိုးစားနေဆဲပါပဲ။ လက်ရှိခေါင်းထဲမှာလဲ ပ၇ိသတ်အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်။ အောင်မြင်တာတွေ မအောင်မြင်တာတွေထက် ပရိသတ်အတွက် အကောင်းဆုံး ပေးဆပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်။

-ကိုနေတိုးနဲ့ရော ဇာတ်ကားတွေ တွဲဖက်ရိုက်ဖို့ စီစဉ်ထားတာမျိုး ရှိသေးလား။

သူနဲ့က ရှိတော့ရှိတယ်။ မတည်ဖြစ်သေးဘူး။ ကိုညိုနဲ့ရိုက်ဖို့ပြောထားတာရှိတယ်။ ဘယ်လိုဖြစ်ဦးမလဲမသိဘူး။ အစ်ကိုနဲ့ရှေ့မှာ ဆုံခဲ့တဲ့ကားတွေက against နည်းတယ်။ ကျွန်တော်နဲ့အစ်ကိုနဲ့ against တစ်ကားလောက်တော့ ရိုက်ချင်ပါတယ်။ ရိုက်လဲရိုက်ဖြစ်မှာပါ။

-ခု လက်ရှိအချစ်ရေးလေးကို လဲ ပရိသတ်သိအောင် ပြောပြပေးပါဦး။

အချစ်ရေးက ကျွန်တော်ယူမှာပါ။ သေချာတယ်။ မိန်းမတော့ယူမှာပါ။ မိသားစုဘ၀ကိုလဲ ကျွန်တော်အရမ်းမြတ်နိုးပါတယ်။ ခုလက်ရှိကတော့ ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်အောင်ကြိုးစားနေတယ်။ ဖြစ်သွားတဲ့ချိန်ကျရင်တော့ အချစ်ရေး အိမ်ထောင်ရေးကို စဉ်းစားဖြစ်မှာပါ။ ကျွန်တော်က ဘောင်ဆို ဘယ်ဘောင်မှမကြိုက်ဘူး။ ဘောင်ကွတ်ထားတာ မကြိုက်ဘူး။ အပြင်ပဲဖြစ်ဖြစ်၊ အနုပညာအသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် ဖူးစာပါရင်တော့ ညားမှာပဲပေါ့နော်။ အမေနဲ့တူသော မိန်းမကိုတော့ ပိုလိုချင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုလဲ တကယ်ချစ်ရမယ်။ ကိုယ့်အလုပ်ကို လဲ နားလည်ပေးနိုင်ရမယ်။ အဲလိုမိန်းကလေးမျိုးကို တော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်မှာပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top