iMyanmarHouse.com - Best Property Website for Myanmar
×











ဘယ်လောက်အလိမ်ကောင်းနေတယ်ဆိုရင်တောင် သူတို့မှာ ပုံမှန်မဟုတ်တဲ့အမူအရာ တစ်ခုခုတော့ ရှိနေပါလိမ့်မယ်။ အမိဖမ်းဖို့ဆိုရင်လည်း ကိုယ့်ဆီမှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေဦးမှလေ။ ကိုယ့်အယူအဆကို အာမခံပေးနိုင်မယ့် လိမ်တဲ့သူတွေဖမ်းနည်း (၁၀)မျိုးကို လေ့လာကြည့်ပါ။

 ၁။ သင့်ကို လိမ်နေတယ်ဆိုရင်တော့ မျက်လုံးမဆုံမိအောင် သူရှောင်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ကိုသူတို့ ယုံကြည်စိတ်ချမှုမရှိတဲ့အတွက် အောက်ကိုငုံကြည့်တာတာမျိုး ဒါမှမဟုတ် အဝေးကိုငေးကြည့်နေတာမျိုး လုပ်တတ်ကြပါတယ်။ နောက်တစ်မျိုးကတော့ မျက်လုံးဆုံအောင် တမင်တကာ အတင့်ရဲပြီး ပုံမှန်ထက် သင့်ကို တည့်တည့်ကြည့်နေလိမ့်မယ်။ ဒါကတော့ သူ့အလိမ်တွေကို သင်ယုံကြည်သွားအောင် တမင်ဖန်တီးထားခြင်းပဲ ဖြစ်ပါတယ်။

 ၂။ ချက်ချင်းငြင်းတဲ့ အသုံးအနှုန်းတွေကို မသုံးတတ်ကြပါဘူး။ သူတို့က ဒီကိစ္စကို သင်အယုံအကြည် နည်းသွားအောင် ဘယ်လိုပုံစံလုပ်ရမလဲဆိုပြီး အကြောင်းအရာအားလုံးကို ချိန်ကြည့်ချင်လို့ပဲ ဖြစ်ပါတယ်။ မဟုတ်ဘူး.. မလုပ်ဘူး… ဆိုပြီး ပြောရမယ့်အစား နင်ဘယ်မှာကြားခဲ့တာလဲ… ဘယ်သူပြောပြတာလဲ… ဆိုပြီးတော့ သင့်ကို ပြန်ပြီးမေးခွန်းထုတ်ပါလိမ့်မယ်။

 ၃။ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို သုံးတတ်ကြပါတယ်။ လိမ်တဲ့သူတွေက သူတို့ကို စကားပြောရင်တောင် သင့်ဘက်ကို လှည့်မှာမဟုတ်ပါဘူး။ ပြီးတော့ မျက်တောင်ခဏခဏ ခတ်လိမ့်မယ်… အပြုံးနည်းပြီး သူတို့ရဲ့ အသံအနိမ့်အမြင့် ခဏခဏပြောင်းနေတာကို သင်သတိထားမိလိမ့်မယ်။ သူတို့က လက်ပိုက်ထားပြီး ထုတ်မပြောချင်တဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားလိမ့်မယ်။ တချို့လူတွေကတော့ သူတို့လက်မှာ ကိုင်ထားတဲ့ တစ်ခုခု ဒါမှမဟုတ် မျက်နှာ၊ နှာခေါင်း၊ နားရွက်၊ စတဲ့အရာတွေကို ကိုင်လိုက်ဆော့လိုက် လုပ်တဲ့ အကျင့်ရှိကြပါတယ်။

 ၄။ လိမ်တဲ့သူတွေက သင်မမေးတဲ့ အချက်အလက်တွေကိုလည်း ထပ်ပြီး ပြောတတ်ကြတယ်။ ပိုပြီးပြောနိုင်လေ သင်ယုံကြည်မယ်ဆိုတဲ့ စိတ်နဲ့ဖြည့်စွတ်ပြောတဲ့ သဘောပါပဲ။

 ၅။ မုသာပြောနေတဲ့သူတွေက သူတို့ကိုယ် သူတို့ကာကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ သင့်ရဲ့စိတ်အာရုံကို အခြားရောက်အောင် ကြိုးစားပြီးတော့ သူတို့အပြစ်မရှိပဲ မေးခွန်း ခဏခဏထုတ်မေးတဲ့အတွက် စိတ်ဆိုးလာလိမ့်မယ်။ အမှန်ပြောတဲ့သူကတော့ ဆန့်ကျင်ဘက်ပုံစံနဲ့ကြိုးစားပြီး သင်တို့ နှစ်ယောက်တိုက်ခိုက်ကြမယ့်ပုံစံမျိုးနဲ့  မခံမရပ်နိုင်ဖြစ်လိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top