ရန်ပွဲအပြီး နှစ်နှစ်ကြာမှာ သီချင်းအတူလုပ်နေပြီဖြစ်တဲ့ Drake နဲ့ Chris Brown
၂၀၁၂ခုနှစ်အတွင်း ကလပ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအပြီး Drake နဲ့ Chris Brown ခုလို စတူဒီယိုမှာ သီချင်းအတူပြန်လုပ်ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ခဲ့မိမှာ မဟုတ်ပါဘူး။ ရီဟားနားကြောင့် သူတို့နှစ်ဦး WIP နိုက်ကလပ်မှာ ရန်အကြီး အကျယ်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီရန်ပွဲအတွက် နှစ်ဦးစလုံးဟာ ပေးလျော်မှုတွေ လုပ်ခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်တုန်းက Drake က ရီဟားနားရဲ့ သူငယ်ချင်းကောင်းအဖြစ် ရှိနေပေးချိန်မှာ Chris Brown ကတော့ ရီဟားနားကို ရိုက်နှက်တာတွေ ရှိခဲ့တဲ့အတွက် သူတို့နှစ်ဦးကြား တင်းမာမှုတစ်ခုကနေ ရန်ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားတာလို့ ပြောရမှာပါ။
ခုချိန်ပြန်တွေးကြည့်ရင်တော့ သီချင်းတစ်ပုဒ်အတူ ပြန်လုပ်ဖို့ ကြားထဲမှာ နှစ်နှစ်တောင် အချိန်ပေးခဲ့ပြီးပြီပဲ၊ မထူးဆန်းပါဘူးလို့ ထင်ဖွယ်ရာရှိတာပေါ့။ ခု Chris Brown ရဲ့ နောက်အခွေသစ်မှာ နာမည်ကြီးရက်ပ်ပါဖြစ်တဲ့ Drake ကို ပါဝင်သီဆိုပေးချင်တာကလည်း မထူးဆန်းပါဘူး။ သေချာတာကတော့ သူတို့နှစ်ဦးဟာ ကိုယ့်စတိုင်လ်နဲ့ကိုယ်၊ ကိုယ့်အထာနဲ့ကိုယ် သွားမှာပါပဲ။ သီချင်းကိုလည်း ကိုယ့်စိတ်ကြိုက်ဖန်တီးကြမှာပဲဆိုတာ သေချာနေပါတယ်။ ခုလို သီချင်းတွဲလုပ်တာကိုလည်း ဒီသီချင်းကနေ နှစ်ဦးသားပြန်အဆင်ပြေပြီး တွဲသွားတွဲလာလုပ်တဲ့အခြေအနေထိ ရောက်လိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ နှစ်ဦးစလုံးဟာ ငွေကြေးအတွက် အလုပ်တစ်ခုကို တွဲလုပ်တာလောက်ပဲလို့ အားလုံးသိ ခန့်မှန်းနေကြပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...