ကမ္ဘာ့ဖလား ဘောလုံးပွဲများမှ လူအများ စိတ်ဝင်စားခံရတဲ့ ဘယ်လ်ဂျီယံ အသင်းရဲ့ ပရိသတ် မိန်းမပျို တစ်ဦးကို နာမည်ကြီး အလှကုန် ဖြစ်တဲ့ L’ Oreal ကနေ မော်ဒယ်လ် အဖြစ် ကမ်းလှမ်းခံရတဲ့ အတွက် ယမန်နေ့က မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် ယနေ့ထွက်လာတဲ့ သတင်းများ အရ အဆိုပါ မိန်းကလေးရဲ့ ဖေ့စ်ဘုတ်ခ်မှ ဓါတ်ပုံများအရ သူမကို မော်ဒယ်လ်အဖြစ် ကမ်းလှမ်းထားခြင်းဟာ မထိုက်တန်ဘူး ဆိုပြီး L’Oreal ဘက်က ကမ်းလှမ်းမှုကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ အမဲလိုက်ကစားနည်းကို အင်မတန် ၀ါသနာပါသူ ဖြစ်ပြီး သူမရဲ့ ဖေ့စ်ဘွခ် ဓါတ်ပုံ တစ်ပုံမှာတော့ သွေးထွက်နေတဲ့ တောင်ဆိတ်အကောင်ကြီးရဲ့ ဘေးမှာ ရိုင်ဖယ်ကိုင်ပြီး ပြုံးလျက် ပို့စ်ပေးနေတဲ့ သူမရဲ့ ဓါတ်ပုံက သူမဟာ အများအားကျလောက်တဲ့ မော်ဒယ်လ်တစ်ဦး မဖြစ်ထိုက်ဘူးဆိုတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။
အဆိုပါ ဓါတ်ပုံကိုတော့ လူမှုကွန်ယက် ၀ဘ်ဆိုဒ်များမှာ အခုလို ခေါင်းစဉ်တပ်ပြီး ဝေဖန်ထားကြပါတယ်။ အသေပဲ ဖမ်းဖမ်း၊ အရှင်ပဲ ဖမ်းဖမ်း အမဲလိုက်တာကတော့ အမဲလိုက်တာပဲ။ အမဲလိုက်တယ်ဆိုတဲ့ အချက်က ပိုအရေးကြီးတဲ့ အချက် ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
ဒါ့ကြောင့် တိရစ္ဆာန် တွေနဲ့ ပတ်သတ်ပြီး သနားကြင်နာဖို့ အားထုတ်ကြိုးပမ်းနေတဲ့ L’Oreal အတွက်တော့ သူမကို မော်ဒယ်လ် အဖြစ် ကမ်းလှမ်းချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ L’Oreal ကုမ္ပဏီဟာ သူတို့ရဲ့ အလှကုန် ပစ္စည်းများကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှု ပြုလုပ်ခြင်း မရှိဘဲ ယင်းကဲ့သို့ စမ်းသပ်ပြုလုပ်မှုများကို လျှော့ချဖို့အတွက် အစွမ်းကုန် လှုံဆော်ခဲ့ပြီး ၂၀၁၂ုခုနှစ်အတွင်း အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ထံကိုလည်း ဒေါ်လာ ၁ ဒဿမ ၂ မီလီယံလှူဒါန်းခဲ့ပြီး အန္တရာယ်ကင်းရှင်းသော ဓါတုပစ္စည်းများ ဖြစ်စေရန် စမ်းသပ်မှုများ ပြုလုပ်ရာတွင် တိုးမြှင့် ဆောင်ရွက်နိုင်စေဖို့ ရည်စူးခဲ့တယ်လို့ သိရပါတယ်။ ယခုလို ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေတဲ့ L’ Oreal အတွက် ဘယ်လ်ဂျီယံ မော်ဒယ်လ်ရဲ့ ၀ါသနာက လုံးဝဆန့်ကျင်ဘက် ဖြစ်နေကာ အခုလို စာချုပ်ချုပ်ဆိုထားခြင်းကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်တယ်လို့ L’ Oreal ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
Credit : World Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။