iMyanmarHouse.com - Best Property Website for Myanmar
×

ညှို့အားပြင်းလွန်းလှတဲ့ အနုပညာရှင်တွေထဲမှာ Megan Fox ဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ကလေးနှစ်ယောက်ရဲ့ မိခင်လို့ ထင်ရက်စရာမရှိလောက်အောင် ဆက်စီကျလွန်းတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ သွင်ပြင်နဲ့ အမြဲတွေ့နေရတဲ့ သူမက မိန်းမတိုင်းကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိတဲ့သူတွေ ဖြစ်စေချင်သလို ဆက်စီကျကျနေတတ်စေချင်တယ်လို့ ဆိုသွားပါတယ်။

"အမျိုးသမီးတွေဟာ စိတ်ဓာတ်တွေကျပြီး ဖြတ်ကတတ်ဆန်း မနေစေချင်ဘူး။ ဆက်စီကျဖို့ကိုလည်း အထူးတလည် ကြိုးစားနေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်၊ တစ်ခုခုဆိုရင် ခံနိုင်ရည်စွမ်းအား မြင့်မားအောင် ကြိုးစားထားမယ်၊ နောက်ပြီး ကိုယ့်ဆီမှာ ပါဝါတစ်ခုခုရှိနေသလိုကို နေထိုင်တတ်ရမယ်။ ဒါဆိုရင် အမျိုးသားတွေဟာ ကိုယ့်ကိုဒူးထောက်လာကြမှာပဲ"လို့ သူမက Cosmopolitan မဂ္ဂဇင်းမှာ ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် အနုပညာအသိုင်းအ၀ိုင်းထဲက ဆက်စီကျတယ်လို့ သူမခံစားမိတဲ့ အနုပညာရှင်က ဘယ်သူဖြစ်မလဲရယ်လို့ မေးကြည့်တဲ့အခါမှာတော့ သူမက "Ellen DeGeneres က ဆက်စီကျတယ်လို့ ကျွန်မတော့ ထင်တာပဲ။ သူ့ပြောပုံဆိုပုံ အထူးသဖြင့် သူပြောတဲ့ဟာသတွေကကို ဆွဲဆောင်မှုရှိနေတာ"တဲ့။

Megan Fox ဟာ အသက် ၁၆၊ ၁၇နှစ်လောက်တုန်းက မိခင်တားမြစ်ထားတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းမျိုးတွေ ခိုးဖတ်ခဲ့ပြီး အမျိုးသမီးတွေအတွက် သိသင့်တဲ့ လျှို့ဝှက်ချက်တွေကို တော်တော်လေး သိနားလည်ခဲ့ရတယ်လို့လည်း Cosmopolitan မှာ ပြောသွားပါသေးတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top