iMyanmarHouse.com - Best Property Website for Myanmar
×














မြန်မာနိုင်ငံရဲ့  Talents& Models Agency သင်တန်းကြီးကို ဖွင့်လှစ် တည်ထောင်ထားသူ တစ်ဦး ဖြစ်ပြီး  မြန်မာနိုင်ငံထဲမှာရှိတဲ့ Miss များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ တင်မိုးလွင်ကို miss myanmar international နဲ့ပတ်သက်ပြီး သိချင်တာတွေကို မေးဖြစ်ခဲ့သလို၊ မော်ဒယ်လ်ဘဝမှာ ကောင်းမွန်စွာ ဘယ်လိုရပ်တည်သွားသင့်တယ် ဆိုတာကိုတော့

Miss Myanmar International ၂၀၁၄ပွဲလုပ်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်း သိပါရစေ။

              ဒီပွဲလေး လုပ်ဖြစ်တာကတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ က ပြုလုပ်တာဖြစ်ပါတယ်။ တကယ်လည်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ အဖွဲ့အစည်း တွေထဲကမှ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ခရီးသွား လှုပ်ရှားမှုမှာတင် မကပဲ ပြည်ပမှာရှိတဲ့ ခရီးသွားလှုပ်ရှားမှုတွေမှာပါပါဝင်ပြီးတော့ ရှေ့တန်းနေရာက ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီတော့ ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ သွားလာတဲ့အခါ နိုင်ငံတကာရဲ့ပွဲတွေ၊ ကုန်စည်ပြပွဲတွေ ရင်ဘောင်တန်းနေတာထက် ပြည်တွင်းရဲ့ အလှမယ်တွေကို ခေါ်ဆောင် သွားပြီးတော့လည်း ရွေးထုတ်ခေါ်ဆောင် သွားမယ်ဆိုတဲ့ အိုင်ဒီယာရသွားတာပေါ့။ Miss International Myanmar ပွဲကတော့ ပထမဆုံးအနေနဲ့ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒီပြိုင်ပွဲအပေါ်ရဲ့ သုံးသပ်ချက်ကို ပြောပြရမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးရဲ့ ခရီးသွားလုပ်ငန်းရဲ့ အတိုင်းအတာကိုလှုပ်ရှား ဆောင်ရွက်မှုတွေမှာအရေးပါတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်တယ်လို့ မမိုးသိရပါတယ်။

Miss International Myanmar ပြိုင်ပွဲကိုကျင်းပမယ့်အချိန်လေးသိပါရစေ။

              သြဂုတ်လ ၁၇ရက်နေ့မှာ ကျင်းပမှာပါ။ ပြိုင်ပွဲဝင်လျှောက်လွှာတွေထဲကမှ အဆင့်ဆင့် ရွေးချယ်သွားမယ်။ ပြီးရင် လူတွေ့စစ်ဆေးပါမယ်။ လူတွေ့စစ်ဆေးတဲ့အခါမှာ သူတို့ရဲ့background ၊အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံချက်တွေ ၊ မှတ်ပုံတင် မူရင်း၊ မိတ္ထုအကုန်တွဲတင် ရတာပေါ့။ ပြီးမှ ကန့်ကို စဝင်ရတာပေါ့။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစုကနေ Miss တွေကို ပါဝင်လှုပ်ရှားခိုင်းတဲ့ အကြောင်းအရင်းကိုသိပါရစေ။

              ဒီလိုမျိုး လှုပ်ရှားနေတယ်ဆိုတာက ငြိမ်သက်နေတယ်ဆိုတာထက် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေကို ပိုမိုပြီးတော့ အရှိန်အဟုန်ပြင်းစွာနဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ထဲမှာ ဒီလိုနိုင်ငံကြီးသားတွေပါဝင်နေတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ သူတို့လေးတွေဟာ တစ်ချိန် အနာဂတ်မှာနိုင်ငံကိုဦးဆောင်မယ့် နိုင်ငံရဲ့ အညွန့်အဖူးတွေလေ။ သူတို့က ဒီခရီးသွားလုပ်ငန်းစု ကဏ္ဍကြီးမှာ ဒီအရွယ်လေးတွေနဲ့ စပါနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သက်ရောက်ပါတယ်။

Miss International Myanmar ၂၀၁၄ကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့miss တွေအပေါ်မှာ ဘယ်လောက်ထိမမိုးမျှော်လင့်ထားပါသလဲ။

                 ဟုတ်ကဲ့။ အဓိက ထောင်ထောင်မြည် ဖြစ်စေချင်တာပါ။ နိုင်ငံခြားကို သွားပြီး ဝင်ရောက်ယှဉ်ပြိုင် တဲ့အခါမှာလည်း ဆန်ကာတင်တော့ ဖြစ်စေချင်တာပေါ့နော်။ အသားအရည်၊ ခန္ဓာကိုယ်နှင့် အရပ်အမောင်းရဲ့ ကြံ့ခိုင်မှုကို ကြည့်ရင်လည်း တစ်ခြားနိုင်ငံက ကြည့်နေ စေရမယ်။ စိတ်မဝင်စားဘူးဆိုတာမျိုး မဖြစ်စေရဘူး။ အမြဲသတိထားမိပြီး စိတ်ဝင်တစားနဲ့လိုက် ကြည့်နေရမယ် ပေါ့နော်။ နောက်တစ်ခါ ပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်နေစိတ်ထားအရရော တစ်ခြား ပြိုင်ပွဲဝင်တွေ အကုန်လုံးက ကိုယ့်ကိုလေးစားနေစေရမယ်။ အတွေးအခေါ်၊ယုံကြည်ချက် နဲ့ပတ်သက်လာရင်လည်း တစ်ခြားနိုင်ငံသူတွေကကိုယ်နဲ့ ဆွေးနွေး၊ နှီးနှောဖလှယ်လေ့လာယူ နေရမယ် အဲဒီလိုအရည်အချင်းမျိုးမမိုးက ဖြစ်စေချင်တာ။

မမိုးအနေနဲ့ ဒီလိုနိုင်ငံတကာသွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲအတွက်ဆိုတော့ မမိုးရဲ့Trainer အပိုင်းက တစ်ခြားပွဲတွေထက် မတူညီတဲ့Trainer အပိုင်းမှာ ပိုပြီးဂရုတစိုက်နဲ့ ကြိုးစားအားထုတ်ရပါသလား။

            ဟုတ်ပါတယ်။ အဲဒီ့အတွက်ကြောင့်မို့လို့ Federation အနေနဲ့ မမိုးတို့ကို အချိန်ပိုပေးပြီး သေချာစီစဉ်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ မမိုးရဲ့ဘက်က ပိုလုပ်ပေးနိုင်ပါတယ်။ မမိုးရဲ့အပိုင်းမှ မဟုတ်ပါဘူး။ တစ်ခြားသော လိုအပ်တဲ့ ပညာရှင်တွေကလည်း သင်ကြားပေးနိုင်ပါတယ်။ အဓိကကတော့ သင်ကြားခံနိုင်ဖို့ပဲ လိုတာပေါ့နော်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် Organization တွေအနေနဲ့ ကျတော့လည်း သူတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာ miss တွေရှိနေတော့ သူတို့မှာလည်း သူတို့ စီမံခန့်ခွဲရတဲ့ အပိုင်းတွေရှိတော့ ကျန်တဲ့အပိုင်းတွေကို အများကြီးမလုပ်ပေးနိုင်တာလည်း ရှိပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top