iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ရိန်းသည် ၎င်း ပါဝင်သရုပ်ဆောင်ထားသော ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား The Prince အကြောင်း တွစ်တာ စာမျက်နှာတွင် ထုတ်ဖော်ပြော ကြားလိုက်သည်။

‘‘ဟယ်လို ပရိသတ်ကြီး ပူ ပြင်းတဲ့နွေရာသီမှာ နေလို့ကော ကောင်းကြရဲ့လား။ ကျွန်တော် ပါဝင်သရုပ်ဆောင်ထားတဲ့ The Prince ဇာတ်ကားကို သိပ်မကြာ ခင် အမေရိကန်မှာ ရုံတင်ပြသ တော့မယ်။

ပထမဆုံးအနေနဲ့ ဆွဲ ဆောင်မှုရှိပြီး ရက်စက်တဲ့ လူ သတ်သမားအဖြစ် ကျွန်တော်သ ရုပ်ဆောင်ထားတယ်။ ပါဝင်သ ရုပ်ဆောင်ရတာ နည်းနည်းပါးပါး ဆိုပေမယ့် အစွမ်းကုန် ကြိုးစား ထားပါတယ်။ ကျရာဇာတ်ရုပ်က နေ အကောင်းဆုံးသရုပ်ဆောင် နိုင်တဲ့    သရုပ်ဆောင်မင်းသား ကောင်းတစ်ယောက်  ဖြစ်ချင်ပါ တယ်။ ပရိသတ်ကြီးကလည်း အားပေးပါဦး။ ကျေးဇူးတင်ပါ တယ်’’ ဟု ရိန်းက ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားထား သည်။ The Prince ရုပ်ရှင်ဇာတ် ကားသည် ရိန်းအတွက် စစ်မှု ထမ်းတာဝန်ပြီးနောက် ပထမဆုံး ရိုက်ကူးသော ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ဘရုစ်ဝီလ်လီ၊ ဂျေ ဆင်ပက်ထရစ်၊ ဂျွန်ခရူးဆက်ဖ်၊ 50 cent ၊ ဂျက်စီကာလောင်းစ် နှင့် ရိန်းတို့ ပါဝင်သရုပ်ဆောင် ထားသည်။

ဟောလိဝုဒ်အက်ရှင်ဇာတ် ကား The Prince ကို သြဂုတ်လ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ၌ ရုံတင်ပြသမည်ဖြစ်သည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top