iMyanmarHouse.com - Best Property Website for Myanmar
×









မကြာသေးခင်ကမှ Jai Brooks ဆိုတဲ့ ကောင်းလေးနဲ့ လမ်းခွဲလိုက်တဲ့ အဆိုတော် သရုပ်ဆောင် Ariana Grande ဟာ ခုလက်ရှိ Big Sean နဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလကြောင့် အားလုံးများ အံ့အားသင့်သွားကြမလား။ သူတို့နှစ်ယောက်ဆုံခဲ့ကြတာကတော့ အရင်နှစ်ကတည်းကပါ။ Ariana Grande ရဲ့ Best Mistake ဆိုတဲ့ သီချင်းအတွက် နှစ်ဦးသားသီချင်းအတူ လုပ်ဖြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒီလအစပိုင်းမှာ ဒီအဆိုတော်စုံတွဲကို ရုပ်ရှင်ရုံအတူသွား တွေ့ခဲ့ရပြီး နှစ်ဦးသားအနမ်းပန်းတွေ ခြွေခဲ့တယ်လို့တောင် ပြောတဲ့သူတွေ ရှိလာခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆို Ariana Grande ဟာ Brooks နဲ့ ပြတ်ပြတ်ပြီးချင်း Big Sean နဲ့တွဲလိုက်တဲ့ သဘောပါပဲ။  အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Big Sean ကတော့ Glee မင်းသမီး Naya Rivera နဲ့ စေ့စပ်တာမျိုးရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလက လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။ Naya Rivera ကတော့ လမ်းခွဲပြီးတဲ့အခါ မင်းသား Ryan Dorseyနဲ့ ဒိတ်လုပ်ခဲ့ပြီး သုံးလအကြာမှာ လက်ထပ်သွားခဲ့ပါတယ်။

ကြည့်ရတာတော့ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာ တရားဝင်မဖွင့်ဟသေးရင်တောင် ဖြစ်နိုင်ချေတော်တော်လေး ရှိနေတယ်လို့ ဆိုရမှာပါ။ Ariana Grande ရဲ့ My Everything လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်အခွေဟာ လာမယ့် ၂၆ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ဒီအခွေထဲမှာ single ထွက်ရှိထားပြီးသား Iggy Azalea featuring သီဆိုပေးထားတဲ့ Problem ဆိုတဲ့သီချင်းရယ်၊ Jessi J နဲ့ Nicki Minaj တို့နဲ့ တွဲလုပ်ထားတဲ့ Bang Bang ဆိုတဲ့ သီချင်းတွေ ပါဝင်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top