iMyanmarHouse.com - Best Property Website for Myanmar
×














သရုပ်ဆောင်ရာတွင် ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်လာနိုင်တဲ့အပြင် အနုပညာသက်တမ်းလည်း တော်တော်လေးရလာပြီဖြစ်တဲ့ အေးမြတ်သူဟာ ခုနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှု နည်းလာတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အေးမြတ်သူကတော့ “ဟုတ်ပါတယ်။ အပြင်ရှိုးတွေ၊ ပရိုမိုးရှင်းတွေနဲ့ နယ်တွေမှာ သီချင်းဆိုတာတွေ လုပ်ဖြစ်နေလို့ပါ။ ကားရိုက်ကတော့ အမြဲမဟုတ်တောင် ပုံမှန်တော့ ရိုက်ဖြစ်ပါတယ်။ ဒီကြားထဲ ရုပ်သံဇာတ်လမ်း ရိုက်ဖြစ်တယ်။ ဗီဒီယိုလည်း ရိုက်ဖြစ်ပါတယ်။ ညီမကလည်း ကိုယ်ပုံမှန်နေတတ်တာကလွဲရင် သိပ်ပြီး ထဲထဲဝင်ဝင် မရှိတော့ အလုပ်လုပ်တဲ့လူတွေနဲ့ သိပ်ပြီး ရင်းနှီးမှုမရှိဘူး။”လို့ ဆိုပါတယ်။

သူမဟာ အနုပညာနဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်အတိုင်း ဖြစ်ချင်တာကိုဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဝင်လာခဲ့သူပါ။ အဲ့ဒီအခြေအနေကိုလည်း “အပျော်စိတ် ကလေးနဲ့ လုပ်နေတဲ့ အနုပညာဖြစ်ပေမယ့် ပျော်စေပျက်စေ လုပ်နေတာမျိုးတော့ မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးနေတယ်။  ပေါ့ပေါ့ဆဆ မလုပ်တတ်ဘူး။ ကိုယ့်ကိုလက်ခံတယ် လက်မခံဘူးဆိုတာထက် လက်ခံစေချင်တဲ့ ရည်ရွယ်ချက်နဲ့  ဘာပဲလုပ်လုပ် ကောင်းအောင်လုပ်တယ်။ ကိုယ့်ကိုကိုယ် မင်းသမီးလို့ မြင်တာထက် အနုပညာရှင်တစ်ယောက်လို့မြင်တာကို ပိုပြီးသဘောကျတယ်။ မင်းသမီးလို လှလှပပ မမြင်ရရင်နေပါစေ။ ပရိသတ်က သရုပ်ဆောင်ကောင်းတယ်လို့ ပြောကြတာကိုပဲ ကျေကျေနပ်နပ် ခံယူချင်တယ်။” လို့ သူမက ဖွင့်ဟသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top