iMyanmarHouse.com - Best Property Website for Myanmar
×

ခင်ပွန်းသည်၏ ကျန်းမာရေးအတွက် အချိန်ပေး ဂရုစိုက်လိုသောကြောင့် အာရှတိုက်သို့ သွားရောက်ဖျော်ဖြေမည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဆီလင်းဒီယွန်က ကြေညာခဲ့သည်။

ဒီယွန်၏ ခင်ပွန်းဖြစ်သူ ရင်းန်အန်ဂျလီသည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလက လည်ချောင်းရှိ ကင်ဆာကြိတ် တစ်ခုကို ခွဲစိတ်ဖယ်ထုတ် ကုသမှု ခံယူခဲ့ရသည်။ ၎င်း၏ ကျန်းမာရေး တိုးတက် ကောင်းမွန်လာအောင် စောင့်ရှောက်လိုသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဒီယွန်က ပရိသတ်များထံ အသိပေးပြီး တောင်းပန်စကား ပြောကြားခဲ့သည်။

“ကျွန်မအနေနဲ့ ရှိသမျှ စွမ်းအင်ရဲ့ တစ်အောင်စလေးတောင် မကျန်အောင် ခင်ပွန်းသည်ရဲ့ ကျန်းမာရေးအတွက် မြှုပ်နှံထားချင်ပါတယ်။ သူ့အတွက်၊ ကျွန်မတို့ရဲ့ ကလေးတွေအတွက် လက်ရှိအချိန်မှာ အပြည့်အဝ အာရုံစူးစိုက်ထားဖို့ အင်မတန် အရေးတကြီး လိုအပ်နေပါတယ်”ဟု ဒီယွန်က သူမ၏ Facebook စာမျက်နှာတွင် ဩဂုတ်(၁၃)ရက်က ရေးသားခဲ့သည်။

My Heart Will Go On စတား အဆိုတော်က “အဆင်မပြေမှုတွေ ကြုံစေခဲ့တဲ့အတွက် ကျွန်မရဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ချင်ပါတယ်။ ပရိသတ်တွေရဲ့ မေတ္တာတရားနဲ့ ထောက်ခံအားပေးမှုတွေကို ကျွန်မ အမြဲတမ်း ကျေးဇူးတင်နေမှာပါ”ဟုလည်း ဆိုသည်။ အာရှဖျော်ဖြေပွဲ ခရီးစဉ်ကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး တိုကျိုနှင့် မနီလာတို့တွင် ဖျော်ဖြေမည့် အစီအစဉ်များ ကြိုတင် ရေးဆွဲထားခဲ့ပြီး ဖြစ်သည်။

ကနေဒါဖွား ဒီယွန်သည် ဂရမ်မီဆု (၅)ကြိမ် ရရှိထားဖူးသူ ဖြစ်သည်။ ဒီယွန်သည် လည်ချောင်းကြွက်သား ရောင်ရမ်းမှုကြောင့် လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဖျော်ဖြေပွဲများကိုလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top