iMyanmarHouse.com - Best Property Website for Myanmar
×










ဝေဖန်မှုဆိုတာ လောကကြီးမှာဖြစ်နေပျက်နေသော သဘောတရားတခုပါ။ ကိုယ်ဘယ်လိုပင် ရှောင်ကျင်နိုင်အောင်ကြိုးစားကြိုးစား ဝေဖန်ချင်တဲ့သူကတော့ ကိုယ့်နောက်မှာထပ်ချပ်မခွာလိုက်နေဦးမှာပါ။ ဝေဖန်ခံရတာများလာတော့လည်း တခါတခါမှာမွန်းကျပ်လာနိုင်ပြီး ဆုံးဖြတ်ချက်ချရာမှာ အနည်းနဲ့အများဆိုသလို မှားကောင်းမှားနိုင်မှာပါ။

ဘယ်လိုအခြေနေရောက်ရောက် ဝေဖန်ခံရမယ့် အတူတူ ကိုယ့်အပေါ်ဝေဖန်လာမယ့်အရာတွေကို အကောင်းဆုံးဘယ်လိုရင်ဆိုင်တွန်းလှန်မလဲဆိုတာ တချက်စဉ်းစားကြည့်ကြရအောင်။
နောင်တချိန်မှာ ဝေဖန်မှုတွေနဲ့ ကြုံလာခဲ့ရင်အောက်ပါအချက်လေးများကိုထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးရင်ဆိုင်ဖြေရှင်းကြပါစို့။

၁) နေရာတိုင်းမှာ လူတကာအကြိုက်လိုက်လံလုပ်ဆောင်နိုင်ဖို့မလွယ်ကူပါ- ကိုယ်ဘယ်လိုပင်ကောင်းအောင်လုပ်လုပ် လူကြိုက်များသူတဦးဖြစ်နိုင်တယ်ဆိုပေမယ့်
မကောင်းပြောမယ့်သူဆိုတာရှိနေမှာပါ။ ဥပမာအနေနဲ့ပြောရရင် ၀န်ဆောင်မှုလူငန်းတစ်ခုအနေဖြင့် လာသမျှလူတွေကိုစိတ်ကျေနပ်မှုပြည့်ဝအောင်ပေးဖို့ဆိုတာ ၀န်ဆောင်မှုပေးသူနှင့်ထိုဝန်ဆောင်ပေးသောလုပ်ငန်းပေါ်မှာမူတည်တယ်လို့ဆိုရပေမယ့် လူ့အကြိုက်ကိုနတ်မလိုက်နိုင်ဆိုသလို တစ်ဦးတစ်ယောက်ခြင်း ၁၀၀%စိတ်ကျေနပ်မှုရဖို့ဆိုတာ အလွန်တရာခက်ခဲလှပါတယ်။ လာတဲ့သူတွေရဲ့ လူနေမှုစရိုက်၊မျှော်လင့်ချက်အလိုက် ကွဲပြားသောသတ်မှတ်ချက်ဆိုတာရှိနေမှာပါ။
လုပ်ငန်းတစ်ခုအနေနဲ့သတ်မှတ်ထားတဲ့ အကောင်းဆုံးဝန်ဆောင်မှုဆိုတဲ့ အရည်အသွေးကိုထိန်းသိမ်းထားနိုင်ရင်တောင် မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုတဲ့သူတွေ နဲ့ကြုံလာတဲ့အခါမဖြည့်စွက်နိုင်ခဲ့ရင် ဝေဖန်မှုဆိုတာကြုံလာရမှာပါ။

၂) ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်လို့မတွေးမိပါစေနဲ့- အပြောလောက် လက်တွေ့လုပ်ဆောင်ရာမှာမလွယ်ကူနိုင်ပါ။ ဝေဖန်ခံရခြင်း၏ အကျိုးဆက်မှာမိမိ၏ ကိုယ်ရေးကိုယ်သွေးကို ကျဆင်းအောင်ပြုလုပ်သည်ဟု မခံယူမိလိုက်ပါစေနှင့်။ အများသောအားဖြင့်ဝေဖန်သူများ၏အတွေးထဲမှာ ကျွန်တော်တို့ လုပ်ဆောင်ချက်များ သူတို့၏အကြိုက်ကိုမဖြည့်စွမ်းနိုင်သောကြောင့်သာဖြစ်သည်။ သူတို့ပြောဆိုတိုက်ခိုက်လာသောစကားကြောင့် စိတ်အနှောင့်အယှက်မဖြစ်
အောင်ကြိုတင်ပြင်ဆင်ထားပါ။

၃) ဝေဖန်သူတွေရဲ့စကားလုံးတွေထဲက ကိုယ့်အတွက်ဘာများလေ့လာစရာရှိမလဲဆိုတာဆန်းစစ်ကြည့်ပါ- တခါတရံမှာ ကိုယ့်အကြာင်းတခြားတယောက် မဟုတ်တန်းတရားပြောဆိုတဲ့ အခါဘာများမှန်တာပါမလဲ ဆိုတာသုံးသပ်ကြည့်ပါ။ အပိုစာသား အတင်းများသာဖြစ်ဖို့များပေမယ့် အချက်အလက်များကိုရနိုင် သလောက်နှိုက်ယူပါ။ ထိုမှတဆင့်အမှန်တရားအတွက်ရင်ဆိုင်တဲ့အခါ ကောင်းကျိုး၊ဆိုးကျိုးကို ဝေခွဲကာ အချက်ကျကျပြန်လည်တုန့်ပြန်နိုင်မှာပါ။

၎) ဝေဖန်သူကို ပြန်လည်မဝေဖန်ပါနှင့်- ဝေဖန်ရန်နည်းမျိုးစုံရှာဖွေဝေဖန်သူကို ပြန်လည်ဝေဖန်ရန်ကြိုးစားပါက အချိန်ကုန် စိတ်ပင်ပန်းရုံသာရှိမှာပါ။

၅) အငြင်းအခုံလုပ်ခြင်းကို ရှောင်ကျင်ပါ- တခါတရံမှာ ကိုယ်ပြောတာအမှန် သူပြောတာအမှားဆိုပြီး လူ့သဘောသဘာဝ အရအပြန်အလန် ငြင်းခုံတတ်ကြ ပါတယ်။ ငြင်းနေရုံနဲ့တော့ ပြသနာတခုကိုဖြေရှင်းရာမှာထိရောက်မှုရှိမှာမဟုတ်ပါ။ လိုအပ်နေသူကို သဘောထားကြီးစွာဖြည့်တွေးပေးလိုက်ပါ။

၆) အဆိုးမြင်သော သူများရှိတယ်ဆိုတာကိုလက်ခံပါ- ဘယ်လိုပင် အကောင်းတရားနားချနေတယ်ဆိုသော်ငြားလည်း အဆိုးမြင်ဝါဒီရှိသူများ ဟာအကောင်း သဘောကိုမဆောင်နိုင်ပဲ သူတို့တွေကိုတဖန်ဝေဖန် အပြစ်ရှာတယ်ဆိုပြီး မှတ်ယူတတ်ကြပါတယ်။

၇) ထိခိုက်နာကျင်အောင်ပြောတတ်သူတွေဟာ တကယ်တော့လက်တွေ့ဘ၀မှာပျှော်ရွှင်ချမ်းမြေ့နေသူများမဟုတ်ပါ- ပြင်းထန်သောဝေဖန်မှု၊ထိခိုက်နစ်နာအောင်
ပြောဆိုတတ်သူများဟာ သူတို့ရဲ့ဘ၀မှာ သာယာမှုနှင့်ကင်းဝေးနေကြသလို စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းအားနည်းနေကြသူများသာဖြစ်ပါတယ်။

ဘယ်ဆီမှာဖေါက်ခွဲရမှာမသိတဲ့ ဒေါသကိုနီးစပ်ရမှာ ပေါက်ကွဲတတ်ကြပါတယ်။ ကြုံလာခဲ့ရင်လည်း အသိဥာဏ်ဖြင့်စောင့်ထိန်းကာ သားကောင်မဖြစ်သွားစေရန်သတိတရားလေးနှင့်ရင်ဆိုင်ကြရအောင်။
ကျွန်တော်တို့အားလုံးမှတ်ယူသင့်သည်မှာ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရယ်မှန်းချက်ပန်းတိုင်မှာ မတူညီနိုင်သလို တခါတရံမှာ သဘောတရားကွဲပြားကောင်းကွဲပြားနိုင်ပါလိမ့်မည်။

ဒါပေမယ့် ဝေဖန်မှုတွေနဲ့ ကြုံလာခဲ့ရင် မိမိယုံကြည်ချက်နှင့် လျှောက်လမ်းနေတဲ့ခရီးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ မယိုင်ထိုးမိပါစေနဲ့။ကောင်းသော၊တိုးတက်စေလိုသောဝေဖန်မှုကို တိုးတက်ရာတိုးတက်ကြောင်းအဖြစ် သင်ခန်းစာအဖြစ်ရယူပြီး ဆိုးသောဝေဖန်မှုတွေကို မေ့လိုက်ပါ။အရေးကြီးဆုံးအနေဖြင့် ကိုယ်သတ်မှတ်ထားသော တန်ဖိုးနှင့်ကိုယ်ယုံကြည်သော အနာဂတ်ကိုသာအကောင်းဆုံးဖြစ်အောင် ပုံဖော် ဖန်တီးကြပါစို့။

Credit : World Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top