iMyanmarHouse.com - Best Property Website for Myanmar
×














သင့် နေ့စဉ် စတိုင်လ်ကို ကောင်းမွန်မှု ရှိအောင်ပြုလုပ်ဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုက တချို့ဆံပင်တွေကို နည်းနည်းကောက်ပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ ဆံပင်ကောက်တံ တစ်ခုတည်းမသုံးပဲ မျိုးမျိုးပြောင်းသုံးမယ်ဆိုရင် အခက်အခဲလေးတော့ ရှိနိုင်တယ်။ သင်မှားယွင်းလုပ်ဆောင်မိတတ်တဲ့ အရာတွေကို ကြည့်ရအောင်။

(၁) မသင့်တော်တဲ့ ကောက်တံကို မှားယွင်းရွေးချယ်မိခြင်း

ကောက်တံတွေမှာ အရွယ်အစားအမျိုးမျိုး ရှိကြတယ်။ သင်ဆံပင်က တိုနေတယ်ဆိုရင် ပတ်လည်အ၀ိုင်း ၁ လက်မရှိတဲ့ ကောက်တံကို သုံးပါ။ ဆံပင်အရှည်ဖြစ်ပြီး အကောက်ကျဲကျဲလေးလိုချင်ရင် အသေးဆုံး ၁.၂၅ (သို့) ၁.၅ ထက်ကြီးတဲ့ ကောက်တံကို သုံးပါ။ ၂ လက်မလောက်ရှိတဲ့ ကောက်တံနဲ့ လုပ်မယ်ဆိုရင် အစွန်းချွန်ချွန် (သို့) ရေလိုင်းလို အတွန့်တွန့်တွေ ရရှိပါလိမ့်မယ်။

(၂) အလုံးအရင်းလိုက် တစ်ခါတည်းကောက်ခြင်း

ဆံပင်က အုံထူပြီး ရှည်နေတယ်ဆိုရင် ညှပ်ဖြင့် နည်းနည်းချင်းစီခွဲပြီး လုပ်သင့်ပါတယ်။ ဒါဟာ ဘယ်နေရာမှာမှ မေ့ကျန်ခဲ့ခြင်းမရှိဘဲ အဆင်ပြေစေမှာဖြစ်ပါတယ်။ အောက်ဆုံးကနေစလုပ်ပြီး တဖြည်းဖြည်းနဲ့ အပေါ်ပိုင်းကို ဆက်လုပ်ရင် ပိုပြီးလွယ်ကူပါတယ်။

(၃) အပူအရမ်းပြင်းသွားခြင်း

ဆံပင် မပျက်စီးအောင် ရေရှည်ထိန်းသိမ်းဖို့ ကောက်တံကို ဆံပင်ကောက်ဖို့ လိုအပ်တဲ့ အတိုင်းအတာလောက်ပဲ အပူပေးပါ။ အမျှင်သေးငယ်ပြီး ပျက်စီးလွယ်တဲ့ ဆံပင်မျိုးဆိုရင် အနိမ့်ဆုံးအပူချိန်ကို ချိန်ပြီး ကောက်သင့်ပါတယ်။ အပူချိန် အဆင့်အမျိုးမျိုး ချိန်ညှိနိုင်တဲ့ ကောက်တံကို ရှာဝယ်မယ်ဆိုရင် သင့်ဆံပင်နဲ့ ကိုက်အောင် အလိုက်သင့် ပြောင်းလဲနိုင်မှာဖြစ်တယ်။ အဖွင့်အပိတ် ခလုတ် လောက်သာရှိတဲ့ ကောက်စက်တွေကို ၀ယ်မသုံးပါနဲ့။ နောက်ပြီး လိုအပ်တာထက် ပိုကြာအောင် ဆံပင်ပေါ်မထားပါနဲ့။ တခါတစ်လေ ၅ မိနစ်ကနေ ၁၀ မိနစ်ဆို ရပါပြီ။ ဆံပင်ထိခိုက်မှု သိပ်မရှိအောင် အပူချိန်ကို လျော့ထားပြီး လိုချင်တဲ့ပုံစံအတိုင်း အကြိမ်ကြိမ်ဆွဲပေးပါ။

(၄) နေရာမှားပြီး ဆွဲမိခြင်း

သင့်မျက်နှာ ကွက်ပြီးပေါ်လွင်အောင် မျက်နှာနဲ့ ဆန့်ကျင်ဘက်နဲ့ အနောက်ဘက်ကို ဆွဲပါ။ ညာဘက်ဆံပင်ကို လုပ်ရင် ညာဘက်ဆီကိုဆွဲပါ။ ဘယ်ဘက်ဆိုရင် ဘယ်ဘက်ကိုပဲ ဆွဲပေးပါ။

(၅) ဆံပင်စိုစိစိုစိ ဖြစ်နေခြင်း

ဆံပင်ကို ရေစိုကြီး ဆွဲရတာ အခြောက်ဆွဲရတာထက် ထိခိုက်မှု ပိုဖြစ်နိုင်ချေရှိတယ်။  အကောက်ဆွဲတဲ့အချိန် နည်းနည်းကလေးရေစို နေတယ်ဆိုရင်တောင် အန္တရာယ်ဖြစ်စေပါလိမ့်မယ်။  ဆံပင်ကို လုံးလုံးခြောက်သွားတဲ့ အထိထားပါ။ ဒါမှမဟုတ် လုံးဝခြောက်သွားအောင် ဒရိုင်ယာနဲ့ မှုတ်ပေးပါ။ တချို့ ကျတော့ လောလောလတ်လတ်ခေါင်းလျော်ပြီး အကောက်ဆွဲလိုက်တာထက် တစ်ရက်လောက်ထားပြီးမှ အကောက်ဆွဲမယ်ဆိုရင် ပိုကောင်းတယ်လို့ မြင်ကောင်းမြင်ကြပါလိမ့်တယ်။ ဒါပေမဲ့ စမ်းလုပ်ကြည့်ပြီးမှသာလျှင် ကိုယ့်အတွက် အသင့်တော်ဆုံးနည်းလမ်းကို သိရှိနိုင်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top