iMyanmarHouse.com - Best Property Website for Myanmar
×














ခေတ်နဲ့ အမှီပြောင်းလဲ တိုးတက်လာတဲ့အထဲမှာ ဖက်ရှင်စတိုင်လ်ကတော့ ထိပ်ဆုံးက အပါအဝင် ပဲဖြစ်ပါလိမ့်မယ်။ အဲဒီလိုပြောင်းလဲတိုးတက်လာတဲ့ ဖက်ရှင်ရေစီးကြောင်းတွေ အများကြီးထဲမှာမှ အခုဆိုရင် မိန်းကလေးတော်တော်များများအသုံးပြုလာတာကို တွေ့ရပြီး ဈေးကွက်ထဲမှာလည်း အရောင်းရဆုံး ဖြစ်နေတာက Extension လို့ခေါ်တဲ့ ဆံပင်ဆက်ခြင်းပါပဲ။

အဖြောင့်ရော၊ အကောက်ရော ရနိုင်တဲ့အပြင်  ဟိုင်းလိုက်ဖောက်ထားတာမျိုးတွေလည်း ရှိတာမို့ ပျိုမေတွေအတွက်တော့ ဆံပင်အပေါ်တစ်လွှာကို လက်နဲ့ လှန်တင်ထားပြီး Extension ဆံပင်ဆက်တဲ့ ထိပ်မှာ ပါတဲ့ ကလစ်ကို အောက်က ဆံသားနဲ့ ညှပ်လိုက်ရင်ကို ရနေပါပြီ။

ရိုးရှင်းတဲ့အပြင် အသုံးပြုရတာ အချိန်ကုန်သက်သာပြီး လိုချင်တဲ့ ဆံပင်အရှည်လည်း ရတာမို့ အသုံးပြုသူအတွက် စိတ်ကျေနပ်စရာပါ။ ဆံပင် Extension ဈေးကွက်ဟာ ၂၀၁၂ခုနှစ်သင်္ကြန် မတိုင်ခင်လောက်ကတည်းက စတင်ခေတ်စာနေခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်း ထသွား၊ ထလာနဲ့ ပွဲတက်တွေပါ အသုံးပြုလာကြတာ ဖြစ်ပါတယ်။

အရောင်ကာလာတွေနဲ့ ပတ်သက်ပြီးတော့ ယုဇနပလာဇာက ကလစ်ကမ္ဘာ၊ ကလစ် နဲ့ ဖန်စီပစ္စည်းအရောင်ဆိုင်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ထက်မြက်ခြယ်ကတော့ “သင်္ကြန်နား ရောက်ရင်တော့ အစိမ်းတို့၊ပန်းရောင်တို့ပါပေါ်တာပေါ့။ အခုဆိုmiss ပြိုင်ပွဲတွေလည်းရှိတော့ တစ်ချို့miss တွေတောင် တပ်ကြတယ်။ ဆံပင်မကောက်တော့ပဲ မြန်မြန်ဆန်ဆန်တပ်လို့ ရတာဆိုတော့ သူတို့အတွက် ပိုအဆင် ပြေတယ်။ ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး၃၀၀၀၊ ၄၅၀၀ရှိတယ်။ ၄၅၀၀ကတော့ အသားပို ကောင်းတယ်။ ဆံသားကလည်း အစစ်အတိုင်းပဲ နူးညံ့မှုရှိတယ်။ သူက ရှုပ်ထွေးလည်းရှင်းရတာ လွယ်တယ်။ ဆီလိမ်းစရာ မလိုဘူး။ လျှော်လို့လည်းရတယ်။ ဆံပင်လျှော်နည်းပါပါတယ်။ ဒါကတော့ ညီမတို့ဆိုင်မှာအရောင်းရဆုံးပါပဲ။ ၉၅၀၀တန်လည်း ရှိသေးတယ်။ သူကတော့ ဈေးကွက်ထဲမှာ သိပ်ပြီးမရောင်းရဘူးပေါ့နော်။ ညီမတို့ဆိုင်မှာလည်း ၃၀၀၀တန်နဲ့ ၄၅၀၀တန်ပဲ ရောင်းပါတယ်”လို့ ပြောပါတယ်။

EXTENSION  ဆံပင်အဆက်ကို အမြဲတမ်းအသုံးပြုနေသူ တစ်ယောက်ဖြစ်တဲ့ သဇင်ဖြူကလည်း  “ညီမရဲ့ဆံပင်က တိုတယ်။ ဆိုင်ကလည်း ပြောပါတယ်။ ညီမလေးဆံပင်က အရမ်းပါးတယ်တဲ့။ ဆံသားသေသွားပြီလို့တောင် ပြောတာ။ အဲဒါနဲ့ အရမ်းစိတ်ပျက်သွားတယ်။ ဆံပင်အရမ်းရှည်ချင် တဲ့သူလေ။ ဆံပင်ကရှည်မလာဘူး။ ခဏခဏညှပ်နေရတော့ ဆံပင်ဆက်လို့ရတာမျိုးလေးပေါ့။ ညီမတို့ကျတော့ ဆံပင်အတု မစွပ်နိုင်ဘူး။ အဲဒီ့တော့ ညှပ်ပြီး စွပ်လို့ရတယ်ဆိုတော့ လုပ်ရတာ လွယ်ကူတယ်လေ။ ဈေးလည်းချိုသာတယ်။ ညီမဝယ်တာ ၃၀၀၀ပေးရတယ်။ ၃၀၀၀ဆိုတာက ဘယ်သူမဆို တတ်နိုင်တယ်လေ။ ပြီးတော့ အဲဒီ့ဆံပင်ထူးခြားတာက အစစ်နဲ့တူတယ်လို့ ပြောကြတယ်။ ညီမဆိုရင် အခုဝယ်တပ်နေတာ ၅ခုလောက်ရှိသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ စည်းကမ်းမရှိတာ လည်းပါတယ်။ ထားချင်သလိုထား။ လုံးထွေးပြီးထားတော့ ရှုပ်ထွေးကုန်ရော။ ဆီတွေနဲ့လည်း မရှင်းဘူးလေ။” လို့ သူမရဲ့အမြင်ကို ထုတ်ပြောသွားပါတယ်။

Extension ဆံပင်ဆက်ခြင်းမှာ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပေမယ့် အားနည်းချက်အနေနဲ့ကတော့ အပူချောင်း ဆွဲလို့မရပါဘူး။ ဆံပင်အစစ်ကို ဖြောင့်စက်နဲ့ ဖြောင့်ရင်း အောက်က ဆက်ထားတဲ့ဆံပင်ကိုပါ သွားပြီးဖြောင့်မိသလိုဖြစ်သွားမယ်ဆိုရင် အဲ့ဒါတွေကို နိုင်လွန်နဲ့ လုပ်ထားတာမို့ မီးကျွမ်းပြီးပြတ်ထွက်ကုန်တာမျိုး ဖြစ်ပါလိမ့်မယ်။ နောက်အားနည်းချက်တစ်ခုက တပ်လေ့တပ်ထမရှိတဲ့ သူတွေအတွက် ကြာကြာတပ်ထားရင် ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top