iMyanmarHouse.com - Best Property Website for Myanmar
×











လူကို ပင်ပန်းနွမ်းနယ်စေတာက
လမ်းခရီးရဲ့အကွာအဝေးကြောင့်မဟုတ်ပါဘူး
သင့်စိတ်ထဲက ညှိုးငယ်ထိုင်းမှိုင်းခြင်းကြောင့်ပါ

လူကို စိတ်ဓာတ်ကျ အားငယ်စေတာက
ရှေ့ဆက်လျှောက်မယ့်လမ်း ကြမ်းတမ်းခက်ခဲလို့မဟုတ်ပါဘူး
သင့်စိတ်ထဲက မိမိကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးခြင်းကြောင့်ပါ

လူကို ဝမ်းနည်းနာကျင်စေတာက
ဘဝ ကံမကောင်းလို့မဟုတ်ပါဘူး
သင့်မျှော်လင့်ချက် ပျောက်ကွယ်ခြင်းကြောင့်ပါ

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့
တစ်နေ့မှာတစ်ခါလောက် ကိုယ့်ကိုယ်ကို ပျော်ရွှင်ခြင်းနဲ့ထိတွေ့ပေးပါ
ဘဝထူးခြားလာတာကို တွေ့ရပါလိမ့်မယ်

ကော်ဖီကောင်းတစ်ခွက် သောက်တာပဲဖြစ်ဖြစ်
စာအုပ်ကောင်းတစ်အုပ် ဖတ်တာပဲဖြစ်ဖြစ်
သီချင်းကောင်းတစ်ပုဒ် နားထောင်တာပဲဖြစ်ဖြစ် ......
ပျော်ရွှင်ခြင်းတွေကို ထိတွေ့ဖန်များလာလေ လောကကြီးကပိုလှလာလေဆိုတာကို တွေ့ရပါလိမ့်မယ်

 နေ့ရက်သစ်မှာ စိတ်ခံစားချက်အသစ်နဲ့ နိုးထနိုင်ကြပါစေ...

 ငါတို့က ပြီးပြည့်စုံပြီး အနာအဆာမရှိသူ မဟုတ်ပါဘူး
ဒါပေမယ့် အဲဒီမပြည့်စုံတဲ့ကိုယ့်ကိုယ်ကို ငါတို့လက်ခံရတယ်
အဖော်မဲ့အထီးကျန်ချိန်မှာ ကိုယ့်ကိုယ့်ကိုနှစ်သိမ့်ဖို့ မမေ့ပါနဲ့
သိမ်ငယ်အားငယ်ချိန်မှာ ကိုယ့်ကိုယ်ကိုနွေးထွေးမှုပေးဖို့ မမေ့ပါနဲ့
နာကျင်ကြေကွဲချိန်မှာ ကိုယ့်ကိုယ်ကိုပွေ့ဖက်ဖို့ မမေ့ပါနဲ့

ဦးနှောက်ခြောက်စိတ်ရှုပ်တယ်ဆိုတာ
ကိုယ်မတော်တဆပြုလုပ်မိတဲ့အမှားနဲ့ ကိုယ့်ကိုယ်ကိုညှင်းပန်းခြင်းတစ်မျိုးပါပဲ

နောင်တရတယ်ဆိုတာ
ကိုယ်မတတ်နိုင်၊ မလုပ်နိုင်ခဲ့တဲ့အရာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးခြင်းတစ်မျိုးပါပဲ
ငါတို့က ပြီးပြည့်စုံပြီး အနာအဆာမရှိသူ မဟုတ်ပါဘူး
အကောင်းဆုံးဖြစ်အောင်တော့ ငါတို့စွမ်းသလောက် ကြိုးစားခဲ့ပြီးပြီ . . .

Credit : 99 sanay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top