iMyanmarHouse.com - Best Property Website for Myanmar
×

Miss Universe Myanmar 2014 ကိုဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး Miss Huawei Myanmar ဆု ရရှိခဲ့သည့် ဂျေနော်သည် Miss Myanmar International 2014 ပြိုင်ပွဲ ကို ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်ရာ တွင်လည်း ဆန်ခါတင်၂ဝ ဦးတွင် ထပ်မံ ပါဝင်ခဲ့ ခြင်းကြောင့် ၎င်း၏ အနုပညာများနှင့် ပက်သက်ပြီး တွေ့ဆုံမေးမြန်း ခဲ့သည်။

မေး။ Miss Myanmar International 2014 ပြိုင်ပွဲကို ထပ်မံ ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ပုံ။

ဖြေ ။ Miss Universe Myanmar ပြိုင်ပွဲ အပြီး ချက်ခြင်း ပင်ပန်းမှန်း သိပေမယ့် အရမ်းပြိုင်ချင်တာ ကြောင့် လာပြိုင်တယ်။ Miss Universe Myanmar အပြီး နားမယ်လို့ စိတ်ကူး ထားပေမယ့် မြန်မာနိုင်ငံမှာ ပထမဆုံး International ပွဲကို တက်ရောက် ခဲ့ရတဲ့ ပွဲကြီးကို အရင်ကတည်း က စိတ်ဝင်စားတာကြောင့် ဝင်ပြိုင်တာပါ။

မေး။ Miss Universe Myanmar မှာ ဘယ်အဆင့်ထိ ရောက်ရှိခဲ့လဲ ။

ဖြေ ။ Miss Universe Myanmar မှာ Top 10 ထိ ပါပြီးတော့ Miss Huawei Myanmar ဆုကို ရခဲ့ပါတယ်။

မေး။ Miss ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်က

ဖြေ ။ ငယ်ငယ်လေး ကတည်းက နော အလှမယ် ကောင်း တစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာ ။ ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ Miss ပြိုင်ပွဲ အခွေတွေ ကြည့် ခဲ့တယ်။ နောရဲ့ အိပ်မက် တခု ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ သူတို့လို Miss ကောင်း တစ်ယောက် ဖြစ်ဖို့ ကြိုးစား နေတာပါ။

မေး။တိုင်းရင်းသူ တစ်ယောက် ဖြစ်တဲ့ အတွက် ပြိုင်ပွဲတွေမှာ အခက်အခဲ ကြုံတွေ့ခဲ့ရလား။

ဖြေ။ ကချင် ပြည်နယ် ကနေ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ချင်တဲ့ အတွက် အချိန်ကို သီးသန့် ပေးပြီး ဒီမှာ လာနေပြီး တော့ ဒီပွဲ တွေ အတွက် ကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ပြီး ဝင်ရောက် ယှဉ်ပြိုင် ရတာပါ။ နောရဲ့ မိဘတွေက ဒီအလုပ်ကို သိပ်အားမပေးဘူး ။အခု နောက်ပိုင်းတော့ သူတို့ နားလည် လာပါတယ် ။ နောက ဖြစ်ချင်တဲ့ ရည်မှန်းချက် အရမ်းများနေတော့ မိသားစု မှာတော့ နည်းနည်း အခက်အခဲလေး ရှိပါတယ်။

မေး။ တိုင်းရင်းသူလည်း ဖြစ် စကားသံလည်း ဝဲတော့ အမေးအဖြေ နေရာမျိုးတွေမှာ စိုးရိမ်စိတ်ဖြစ်မိလား ။

ဖြေ။ တိုင်းရင်းသူတွေ အနေနဲ့ မေးခွန်းတွေ ဖြေရတဲ့ အချိန်မှာ စကားဝဲပေမယ့် သူတို့ နားလည် ပေးပါတယ်။ နယ်က လာတဲ့သူတွေ ပိုပြီး ဂရုစိုက်ပေးတာမျိုး ရှိပါတယ်။ စကားဝဲ တာတော့ သိပ်မစိုးရိမ်ဘူး ။ စိတ်ထဲ မထားဘူး ကိုယ်ဘယ်လောက် လုပ်နိုင်တယ် ဆိုတာမျိုးကိုပဲ ပြချင်တာပါ။

မေး။Miss Myanmar International Organization နဲ့ စာချုပ် ချုပ်ထားတာ ရှိလား။

ဖြေ။ ချုပ်ထားပါတယ်။ ဒီပြိုင်ပွဲ စပြီး ပြီးဆုံးချိန် ကာလ အထိ စာချုပ် ချုပ်ထား ပါတယ်။ အကယ်၍များ Miss ရခဲ့သည် ဖြစ်စေ မရခဲ့သည် ဖြစ်စေ 1st Runner ၊ 2nd Runner ရခဲ့သည် ဆိုရင် နောက်ထပ် စာချုပ် ပြန်ပြီး ချုပ်သွား မယ်လို့ သိရပါတယ်။

မေး။ ကချင်တိုင်းရင်သူ ဖြစ်တော့ ကိုယ့်မွေးရပ်မြေ အတွက် အကျိုးပြုဖို့ စိတ်ကူးထားတာ ရှိလား ။

ဖြေ။ ရှိပါတယ်။ Miss Huawei Myanmar ဆု ရရှိတဲ့ ဆုကြေးထဲက ၂ဝ% ကို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် တွေကို လှူဒါန်းခဲ့တယ်။ နောက်ထပ်လည်း ကချင်ပြည်နယ်မှာ ရှိတဲ့ ငွေကြေး ချို့တဲ့ တဲ့ ကျောင်းသူ ကျောင်းသား တွေ ၊ စစ်ဘေး ဒုက္ခသည်များကို ထပ်မံ လှူဒါန်းဖို့လည်း စဉ်းစား ထားပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top