iMyanmarHouse.com - Best Property Website for Myanmar
×








အမျိုးသားတစ်ယောက်ဟာ ကြံရည်ဖန်ရည်ကောင်းပြီး ငွေရှာကောင်းရုံလောက်နဲ့ေ တာ့
 ယောကျာ်းဂုဏ်ရည် နဲ့ ပြည့်ဝသူရယ်လို့  မဆိုနိုင်လောက်သေးပါဘူး။ အိမ်ထောင်တစ်ခုလုံးကို ဦးစီးဦးဆောင်ပြုရ မယ့် အမျိုးကောင်းသား တစ်ယောက်အနေနဲ့  အသုံး အဖြုန်းမကြမ်းသူ၊ အသောက်အစား-အပျော် အပါး မခုံမင်သူ၊ အဌာရဿ ၁၈-ရပ်လုံး မဟုတ်တောင် ပြောင်းလဲလာတဲ့ ခေတ်ရေ စီးကြောင်းနဲ့ အညီ သိပ္ပအတတ်ကို မညံ့လွန်းသူဖြစ်ကာ၊ စာနာတတ်တဲ့ နှလုံးသားလေး တစ်စုံလည်းရှိဖို့ လိုအပ်ပါတယ်။

အထက်ကဖော်ပြခဲ့သလို အရည်အချင်းတော်တော်များများနဲ့ တော့ကိုက်ညီပါရဲ့ ။ သို့ သော် တစ်ကိုယ် ရည်သန့် ရှင်းမှုအားနည်း ပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ ကိုယ်ဟန်နေထား ပြင်ဆင်မှုမျိုးဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်မလာနိုင်တော့ပါဘူး။

စတိုင်လ်ကျ စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဆိုရင်-
(၁) ဗိုက်ခေါက်ကြီးတွေထူနေရင် အသက်ကြီးတဲ့ပုံပေါ်နေရုံသာမက၊ ဘာဝတ်ဝတ်အချိုးမကျနိုင်ပါ ဘူး။ ရင်အုပ်ကျယ်ကျယ်၊ လက်မောင်းကြွက်သား အဖုအထစ်တွေက အားကိုးချင်စရာလက္ခဏာရ ပ်တွေမို့  လေ့ကျင့်ခဏ်းလုပ်ဖို့  မပျင်းပါနဲ့ ။

(၂) ဆံပင်ပုံစံက ရုပ်ဆိုးသူကိုလှသွားအောင်ပြောင်းလဲပေးနိုင်သလို၊ လှနေတဲ့သူကိုလဲ အကျည်း တန်ေ စနိုင်တာကြောင့် မိမိရုပ် ရည်-မိမိအများဆုံးဝတ်ဆင်လေ့ရှိတဲ့ အ၀တ်အစားဒီဇိုင်း နဲ့  လိုက်ဖ က်တဲ့ဆံပင်ပုံစံမျိုးဖြစ်နေရပါမယ် (ဒါကြောင့် မိမိနဲ့  ကိုက် ညီမှုရှိတဲ့ ဆံသဆိုင်က ဆံပင်ညှပ် ဆရာကို သေသေချာချာ မှတ်သားထားသင့်ပါတယ်)

(၃) “ယောကျာ်းလေးဘဲကွာ…ဒါတွေမလိုပါဘူး” ဆိုတဲ့ အတွေးမှားမျိုးဖြင့် အိမ်ပြင်ထွက်တဲ့အခါ၊ အ၀တ်အစားတွေကို ဖြစ်က တတ်ဆန်း မ၀တ်သင့်ပါဘူး။ လူတစ်ယောက်ရဲ့ အပြင်အဆင်ဟာ သူဘယ်အသိုင်းအ၀ိုင်းကလာတယ်ဆိုတဲ့ ပြယုဂ်တစ်ခု ဖြစ်နေလို့ ပါ။

(၄) တကိုယ်ရည်သန့် ရှင်းမှုအတွက် တစ်နေ့ ၂-ကြိမ်ကျ ရေချိုးသင့်ပါတယ်။ သံပုရာရနံ့ ပါတဲ့ ကိုယ် တိုက်ဆပ်ပြာလေးတွေက အသားအရေကို လန်းဆန်းလတ်ဆတ်ရုံမက ကိုယ်သင်း ရနံ့ ကော င်းမွ န်စေပါတယ် (ကိုယ်နံ့ ဆိုးထွက်ခြင်းက၊ လူ့ ဘောင်အ သိုင်းအ၀ိုင်းမှာ မနှစ်မြို့ စရာဖြ စ်စေတ ယ်လို့ ပါ)

(၅) သန့် ရှင်းသေသပ်စွာညှပ်ထားတဲ့ လက်သည်း/ခြေသည်းလေးတွေကလည်း အမျိုးသားတစ်ေ ယာက် ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။

(၆) အလှကုန်ဈေးကွက်ထဲမှာ အမျိုးသားသီးသန့် သုံး moisturizers(ခေါ်)အသားအရေ အစို ဓာတ်ကိုထိန်းပေးတဲ့ လိုးရှင်းလေး တွေရှိပါတယ်။ အဲဒီလိုးရှင်းလေးတွေက မျက်နှာ နဲ့  လက်ဖ၀ါးေ တွ ခြောက်သွေ့ ကြမ်းတမ်းခြင်းကို သက်သာပျောက်ကင်း စေပါတယ်။ (အထူးသဖြင့် မုတ်ဆိတ်ေ မွှးရိတ်ပြီးတိုင်း သုံးစွဲသင့်တဲ့ ပစ္စည်းကောင်းလေးပါဘဲ)

(၇) ခြောက်သွေ့ တဲ့ နှုတ်ခမ်းတစ်စုံအတွက်၊ natural lip balm(ခေါ်)နှုတ်ခမ်းဆိုးဆေးအဆီိကို သုံးနိုင်ပါတယ်။ ဒီဆိုးဆေးအဆီ က နှုတ်ခမ်းကို ပူရှိန်းရှိန်းလေးခံစားရစေပြီးတော့၊ သဘာဝအေ ရာင်အတိုင်းသာ နှုတ်ခမ်းသားကို စိုစိုထွေးထွေးလေး ဖြစ်နေ မှာပါ။ (အထူးသဖြင့် ဆေးလိပ်-အရက်သောက်သူတွေ သုံးသင့်ပါတယ်)

(၈) “တောင်းမှာအကွပ်၊ လူမှာအ၀တ်” ဆိုသလိုပါဘဲ မြန်မာဝတ်စုံ-အနောက်တိုင်းဝတ်စုံစတဲ့ ဘယ် အ၀တ်အစားမျိုးကိုမဆို ၀တ် ဆင်တဲ့အခါမှာ သေသေသပ်သပ်ဖြစ်နေသင့်ပါတယ် (နံမည်ကျော်တံ ဆိပ်ကောင်းတွေကို ဈေးကြီးကြီးပေးဝယ်ထားပြီး၊ မိမိ နဲ့ လိုက်ဖက်အောင် မ၀တ်ဆင်တတ်ရင် အချည်းနှီးသာဖြစ်စေပါတယ်၊ ဈေးနှုန်းချိုသော်လဲ အချိုးကျစွာဝတ်ဆင်ရတာက သက် တောင့်သ က်သာရှိပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာစေပါတယ်)

(၉) နေကာမျက်မှန်နဲ့  လက်ပတ်နာရီ တို့ အတွက်ကိုတော့ မနှမြောဘဲတတ်နိုင်သလောက် ပစ္စည်းေ ကာင်းလေးတွေသုံးပေးသင့် ပါတယ် (အဲဒီ accessories တွေရွေးသုံးတဲ့အခါမှာ မိမိအသားအေ ရသာ မက၊ မျက်နှာ-မေးရိုး-လက်ကောက်ဝတ်အရွယ်အစား အသေး/အကြီးအလိုက် သင့်တော်လိုက် ဖက်တာကို ရွေးချယ်တတ်မှုကလဲ အရည်အချင်းတစ်ရပ်ပါဘဲ)

(၁၀) ကိုယ်ဟန်အနေအထား၊ စကားပြောဆိုပုံ လေယူလေသိမ်း နဲ့ လက်ဟန်ခြေဟန်တွေက မိမိ ကိုယ် ကိုယုံကြည်မှု အပြည့်ရှိတဲ့ ပုံမျိုးပေါ်နေရပါမယ်။

(၁၁) တစ်ခါသုံး လန်းဆန်းမျက်နှာသစ်ပုဝါကို အိတ်ကပ်ထဲအမြဲဆောင်းထားပြီး၊ နေ့ လည်စာစားပြီး တဲ့အခါ မျက်နှာသုတ်ပေး လိုက်ပါဦး၊ သူ ရဲ့ မွှေးကြိုင်တဲ့ရနံ့ က လူကိုလန်းဆန်းသွားစေတဲ့အပြင် မျက်နှာအသားအရေကိုပါ သန့် ရှင်းစင်ကြယ်သွား စေပါတယ်။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top