iMyanmarHouse.com - Best Property Website for Myanmar
×












ဦးရေပြား နှင့် ဆံပင်တွေက သင့်ကျန်းမာရေးအခြေအနေကို ညွှန်ပြနေတယ်ဆိုရင် သင် အံ့သြမသွားလိုက်ပါနှင့်။ သူတို့ ရဲ့  အ ခြေအနေက သင့်မှာ ဗီတာမင် နှင့် သတ္တု ဓာတ်တွေလိုအပ်နေတာကို သတိပေးနေတာဖြစ်လို့  အောက်ပါအတိုင်း အဖြေ ရှာ ကြည့် လိုက်ကြရအောင်။

ဦးရေပြားခြောက်သွေ့ ၍ ဗောက်ထခြင်း
သင့်ခန္ဓာကိုယ်ထဲမှာ ဇင့်(သွပ်)ဓာတ်ချို့ တဲ့နေလို့ ပါ။ အနီရောင်အသား၊ ဟင်းသီး ဟင်းရွက် ဆီ၊ အဆီများတဲ့ငါး၊ အခွံမာသီးများ ဖြစ်ကြတဲ့ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲ၊ ဗာဒံစေ့၊ သီဟိုစေ့တို့ ကိုစားပေးပါ(ထိုအစေ့အဆံများမှာ ဆားအငံမထည့်ပါနှင့်) ငါြး ကီး ဆီ သို့ မဟုတ်)ဗီတာမင်အီး ဆေးလုံးလေးတွေမှီဝဲပါ။ အငံလျော့စားပါ။
ဆံပင် ထိန်းသိမ်းမှု အနေဖြင့် ဗောက်သေစေပြီးဦးရေပြားယားယံမှိုစွဲခြင်းအတွက် စီမံထား တဲ့ Anti-Dandruff(Itchy Scalp Care) စာတမ်းပါသော ခေါင်းလျော်ရည်ရှမ်ပူကို သုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၂-ကြိမ်ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်ပြီးနောက် ဗီတာ မင် အီး ဆေးလုံးလေးတွေကိုဖောက်၍ ဦးရေပြားထဲထိစိမ့်ဝင်အောင်လိမ်းပါ။ သစ် သားဖြင့်လုပ်ထားတဲ့ ဘီးကိုသာသုံးပါ (ကော်ဘီး၊ ဖိုက်ဘာဘီးတွေကို မသုံးပါနှင့်)

ဆံပင်ကျွတ်ခြင်း
ပျိုပျိုအိုအို အရွယ်အားလုံးဆံပင်ကျွတ်လေ့ရှိကြပါတယ်။ အရွယ်ရောက်သူတစ်ဦးဟာ တစ်နေ့ ကို ပျမ်းမျှ ဆံပင်အချောင်း ၁၅၀ ထိ ကျွတ်ထွက်လေ့ရှိပြီး အသစ်ပြန်ေ ပါက် ပါတယ်။ သို့ သော် မျိုးရိုးဗီဇအရ ထိပ်ပြောင်သူများရှိသလို၊ ကိုယ်ဝန်ဆောင်များ၊ သွေး အားနည်းရောဂါရှိသူများ၊ လည်ပင်းသိုင်းရွိုက် အကျိတ်ပြဿနာရှိသူများမှာ ဆံပင်ကျွတ် တတ်ပါတယ်။
ဒါ့ပြင် ဘိုင်အိုတင်(ခေါ်) ဗီတာမင်B4 ချို့ တဲ့ခြင်းကြောင့် ဆံပင်ကျွတ် ထွက်သလို၊ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဆံပင်ကျွတ်ထွက်တတ်လို့ ၊ ဗီတာမင် B အုပ်စုဓာတ်များကြွယ်ဝတဲ့ ခရု/ဂဏန်း/ပုစွန်/ဂုံးကောင် စတဲ့ အခွံမာရေသတ္တ၀ါများ၊ ဘဲသား/အမဲသား စတဲ့ အနီရောင်အသား၊ အမဲအသည်း၊ ကြက်ဆင်အသည်း၊ ကြက် သား၊ ရေဘ၀ဲ၊ တူနာငါး၊ ငါး သေတ္တာငါး၊ ရေချိုရေငံ ငါးအမျိုးမျိုး၊ တို့ ဟူး၊ လူး/ဆပ်/ဂျုံ စတဲ့ ကောက်နှံစပါး အမျိုးမျိုး၊ နွားနို့ ၊ ချိစ်၊ ဒိန်ချဉ် နှင့် ကြက်ဥ/ဘဲဥ /ငုံးဥ (အနှစ်) တွေ ကို စားပေးပါ။ဆံပင်ထိန်းသိမ်းမှုအနေဖြင့် သခွားသီးဖြင့်ပြုလုပ်ထားေ သာ ခေါင်းေ လျှာ် ရည်ရှမ်ပူသုံး၍ ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် သာ ခေါင်းလျှော်ပါ။
(ဓာတု ပ စ္စည်း ပါဝင်မှုနည်းတဲ့ ရှမ်ပူမျိုးကိုရွေးချယ်ပါ)ခေါင်းလျှော်ပြီးနောက် ရေမခြောက်ခင် အုန်းဆီစစ်စစ် အနည်းငယ်လူးပါ။ ဆံပင်ကို ခပ်ကြမ်းကြမ်းမဖြီးရ။ ဖြစ်နိုင်လျှင် ဆံပင် ကို ကလစ်၊ ကြိုးများနှင့်စည်းနှောင်မထားဘဲ ဖားလျားချပါ။

ဆံပင်များ ကြမ်းတမ်းခြောက်သွေ့ နေခြင်း

ဗီတာမင် A ချို့ တဲ့နေလို့ ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဆံစတွေခြောက်သွေ့  တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မဟုတ်သူ များက ရက်သတ္တတ် ၁-ပတ်လျှင် ကြက်ဥ ၃-လုံးစားပေးပါ။
 လိမ္မော်သီး၊ ကန်စွန်းဥ အ၀ါရောင်၊ မုန်လာဥနီ၊ တရုပ်ဇီးသီးခြောက်၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ မက် မွန်သီး၊ သရက်သီးမှည့်၊ ခရမ်းချဉ်သီး၊ ပန်းငရုပ် ပွ(အချို)၊ ကိုက်လံ၊ ဆလတ်ရွက်၊ ဟင်းနုနယ် ရွက်၊ မုန်ညင်းစိမ်း၊ ပင်စိမ်းရွက်၊ ဗိုစားပဲ သီး၊ ပင်လယ်ငါး၊ နွားနို့ ၊ ငါးကြီးဆီ၊ ကြက် အသည်း(အထူးသဖြင့် ကြက်ဆင် အသ ည်း)၊ အမဲအသည်း၊ ကွေကာအုတ် အကြမ်း တို့ မှာ ဗီတာမင် A ကို လုံလောက် စွာ ရရှိနိုင်ပါတယ်။ ဆံပင်ထိန်းသိမ်းမှု အနေဖြင့် ရှားစောင်းလက်ပပ်ဖြင့်ပြုလုပ် ထားေ သာ ခေါင်းလျှော်ရည်ရှမ်ပူသုံးပြီး ဆံပင်ပေါင်းဆေးသုံးပါ (သို့ မ ဟုတ်) Smoothy ရှမ်ပူအမျိုးအစားကိုရွေးချယ်ပါ။
 ဆံပင်သား ဆိုးရွာမှုအခြေအနေပေါ်မူတည်၍ တစ် လ တစ်ကြိမ်ခန့်  လိုအပ် သလို ဆံပင်ပေါင်းတင်ပေးပါ။ ဆံပင်တွေေ ရမခြောက် ခင် ခေါင်းမဖြီးပါနှင့်။ Hair Coat လိမ်းပါ။

ဦးရေပြား နှင့် ဆံပင်အဆီပြန်ခြင်း
ဦးရေပြားပေါ်ရှိ Sebaceous gland(ခေါ်)အဆီဂလင်းမှ အဆီတွေလိုအပ်တာထက် ပို၍ ထွက် ရှိနေလို့ ပါ။ အဆီအအိမ့် လျော့ စားပါ။ အဆီထုတ်ထားသော နွားနို့ ၊ ဒိန်ချဉ် မျိုးကိုသာသောက်ပါ။ ဓာတုပစ္စည်းအနည်းဆုံးပါတဲ့အားအပျော့ဆုံးရှမ်ပူသုံး၍ ခေါင်းမကြာခဏလျှော်ပေးပါ(သို့ မဟုတ်)ဘေဘီရှမ်ပူ သုံးပါ။
 ခေါင်း မကြခဏလျှော်ခြင်း အားဖြင့် အဆီပြန်တာကို ထိန်းထားနိုင်ပါ တယ်။ သို့ သော် ခေါင်းခဏခဏ မဖြီးပါနှ င့်။ တတ်နိုင်သလောက် အကြိမ်ရေနည်းနိုင်သမျှနည်းအောင် ခေါင်းဖြီးခြင်းက ဦးရြေ ပား ပေါ်မှ အဆီတွေ ယိုစိမ့်ထွက်မလာအောင် အထိုက်အလျောက် ထိန်းထားနိုင် ပါတယ်။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top