iMyanmarHouse.com - Best Property Website for Myanmar
×












သင်ဟာ အိပ်ရတာ နှစ်ခြိုက်တဲ့သူတစ်ယောက်လား ဆိုတာ တစ်ခါမှ တွေးကြည့်ဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တရေးတမောအိပ်လိုက်ခြင်းဟာ ပင်ပန်းနွယ်နယ် နေတာတွေတောင် ပျောက်သွားအောင် စွမ်းဆောင်နိုင်တယ်လို့ သင်ယုံကြည်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ထပ်ဖတ်ကြည့်ပြီး သင်ဟာ အိပ်ရတာ နှစ်ခြိုက်တဲ့သူ၊ အချိန်တိုင်းနီးပါး အိပ်ချင်နေတဲ့သူလားဆိုတာ အတည်ပြုလိုက်ပါ။

၁။သင်ဟာ မနက်အိပ်ယာထချိန် နှိုးစက်ကို ခဏခဏ ပိတ်ပစ်တတ်သူဆိုရင်

၂။အိပ်ယာထရတဲ့အချိန်ဟာ သင့်အတွက် တစ်နေ့တာ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အခက်ခဲဆုံး ဖြစ်နေတယ်ဆိုရင်

၃။တစ်ခါတစ်လေ တစ်ခုခုလုပ်နေရင်းနဲ့တောင် သင်ဟာ အိပ်ငိုက်တတ်သူဆိုရင်

၎။တွေ့တဲ့နေရာမှာ ကောက်အိပ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရတယ်ဆိုရင်

၅။သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံပေါ်တွေမှာ ထိုင်မိရင် အခုချိန် အိပ်များအိပ်လိုက်ရလို့ကတော့ ဆိုတဲ့အတွေးမျိုးတွေးမိတတ်သူဆိုရင်

၆။နိုးလာတဲ့အချိန်မှာလည်းသမ်း၊ ညဘက်အိပ်ရာဝင်ချိန်မှာလည်း သမ်း၊ ဒါတင်မကသေးပါဘူး တစ်နေ့လုံးနီးပါး ခဏခဏ သမ်းနေတတ်သူဆိုရင်

၇။တစ်ခါတစ်လေ လူကြားထဲမှာ၊ ဘတ်စ်ကားပေါ်မှာတောင် အိပ်ငိုက်တတ်သူဆိုရင်

၈။နေ့လည်စာ စားပြီးချိန်ဆို အလုပ်မလုပ်နိုင်အောင်ကို အိပ်ငိုက်တတ်သူဆိုရင်

၉။အိမ်ရောက်တာနဲ့ ဗိုက်ဆာတာတောင် မစားနိုင်ပဲ အိပ်ယာပေါ် တန်းရောက်သွားတတ်သူဆိုရင်

၁၀။အားလပ်ရက်တွေမှာဆိုရင်လည်း အပြင်လျှောက်သွားနေတာမျိုးတွေ မလုပ်ပဲ အိမ်မှာပဲ အိပ်နေတတ်သူဆိုရင်

၁၁။အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေကတောင် သင့်ရဲ့အိပ်ချင်စိတ်ကို ဖြေလျှော့မပေးနိုင်တော့ဘူးဆိုရင်

၁၂။သူများတွေ အားလုံးနိုးနေတဲ့အချိန်၊ ကိစ္စရပ်တစ်ခုခုကြောင့် အားလုံးမအိပ်နိုင်ဖြစ်နေတဲ့အချိန်မျိုးတွေမှာတောင် သင်က အိပ်ပျော်နေတတ်သူဆို၇င်

၁၃။ငယ်ငယ်တုန်းက နေ့လည်နေ့ခင်း အိပ်ချိန်တွေကို တသသဖြစ်ပြီး ပြန်ပြောဆိုနေတတ်သူဆို၇င်

၁၄။တစ်ရက်ကို ၈နာရီထက် ပိုအိပ်တာတောင် အိပ်ရေးမ၀ဘူးလို့ ခံစားနေရပြီဆိုရင်

ကဲ အပေါ်ကအချက်တွေလိုသာ သင်ဟာ အချိန်တိုင်း အိပ်ဖို့တွေးနေပြီဆိုရင်တော့ သင်ဟာ အိပ်စက်ခြင်းကို တန်ဖိုးထားလွန်းသူပါ။ အိပ်နေရရင်ပြီးရောဆိုတဲ့သူပေါ့။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top