iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်ညှပ်ခါနီးတိုင်း ငါဒီဆံပင်ပုံစံနဲ့လိုက်မှလိုက်ပါ့မလား၊ ဒါမှမဟုတ် ငါ့ကို ပေါက်ကရပုံညှပ်ပေးလိုက်ရင် ဒုက္ခပဲ။ အရမ်းတိုတိုကြီး မညှပ်ချင်ဘူးဆိုတာလည်း ဆံပင်ညှပ်ဆရာကို ပြောရတာ မောလာပြီ စသဖြင့် ပူပန်မှုလေးတွေရှိတတ်ကြ ပါတယ်။ ညှပ်ပြီးသွားတော့မှ မညှပ်ခင်ကထက် ပိုရုပ်ဆိုးသွားတာမျိုးတော့ ဘယ်ခံနိုင်ပါ့မလဲနော်။ ဒီတော့ အောက်မှာဖော်ပြပေးမယ့် အချက်ကလေးတွေကို ဆံပင်မညှပ်ခင် သိထားရမှာဖြစ်ပြီး ညှပ်နေတုန်းပါ ဆက်တိုက်လုပ်ဆောင်သွားရ မယ်ဆိုတာ မမေ့လိုက်ပါနဲ့။

၁။ဆံပင်မညှပ်ခင် သေချာကြိုစဉ်းစားပါ။

ဆံပင်ညှပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဘယ်လိုဆံပင်ပုံစံမျိုး ညှပ်ရမလဲဆိုတာ သေချာစဉ်းစားပါ။ ကိုယ်က အမြဲတမ်း ဆံပင်ကို စည်းနှောင်ထားတတ်သူလား၊ ဒါမှမဟုတ် ရင့်ကျက်တဲ့ပုံပေါက်ချင်သူလား၊ ငယ်ငယ်နုနုပုံမျိုးလေး ဖြစ်ချင် တာလား။ မနက်ပိုင်း ခေါင်းလျှော်ပြီးတဲ့အခါ ဒရိုင်ယာမှုတ်ဖို့ အချိန်ဘယ်လောက်ပဲ ပေးနိုင်သလဲ စသဖြင့် အားလုံးကို အသေးစိတ် စဉ်းစားဖို့ လိုပါတယ်။

၂။ကိုယ်သဘောကျတဲ့ အနုပညာရှင်၊ မော်ဒယ်တွေရဲ့ ဆံပင်ပုံစံညှပ်မယ်ဆိုရင် သူတို့ပုံကို ထုတ်ပြီး ဆံပင်ညှပ်ဆရာကို ပြပါ။

အနုပညာရှင်၊ မော်ဒယ်တွေရဲ့ ဆံပင်ပုံစံတွေက အမြဲတမ်းဆန်းသစ်ပြီး သူတို့နဲ့ကြည့်ကောင်းနေတာ မှန်ပေမယ့် ကိုယ်နဲ့အဆင်ပြေချင်မှ ပြေမှာပါ။ ဒါ့ကြောင့် ကိုယ်ကြိုက်တဲ့အနုပညာရှင်တွေရဲ့ ဆံပင်ပုံစံတွေရှိရင် ပုံထုတ်ပြီးသာ ဆံပင်ညှပ်ဆရာဆီကို ယူသွားပါ။ ဟိုရောက်ရင် ကိုယ့်မျက်နှာနဲ့ ဒီဆံပင်ပုံစံ လိုက်ဖက်ပါ့မလားဆိုတာ သူတို့နဲ့ဆွေးနွေးဖို့ လိုပါတယ်။

၃။ဆံပင်ညှပ်ဆရာနဲ့ ဘွတ်ကင်လုပ်သင့်ရင် ကြိုလုပ်ပါ။

တစ်ချို့ဆံပင်ညှပ်ဆိုင်တွေမှာ ဘွတ်ကင်တောင် ကြိုလုပ်ရတဲ့အထိ နာမည်ကြီးတဲ့ ဆံပင်ညှပ်ဆရာတွေရှိပါတယ်။ သူတို့က ကိုယ့်ကိုလှပတဲ့ဆံပင်ပုံစံတစ်ခု ဖန်တီးပေးနိုင်မှာ သေချာရင် ဘွတ်ကင်ကြိုလုပ်သင့် လုပ်လိုက်ပါ။

၎။ညှပ်တော့မယ်ဆိုရင် ဒီ့ထက် နည်းနည်းတိုရင်ရပြီ ဆိုတာမျိုးကြီးပဲ မပြောပါနဲ့။

ဆံပင်ညှပ်တော့မယ်ဆိုရင် ဆံပင်ညှပ်ဆရာကို လက်ကလေးနဲ့ ဒီနားနည်းနည်းတိုပေးပါ ဆိုတာထက် ဘယ်လိုပုံစံဆိုတာကို အတိအကျပြောဖို့ လိုပါတယ်။ နည်းနည်းတိုလိုက်ရင် ရပြီဆိုလို့ကတော့ သူတို့လည်း သူတို့ထင်သလို လိုက်မယ်ထင်တဲ့အတိုင်း ညှပ်ပေးတော့မှာပါ။

၅။လိုအပ်မယ်ထင်ရင် ကိုယ့်အိမ်က အလှုကုန်တွေ သယ်သွားဖို့ ၀န်မလေးပါနဲ့။

ဆံပင်ညှပ်ခါနီး ခေါင်းလျှော်တော့မယ်ဆိုရင် ဆံပင်ညှပ်ဆိုင်က အလှကုန်တွေနဲ့ကိုယ်က တည့်ချင်မှ တည့်မှာပါ။ ကိုယ်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်သုံးမိလိုက်လို့ allergic ဖြစ်တာမျိုးတွေ ဘာတွေ ကြုံဖူးတယ်ဆိုရင်တော့ ကိုယ့်အိမ်က အလှကုန်တွေသာ သယ်သွားလိုက်ပါ။

၆။မကြိုက်ဘူးဆို မကြိုက်ဘူး ဆံပင်ညှပ်ဆရာကို ပွင့်ပွင့်လင်းလင်းပြောပါ။

ဆံပင်ညှပ်နေတုန်း ကိုယ်ပြောတဲ့ ဆံပင်ပုံစံနဲ့ ကွဲပြားစွာ ဆံပင်ညှပ်ဆရာက ညှပ်နေတယ်လို့ ခံစားမိတယ်ဆိုရင် ချက်ချင်းပြောပါ။ သွားပါပြီ ငါ့ဆံပင်လေးတော့ ပျက်ပြီလို့ စိတ်ထဲက တွေးပြီး ပါးစပ်လေးပိတ်မနေပါနဲ့။ ဟာ ဒီလိုမဟုတ်ဘူး။ ကျွန်တော်/ကျွန်မပြောတာတော့ ဘယ်လိုပါ ဆိုပြီး သူ့ကို သေချာပြောပါ။ ဒီလိုမှမဟုတ်ပဲ အားလုံး ညှပ်ပြီးမှ လွဲနေမှန်းသိတယ်ဆိုရင်လည်း လွဲသွားတဲ့အကြောင်း သူ့ကိုပေးသိလိုက်ပါ။

၇။ညှပ်ပြီးသွားတဲ့အခါ ဘယ်လို အလှကုန်တွ၊ ပစ္စည်းတွေ သုံးပြီး ဆံပင်ကို ထိန်းသိမ်းရမယ်ဆိုတဲ့အကြောင်းမေးပါ။

ဆံပင်ညှပ် ပုံသွင်းပေးလိုက်ရင်တော့ အားလုံးရဲ့ဆံပင်ပုံစံတွေက လှနေကြတာချည်းပါပဲ။ အိမ်ရောက်လို့ ကိုယ့်ဘာသာကိုယ် တစ်ခါလောက် ခေါင်းလျှော်လိုက်ရင် ဆံပင်ပုံစံက ပြောင်းသွားသလိုလို၊ ညှပ်ခါစကလို မဟုတ်တော့သလိုလိုနဲ့ အဆင်မပြေတာမျိုးတွေ မကြုံရအောင် ဒီဆံပင်ပုံစံမျိုးရအောင် ဘယ်လိုပုံသွင်းတယ်၊ ဘာတွေလိမ်းပေးသင့်တယ် စသဖြင့် အားလုံးကို မေးပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top