iMyanmarHouse.com - Best Property Website for Myanmar
×









လူတစ်ချို့က ကိုယ့်အပြစ်ကလွတ်အောင်လောက်သာ တွေးပြီး
သူတစ်ပါးကိုတော့ အပြစ်တွေအားလုံးပုံချလေ့ရှိကြတယ်

လူတစ်ချို့က ကိုယ်အဆင်ပြေဖို့အတွက် နည်းမျိုးစုံနဲ့ကာကွယ်တတ်ကြပြီး
သူတစ်ပါး အဆင်ပြေမပြေတာကိုတော့ ထည့်စဉ်းစားလေ့မရှိကြဘူး

လူတစ်ချို့က ကိုယ်ဗိုက်ဝဖို့အတွက်
သူတစ်ပါးပါးစပ်ထဲက ထမင်းလုတ်ကို ပုတ်ချဖို့အတွက်လည်း ၀န်မလေးတတ်ကြဘူး

လူတစ်ချို့က ကိုယ့်နာမည်ကောင်းဖို့အတွက်
သူတစ်ပါးနာမည်ဖျက်ဖို့လည်း ၀န်မလေးတတ်ကြဘူး

လူတစ်ချို့က ကိုယ်ကောင်းစားဖို့အတွက်
လူအများ ကို ဆိုးကျိုးတွေ ပေးဖို့လည်း ၀န်မလေးတတ်ကြဘူး

အရာရာကို သတိနဲ့အသိနဲ့နေပါလေ မိတ်ဆွေ ။

Credit : သက်တန့်ချို

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top