iMyanmarHouse.com - Best Property Website for Myanmar
×

တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ် ဆောင်ထားသည့် ဗီလိန်ဇာတ်ရုပ် ကိုသာ ပရိသတ်များမုန်းစေလို ပြီး ၎င်းအပေါ်တွင် အမြင်မမှား စေလိုကြောင်း လိုင်လာခန်းက ပြောသည်။

‘‘ကျွန်မ ပရိသတ်ရဲ့ချစ်ခင် မှုကိုရတာက အိန္ဒိယမှာပဲရှိသေး တယ်။ အဲဒီလိုပဲ ကိုယ့်ရဲ့မြန်မာ ပရိသတ်ကြီးရဲ့ ချစ်ခင်မှုကိုရဖို့က လည်း အရေးကြီးတယ်။ ပရိသတ် တွေအနေနဲ့ ရုပ်ရှင်သွားကြည့်တဲ့ အချိန်မှာလည်း အန်ဂျလာကာ ရိုက်တာကိုပဲ မုန်းစေချင်တယ်။ အန်ဂျလာအဖြစ် သရုပ်ဆောင်တဲ့ ကျွန်မကို မမုန်းစေချင်ဘူး’’ဟု မြန်မာနိုင်ငံနွယ်ဖွား သရုပ်ဆောင် လိုင်လာခန်း (ခေါ်) စန္ဒာဝင်းက ပြောသည်။

၎င်း၏ အနုပညာသက်တမ်း တစ်လျှောက်တွင် ဗီလိန်အနေ ဖြင့် ပထမဆုံးပါဝင်သရုပ်ဆောင် ထားသည့် ဇာတ်ကားဖြစ်သည်ဟု ဆိုသည်။

တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင် ကို ဩဂုတ် ၁၀ ရက်တွင်ပြုလုပ် ခဲ့သည့် အထူးပွဲ၌ ပထမဆုံး အကြိမ်ကြည့်ရှုခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ဇာတ်ရုပ်နှင့်ပတ်သက်၍ ရာခိုင်နှုန်းပြည့်ကျေနပ်ခဲ့ကြောင်း လိုင်လာခန်းက ပြောသည်။

‘‘ကျွန်မရိုက်ထားတဲ့ကား တွေထဲမှာ   ဒီလို   Negative ကာရိုက်တာတစ်ခုမှ   မပါဘူး။ ပျော်ပျော်ရွှင်ရွှင်ဟာသကားတွေ၊ ဝိညာဉ်ကား၊ စုံထောက်ကားတွေ ပဲရိုက်ဖူးတယ်။ အဲဒါကြောင့် ဒီလို Negative ကာရိုက်တာအပေါ်မှာ ကိုယ်ဘယ်လောက်လုပ်နိုင်တယ် ဆိုတာကို သိခဲ့ရတဲ့အတွက် ကျေ နပ်မှုတွေရပါတယ်’’ဟု ၎င်းက ပြောသည်။

  ထို့အပြင် မြန်မာနိုင်ငံ၌ ဇာတ်ကားများဆက်လက်ရိုက် ကူးရန်အစီအစဉ်ရှိပြီး ဇာတ်ရုပ် ပိုင်းကို အတတ်နိုင်ဆုံး Positive ကာရိုက်တာဖြစ်စေရန်    ရွေးချယ်ရိုက်ကူးသွားမည်ဟု လိုင် လာခန်းက ပြောသည်။

လိုင်လာခန်းသည် အိန္ဒိယ နိုင်ငံတွင်လည်း ရုပ်ရှင်မင်းသမီး တစ်ဦးအဖြစ် ရပ်တည်လျက်ရှိ ကာ ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကား ခုနစ်ကားတွင် ပါဝင်သရုပ်ဆောင် ထားကြောင်း သိရသည်။

မကြာမီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ပြန်၍ ကြော်ငြာ ရိုက်ကူးရန်အစီအစဉ်ရှိပြီး တိုက် ဆိုင်မှုရှိလျှင် ရုပ်ရှင်ရုံတင်ချိန်၌ မြန်မာနိုင်ငံသို့ပြန်လာ၍ ပရိသတ် များနှင့်တွေ့ဆုံမည်ဟု ဆိုသည်။

တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင် ဇာတ်ကားကို ဩဂုတ်လနောက် ဆုံးပတ်တွင် ရုံတင်ပြသမည်ဖြစ် ပြီး ပြေတီဦး၊ မိုးဟေကိုနှင့် လိုင်လာခန်းတို့   အဓိကပါဝင်သရုပ် ဆောင်ထားသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top