အရပ်ပုတဲ့ လေဒီလေးတွေအတွက် အရပ်ရှည်သယောင်ဖြစ်စေမယ့် နည်းလမ်း
သင်က သာမန်မိန်းကလေးတွေနဲ့ယှဉ်ရင် အရပ်အနည်းငယ်ပုတဲ့သူဖြစ်နေမယ်ဆိုရင် တော့ သင်ထင်နေမှာက လူကြားထဲမှာ ဘယ်တော့မှ ထင်ပေါ်မှာမဟုတ်ဘူးလို့ပါ။ ဒီလိုခံစားရရင်တော့ သင့်ရဲ့ ခံစားချက်တွေကိုပြောင်းလဲလိုက်နိုင်မှာက ဖက်ရှင်ကျတဲ့ ၀တ်စားဆင်ယင်မှုပါပဲ။ အရမ်းပုတဲ့ သူတွေကဖက်ရှင်လောကကို စိုးမိုးကြတယ်၊ ချုပ် ကိုင်ကြတယ်လို့လည်း ကမ္ဘာ့အကျော်ကြားဆုံးဖက်ရှင်လောကမှာ ပြောစမှတ်ပြုထား တယ်။
ကဲဒါဆို အရပ်ကလေး မစိုသလောက်လေးပုတဲ့ လေဒီလေးတွေအတွက် အ လန်းဆုံးဖက်ရှင် ဖြစ်စေမယ့် နည်းလမ်းလေးတွေကို အကြံပြုပေးပါရစေ
၁။ သင့်ရဲ့ ခါးကိုသိမ်စေမယ့် ခါးပတ်ပါခပ်မြင့်မြင့် ဘောင်းဘီ၊ စကတ်တွေကို ရွေးချယ် ပြီးတော့ ၀တ်ဆင်ပါ။ ခါးသိမ်စေတဲ့ ဘောင်းဘီခပ်ရှုးရှုးတွေက သင့်ရဲ့ အရပ်ပုနေတယ် ဆိုတဲ့ အတွေးမှားကို ဖျောက်ဖျက်ပေးမှာဖြစ်ပါတယ်။ ပေါင်တံနဲ့ခြေတံလေးတွေကို သွယ်ပြီးရှည်သွားစေတယ်လို့ ခံစားရစေမှာပါ။
၂။သင့်ရဲ့ အရပ်ရှည်သွားစေမယ်လို့ ထင်စေတဲ့ဖက်ရှင်နောက်တစ်မျိုးက အရောင် အသွေးကာလာစုံကို တစ်မျိုးတည်း အပေါ်အောက်ဝတ်ဆင်တာပါပဲ။ အကယ်၍သင်က အပေါ်ပိုင်းကတစ်ရောင် အောက်ပိုင်းကတစ်ရောင် ၀တ်ဆင်လိုက်မယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုအပေါ်အောက်ကို တစ်ပိုင်း တစ်ပိုင်းစီမြင်ရမယ့်အတွက် အရပ်ပုနေတယ်လို့ ထင်မိမှာပါ။ ဒါ့ကြောင့်အပေါ်ပိုင်းအောက်ပိုင်း ၀မ်းဆက်မဟုတ်ရင်တောင် ကာလာ ဆန်းဆန်း ခပ်ဆင်ဆင် အ၀တ်အစားကို အောက်ဘက်နဲ့အလိုက်ဝတ်လိုက်ရင် အရပ် ရှည်သယောင် ဖြစ်သွားစေပါတယ်။
၃။ မှောင်နေတဲ့ အရောင်တွေကို ပဲ ရွေးချယ်ဝတ်ဆင်ပါ။ အမြဲတမ်းချည်းပဲဝတ်ဆင်ဖို့ဆို လိုတာမဟုတ်ပါဘူး။ အနက်ရောင်၊ မီးခိုးရောင်တို့က monochromatic colour တွေ ဖြစ်တဲ့အတွက် သင့်ရဲ့ဘော်ဒီရှိတ်ကို ပိန်ပါးသွားစေတယ်လို့ ခံစားရစေမှာပါ။ သွယ်လျှ လွန်းတဲ့သင့်ရဲ့ခန္ဓာကိုယ်မှာ အပေါ်အောက် black ဖက်ရှင်နဲ့ black heel ဆိုရင်တော့ တကယ့် ဖက်ရှင်မော်ဒယ်တစ် ယောက်အဖြစ်ဖန်တီးပေးနိုင်မှာပါ။
၎။ သင်ဝတ်ဆင်မယ့် ဖိနပ်အရောင်ကိုလည်း ကောင်းကောင်းရွေးတတ်ဖို့လိုပါတယ်။ သင့်က အရပ်နည်းနည်းပုတဲ့ သူမဟုတ်လား။ ဒါဆိုတော့ သာမန်ထက် သင့်ရဲ့ဖိနပ်အ မြင့်ကို မြှင့်ပြီး ပိုးပေးရမယ်လေ။ ရှေးက၀တ်တဲ့ လေဒီရှုးလို ဟိုမရောက် ဒီမရောက် ဒေါက်တွေရှိရင်တော့ စီးဖို့မသင့်တော်တော့ပါဘူး။ ဒိတ်အောက်သွားပါပြီ။ အရပ်ကို မြင့်သွားစေတယ်လို့မဖြစ်တဲ့အပြင် အရပ်ပုသွားစေတဲ့အပြင် ဘေးကလူလည်း ပုလို့ စီးထားပါလားဆိုပြီး သိသာသွားစေမှာမို့ပါ။ ဒီတော့ ခပ်မြင့်မြင့်ခေတ်ပေါ် ဒေါက်ကလေး ကို ရွေးချယ်စီးတတ်ပါစေ။
၅။အကယ်၍ သင့်ရဲ့ ဘောင်းဘီခပ်ရှည်ရှည်က ဖိနပ်အောက်နားထိရောက်အောင် ဖုံး သွားမယ်ဆိုရင် သင့်အရပ်ကိုအတော်သင့်ရုံလောက် ရှည်သွားပါပြီ။ ဒါပေမဲ့လည်း ခေါင်း လောင်းဘောင်းဘီကို အောက်အနားပွပွကြီးတွေကိုတော့ ရှောင်စေချင်ပါတယ်။ ဘာ လို့လည်း ဆိုတော့ အဲဒီဘောင်းဘီတွေက ပုကွကွသဏ္ဍာန်ဖြစ်စေလို့ပါပဲ။
၆။ ပါးလွှာတဲ့ ခါးပတ်တွေကို ရွေးချယ်ပြီးပတ်လိုက်တာက အရပ်ကိုပိုပြီး ရှည်စေပါ တယ်။ ဒီဇိုင်းရှင်းရှင်းလင်းလင်းနဲ့ ကိုယ်ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့်၊ အ၀တ်အစား အ ရောင်နဲ့လိုက်ဖက်နဲ့ခါးပတ်ကို ခါးအထက်ပိုင်းမှာ စနစ်တကျ ပတ်ပေးမယ်ဆိုရင် အရပ် ကို သွယ်လျှသွားစေမှာပါ။
ကဲ ဒီလောက်ဆို အရပ်ပုတယ်ထင်တဲ့ ပျိုမေတွေ ဖက်ရှင်အလန်းစားတွေ တွဲဖက်ဝတ် ပြီးတော့ ယုံကြည်ချက်အပြည်နဲ့ လျှောက်လှမ်းလို့ရပြီလို့ထင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...