iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်အတွက် ဗဟုသုတရစေတဲ့ ဇာတ်ကားမျိုး၊ ပညာပေးဇာတ်ကားမျိုးတွေကိုသာ အရိုက်များတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ဟာ ခုလောလောဆယ် သူငယ်ချင်း ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေတာပါ။  ဒီကားအတွက် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားထားတယ်လို့ သိရပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေ ကြိုက်အောင် ပုံဖော်ရိုက်ကူးနေတယ်လို့ ဆိုတာကြောင့် ဇာတ်ကားအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ “ဒီကားရဲ့ဝတ္ထုက လွန်းထားထား။ ဝတ္ထုရဲ့နာမည်ကတော့ ရင်ချင်းဆက်သူငယ်ချင်း။ အစ်မက ဇာတ်ကားနာမည်ကို သူငယ်ချင်းလို့ပဲပေးထားတယ်။ ဒီကားမှာ ကောင်းပြည့်၊ ခင်ဝင့်ဝါ၊ မိုခမ်းတို့က သရုပ်ဆောင် ထားကြတယ်။ ဒီကားထဲမှာ စပွန်ဆာထားတာ မကောင်းဘူးဆိုတဲ့ image တစ်ခုကိုပေးထားတယ်။ နောက်ပြီး ဒီခေတ်မိန်းကလေးတွေက NGO မှာလုပ်ကြတယ်။ ပွင့်ပွင့်လင်းလင်း လုပ်ခွင့်ရလာတယ်။ နောက်တစ်ခု NGOမှာဆိုရင် အမျိုးသမီးရေးလှုပ်ရှားတဲ့ NGOတွေ ရှိတယ်လေ။ ဒီဇာတ်ကားမှာတော့ မင်းသမီးကအမျိုးသမီး တွေနဲ့ပတ်သက်တဲ့ အရေးဦးစားပေးတဲ့ သင်တန်းတွေ၊ အဲဒီ့သင်တန်းမှာ အမျိုးသမီးတွေ ထက်ထက်မြက်မြက်နဲ့ဘဝကို ရုန်းကန်ရမယ်။ နောက်အမျိုးသမီးတွေ အတွက် ကာကွယ်ပေးတဲ့ ဥပဒေတွေ သင်ပေးတဲ့ သင်တန်းတွေတက်တယ်။ ဒါကြောင့်ကောင်မလေး ကတစ်ခုခုဆိုရင် ကိုယ့်ကို ကိုယ်ယုံကြည်မှုအရမ်းရှိတယ်။ ပြောတတ်၊ဆိုတတ်တယ်ပေါ့နော်။ နောက်ဆုံးသူဖွင့်တဲ့NGO ကျတော့လည်းလူကုန်ကူးတဲ့ပြသနာတွေဖြေရှင်းတဲ့ NGO တွေလုပ်တယ်။ ပြောမယ်ဆိုရင်တော့ အချစ်ကားမှာပဲဒီလက်ရှိဖြစ်ရပ်အခြေအနေမှာရှိတဲ့ ပြောင်းလဲမှုတွေကို ထည့်ရိုက်ထားတာပေါ့။ အဲဒီ့ကားလေးထွက်လာလို့ ပရိသတ်အတွက်ကြည့်တဲ့အခါမှာ ဗဟုသုတတွေအများကြီးရမယ်လို့ ထင်ပါတယ်။” လို့ သူမက ပြောပြပါတယ်။

အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေ ရိုက်လာကြပြီဆိုတော့ အစ်မအနေနဲ့ ဇာတ်လမ်း တွဲတွေအပေါ်မှာ ရိုက်ချင်မိတဲ့ စိတ်ဝင်စား တာမျိုးရှိလားလို့ဆိုတော့ “အစ်မဇာတ်လမ်းတွဲ တွေရိုက်ရတာ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် အစ်မရိုက်ချင်တဲ့ ဇာတ်လမ်းတွဲမျိုးဖြစ်မှ ရိုက်ဖြစ်မှာပါ။ ဇာတ်လမ်းတွဲရိုက်ရ ပြီးရောဆိုပြီးတော့ ရိုက်ချင်စိတ်မရှိဘူး။”လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပါတယ်။

 အစ်မရိုက်ချင်တဲ့ ဇာတ်လမ်းတွဲမျိုးရှိရင် ပြောပြပေးပါဦးလို့ဆိုတော့ “ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဇာတ်လမ်းတွဲမျိုးကို ရိုက်ချင်တယ်။ တစ်ချိန်ချိန်မှာ ရိုက်နိုင်အောင် အစ်မ ကြိုးစားသွားမှာပါ။ အစ်မတို့ကို ရီးယားကားဇာတ်လမ်း တွဲတွေကြည့်ရင် သူတို့သူရဲကောင်းတွေအကြောင်းတွေ ကြည့်ရတယ်။ အစ်မတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆိုရင် ငယ်ငယ်ကတည်းက စိတ်ဝင်စားစရာကောင်းတယ်။ ကလေးဘဝကတည်းက ဖြတ်သန်းမှု အဆင့်ဆင့်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ဆုံး လုပ်ကြံခံထိတဲ့အချိန်အထိ ရုပ်ရှင်ကားတစ်ကားလို အသေးစိတ် အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်တစ်ခု ရိုက်ချင်တာကတော့ ရှစ်လုံးလေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးပါ။ အစ်မနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကားမျိုးတွေ ရိုက်ချင်တယ်။ အဲဒါမျိုးတွေက အသေးစိတ်၊ အနုစိပ်သေချာရိုက်ရတာမျိုးဆိုတော့ အဲဒါမျိုးရိုက်ချင်ပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top