iMyanmarHouse.com - Best Property Website for Myanmar
×











နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ပြောလို့ရတဲ့ မော်ဒယ်လ်မင်းသားချောလေးကောင်းပြည့်ဟာ လတ်တလောမှာ ဒါရိုက်တာဇော်မျိုး (ခရေပုံပြင်) ရိုက်ကူးတဲ့ ဗီဒီယိုကားလေးမှာ မင်းသမီးကနန်းဆုဦးနဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး ဒီကားလေးဟာ သူ့အတွက် နန်းဆုဦးနဲ့ပထမဆုံးစဆုံတဲ့ကားလေးလို့ သိရပါတယ်။

ခုလောလောဆယ်တော့ စိန်ဌေးတိုက်က ထုတ်လုပ်တဲ့ ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ သူက “ ကျွန်တော်စိန်ဌေးနဲ့ရိုက်ဖြစ်တယ်။ တိုက်ကတော့ ညှိပြီးရိုက်ရတာပေါ့နော်။ မကြည်ဖြူနဲ့လဲရိုက်တယ်။ ကာရိုက်တာကိုတော့ ဟိုဖက်ဒီဖက် မတူတဲ့ ကာရိုက်တာတွေ မင်းသမီးတွေညှိပြီး လုပ်ရတာလေးတော့ ရှိတယ်။ တိုက် ၂ တိုက်လုံးကလဲ ကျွန်တော်ရိုက်ချင်တဲ့ကာရိုက်တာ၊ ဇာတ်လမ်း ဇာတ်အိမ်လေးတွေရော၊ သူတို့လိုချင်တဲ့ ဇာတ်အိမ်လေးတွေရော နှစ်ဦးနှစ်ဖက် ညှိပြီးလုပ်ပါတယ်” လို့ သူ့ရဲ့အခြေအနေကို ပြောပြပါတယ်။ မဂ္ဂဇင်း၊ ကြော်ငြာတွေကတစ်ဆင့် ပရိသတ်ရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ ကောင်းပြည့်ဟာ ခုထိလည်း ကြော်ငြာတွေကို လက်ခံရိုက်ကူးပေးနေရဆဲ သူမို့ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း “ကြော်ငြာကတော့ လာငှားကြတယ်ပေါ့နော်။ ကျွန်တော်သရုပ်ဆောင် မလုပ်ခင်ကတည်းကတင် မဂ္ဂဇင်းတွေ၊ဂျာနယ်တွေကတစ်ဆင့် ကျွန်တော့ကို တွေ့ပြီး လာငှားကြတယ်။ ခုနောက်ပိုင်းကျတော့ ကားရိုက်လေးတွေပါ နဲနဲချင်းစီ ရိုက်လာတဲ့အခါမှာ ကုန်ပစ္စည်းနဲ့ပတ်သတ်သူတွေကတင် တစ်ဆင့်တွေ့ပြီး လာငှားကြတယ်ပေါ့နော်။ ကျွန်တော်ကတော့ ဘယ်ဟာကို ၀ါသနာပါတယ် မဟုတ်ဘူး။ အနုပညာနဲ့ပတ်သတ်ရင် အားလုံးကို ကြိုးစားချင်ပါတယ်။ ပရိသတ်အတွက် ဖန်တီးပြချင်ပါတယ်။ သီချင်းဆိုတယ်ဆိုတာကလည်း ပရိသတ်တောင်းဆိုမှုအရရော၊ သီချင်းတွေကို ချစ်တာရောကြောင့် ဆိုဖြစ်တာပါ။ နယ်ရှိုးတွေတော့ လိုကဆိုဖြစ်တယ်။ ဒါပေမယ့် အဆိုတော်အဖြစ် သီးသန့်ရပ်တည်သွားဖို့တောင် စိတ်ကူးမရှိပါဘူး။”လို့ သူက ပြောပါတယ်။

Credit  : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top