iMyanmarHouse.com - Best Property Website for Myanmar
×











အပြင် ရာသီဥတုက အေးမြနေတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်က နွေးထွေး နေစေဖို့ဆိုရင် သင့်ခန္ဓာ ကိုယ်ရဲ့ အပူဓာတ်က အားကောင်းနေမှ အဆင်ပြေ မှာပါ။
တုန်ခိုက်နေအောင် ချမ်းအေးနေတဲ့ အရပ်ဒေသမှာ နေထိုင်ရသူတွေ ဆိုရင် အအေးဒဏ်ကို ရင်ဆိုင်နိုင်ဖို့ အစား အသောက်ရဲ့ အရေးပါပုံကို သိထားဖို့ လိုအပ်ပါတယ်။

၁) ချင်း (ဂျင်း)

ချင်း(ဂျင်း)မှာ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့နဲ့ အပူဓာတ်ကို အားပေးတဲ့ အစွမ်း သတ္တိတွေ ရှိပါတယ်။ အကြောင်းကတော့ ချင်းမှာ အစွမ်းထက် ဒြပ်ပေါင်း နှစ်မျိုးဖြစ်တဲ့ ဂျင်ဂျီရော (Gingerol) နဲ့ လျှိုဂါအော (Shogaol) တွေ ပါဝင် နေတာကြောင့်ပါ။ ချင်း(ဂျင်း)ဟာ ခေါင်းကိုက်ခြင်းနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကိုလည်း သက်သာစေကာ ချင်းပြုတ်ရည် တစ်ခွက်ကို သောက်ပေးပါက ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေး သွားစေ ပါတယ်။

၂) အုန်းဆီ

အုန်းဆီက အဆီဓာတ် ပါဝင်မှုနည်းတဲ့ အစာတော့ မဟုတ်ပါဘူး။ အုန်းဆီ ထမင်းစားဇွန်း တစ်ဇွန်းမှာ ၁၁၇ ကယ်လိုရီနဲ့ အဆီဓာတ် ၁၃.၆ ဂရမ် ပါဝင်နေပါတယ်။ ဒါပေမဲ့ အုန်းဆီမှာ ကိုယ်ခံစွမ်းအား ကောင်းစေခြင်း၊ အနာကျက်နှုန်း မြန်စေခြင်း၊ ကိုယ်အလေးချိန် သိသိသာသာ ကျစေခြင်းစတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေတော့ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် အုန်းဆီစစ်စစ်ကို ဟင်းသီးဟင်းရွက် သုပ်တွေထဲမှာ ထည့်စားရင် ခန္ဓာကိုယ်ကို ပူနွေး စေပါတယ်။ အုန်းဆီကို အများကြီးတော့ မစားသင့်ပါ။

၃) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက်ကို သောက်ပေးတာက ခန္ဓာကိုယ်ကို နွေးထွေး သွားစေပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာပါတဲ့ ကက်တီချင် လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဟာ ပူနွေးစေတဲ့ အာနိသင် ရှိပါတယ်။

Credit : Myawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top