iMyanmarHouse.com - Best Property Website for Myanmar
×

မနေ့ကတော့ Sign of Love ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေ ရင်ထဲနေရာတစ်နေရာ ရရှိခဲ့တဲ့ သရုပ်ဆောင်စိုးနန္ဒာကျော်ရဲ့ မွေးနေ့လေးပါ။ မွေးနေ့မှာ HIV ဂေဟာမှာ အလှူအတန်း ပြုလုပ်မယ့်အပြင်  ကန်တော်ကြီးပတ်လမ်းက White Rice မှာ ညနေ၆နာရီကနေ ၁၀နာရီထိ မွေးနေ့ပွဲလေးလုပ်ဖို့ စီစဉ်ထားပါတယ်လို့ သိရပါတယ်။ မွေးနေ့ရှင် စိုးနန္ဒာကျော်က ပရိသတ်တွေ ချပြစရာရှိတဲ့ လှုပ်ရှားမှုတွေကို “လတ်တလောမှာ တီဗီကြော်ငြာတွေနဲ့ ဗီဒီယိုဇာတ်ကားလေးတွေ ရိုက်ကူးဖြစ်နေပါတယ်။ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ခေါင်းလျှော်ရည်ကြော်ငြာနဲ့ Fair&Lovely ကြော်ငြာလေးတွေ ခုလောလောဆယ်ရိုက်ထားပါတယ်။ ဗီဒီယိုကားအနေနဲ့က ရှေ့မှာ ၁၅၀၀ လုပ်ကြံမှု ဆိုတဲ့ ကားလေးကို မင်းသားကြည်ဇော်ထက် ၊ မ၀ိုင်းစုခိုင်သိန်းတို့နဲ့အတူ ပါဝင် ရိုက်ကူးထားပါတယ်။ အဲ့ဒီကားလေးထဲမှာ ညီမက ကိုကြည်ဇော်ထက်ရဲ့ ချစ်သူနေရာက သရုပ်ဆောင်ရတဲ့ အသတ်ခံရတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။” လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေနဲ့ပတ်သတ်ပြီးတော့လဲ “ညီမဖက်ကတော့ အခွင့်အရေးရသလောက်၊ တတ်နိုင်သလောက်လေးကို အစွမ်းကုန်ကြိုးစားပါတယ်။ ပရိသတ်တွေ အားပေးမှု၊ ဝေဖန်မှုတွေကိုလဲ အမြဲမျှော်လင့်နေပါတယ်။ ပရိသတ်တွေ ဆီက ဘယ်ကားမှာ ဘယ်လိုလေးလုပ်လိုက်ရင် ပိုကောင်းမယ်လို့ပြောတဲ့အခါမျိုးတွေမှာလဲ ညီမဖက်ကနေ အတတ်နိုင်ဆုံး ပြင်ဆင်သွားပါ့မယ်။ ပရိသတ်တွေ ဝေဖန်မှလဲ ညီမလေးအနေနဲ့ အကောင်းဆုံးကြိုးစားလို့ရမှာဖြစ်သလို လိုအပ်ချက်တွေလဲ တတ်နိုင်သလောက် လျော့နည်းမယ်လို့ထင်မိပါတယ်။” လို့ သူမက ပြောပြသွားပါတယ်။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top