iMyanmarHouse.com - Best Property Website for Myanmar
×














၂၀၁၄ အတွက် အနုပညာပျိုးခင်းရဲ့ ဆန်ကာတင် ၁၃ ယောက်ထဲမှာ ပါဝင်ထားတဲ့အပြင် ၁၁ လပိုင်းမှာလည်း ပိုလန်နိုင်ငံမှာ ကျင်းပမဲ့ Miss Supranational ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ ဟန်သီရဲ့အနုပညာလှုပ်ကတော့ “ခု ညီမပိုးထည်ဆိုင်ကြော်ငြာ ၂ခုရိုက်ထားတယ်။ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေ ရိုက်ပေးဖြစ်တယ်။ နောက်ထပ်မရိုက်ရသေးတဲ့ ကြော်ငြာတွေလဲ အများကြီးရှိသေးပါတယ်”လို့ သူမက ပြောပါတယ်။

 အနုပညာပျိုးခင်းမှာ ၀င်လျှောက်ဖြစ်တာနဲ့ပတ်သက်ပြီး သူမက “အနုပညာပျိုးခင်းမှာ ၀င်လျှောက်ဖြစ်တာက ဟန်သီ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့အတွက်ပါ။ ပြီးတော့ စိတ်လဲဝင်စားတယ်။ ဟန်သီတွက်လဲ အခွင့်အရေးတွေ အများကြီးရှိမယ်ထင်လို့ဝင်လျှောက်ခဲ့တယ်။ ခုတော့ ဆန်ကာတင်၁၃ယောက်ထဲ ပါသွားတယ်ပေါ့။ အဲ့ဒီအတွက်လဲ ပျော်ပါတယ်။ တစ်ဆင့်တက် သွားတယ်ပေါ့။ ကိုယ့်က ဒီ့ထက်အဆင့်တွေ အများကြီး တက်သွားအောင်လဲ ဆက်ကြိုးစားဖို့ အစီအစဉ်ရှိပါတယ်။ အနုပညာပျိုးခင်းကဆို မင်းသားကြီးတွေနဲ့တွဲပြီး မင်းသမီးနေရာကနေ တန်းသရုပ်ဆောင်ရတယ်ပေါ့။ ကိုယ့်ဟာကိုဆို အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီပျိုးခင်းလေးဟာ အနုပညာလောကထဲကို မြန်မြန်ဆန်ဆန် ရောက်ဖို့တွက် အခွင့်အရေး တစ်ခုလို့မြင်မိပါတယ်”တဲ့။

ပညာရေးအနေနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ပြီးသွားပြီဖြစ်တဲ့ သူမက “ကောလိပ်ဆက်တက်ဖို့ဘယ်မှာတက်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ စင်ကာပူမဟုတ်ရင် သြစတြေးလျပေါ့။ အဲ့ဒါကိုလဲ ဟန်သီခု လုပ်နေတဲ့ အနုပညာလုပ်ငန်းနဲ့ဆက်စပ်တဲ့ ဘွဲ့တစ်ခုကိုပဲ ဟန်သီ ရအောင်ယူမှာပါ။ အကယ်လို့သွားခဲ့မယ်ဆိုရင် ဒီက ပရိသတ်တွေ အတွက် တစ်ခုခုလုပ်ပေးခဲ့ပြီးမှ သွားတက်ဖြစ်မှာပါ။ လိုတော့လိုသေးတယ်။ ဘာလို့လဲဆိုတော့ ဟန်သီ ပိုလန်မှာလဲ သွားပြိုင်ရဦးမယ်ဆိုတော့လေ။ ပြီးတော့ အနုပညာအလုပ်တွေ လက်ခံထားတာတွေလဲ ရှိသေးလို့ပါ”လို့ ပြောပြသွားပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top