iMyanmarHouse.com - Best Property Website for Myanmar
×














‘ကျွန်တော်ချစ်သော သူမ၏အချစ်’ ဇာတ်ကားကို မိုးဟေကိုက ကောင်းပြည့်၊ အောင်မင်းခန့်တို့နဲ့ အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ် ကားလေးက အချစ်ဒရာမာဇာတ်ကား   လေးဖြစ်တယ်လို့ သိရပါတယ်။ ခု နောက်ပိုင်းမှာ ဇာတ် ကားတွေကို အရင်ကထက်ပိုပြီး စိစစ် ရွေးချယ် ရိုက်ကူးဖြစ်ပြီး အဓိက ကတော့ ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ဇာတ်ကို ပိုရွေးချယ်ဖြစ်ကြောင်း မိုးဟေကိုက ပြောပါတယ်။

“အဓိကကတော့ ကိုယ် နဲ့လည်း ဇာတ်က လိုက်ဖက် မှုရှိရမယ်။ ပြီးတော့ ကိုယ် ကိုယ်တိုင်လည်း ဇာတ်ကို ကြိုက်မှ ရိုက်လို့ရမယ်။ မကြိုက်ဘဲနဲ့ ဟန် ဆောင်ပြီး လုပ်ယူ လို့ လည်း ဒါတွေက အစစ်ဖြစ်မလာဘူး။ အဓိက ကတော့ ငွေရေးကြေးရေး မဟုတ်ဘူး။ ကိုယ်ဝါသနာပါလို့၊ ကိုယ်လုပ်ချင်လို့ လုပ်တဲ့အလုပ်တစ်ခုကို ကိုယ်လည်း ကြိုက် တယ်။ စိတ်ပါတယ်ဆိုမှ ရိုက်တယ်။ ဒီအလုပ်မှာ ကိုယ်စိတ်မပါဘူး။ မလုပ်ချင် ဘူးဆိုရင် ကိုယ်လုပ်ရမှာက တစ်ရက်လည်းမဟုတ်ဘူးလေ။ အဲဒါကြောင့် မကြိုက်ဘူးဆိုရင် အစကတည်းက လုံးဝမရိုက်တော့ဘူး။  

အခုနောက်ပိုင်းဆို လုံးဝအား မနာတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုးအတွက်လည်း ဒီထဲမှာ အချိန်ပေးခဲ့တဲ့အချိန်တွေကလည်း တအားများ ခဲ့တယ်ဆိုတော့ တခြား အလုပ်တွေမှာလည်း အချိန်လေးပေးချင်တာကြောင့် ဇာတ်ကားတွေကိုလည်း စိစစ်ပြီး ရိုက်တဲ့အနေနဲ့ ကိုယ်ကြိုက်မှပဲ ရိုက် တော့ တယ်။  အရင်တုန်းကဆိုရင် တအား အားနာတယ်။ တော်ရုံတန်ရုံ မကြိုက်လည်း ရိုက်ဖြစ် တယ်။ အခု နောက်ပိုင်းတော့ ဇာတ်ကားလေးတွေ ကို သေချာစိစစ်ပြီးတော့ ရိုက်ဖြစ်တယ်” လို့ မိုးဟေကိုက ဆိုပါတယ်။

မိုးဟေကိုက အခုအချိန်မှာ တော့ ဇာတ်ကား တွေကို တစ်လမှာ ပုံမှန် ဇာတ်ကားနှစ်ကား လောက်ပဲ လက်ခံရိုက်ကူးဖြစ်နေပြီး တစ်ဖက်မှာ ကိုယ့်ရဲ့အခြားအလုပ်ကေ လးတွေကို လည်း အချိန်ပေးပြီး လုပ်ဖြစ်နေတယ် လို့ မိုးဟေကိုက ဆိုပါတယ်။

“မိုးက တစ်ဖက် မှာစာအုပ် လည်း လုပ်နေတော့ ဇာတ်ကား ရိုက် တွေ လည်းနည်းနည်း နည်း သွား တယ်။ အဲဒီလိုအချိန် ပေးပြီးလုပ်တဲ့အတွက် ကား ရိုက်ဘက်မှာ နည်းသွား မယ်ဆိုတာ ကိုလည်းသိတယ်။ ကိုယ့် အသက်ကြီးသွားပြီး အနုပညာကို မလုပ် တော့တဲ့အချိန်ကျမှလည်း ဒီစာအုပ်ကိုထပြီး လုပ်လို့မရဘူးလေ။ အဲဒါ ကြောင့် မိုးက ဒီစာအုပ်ကို ဒီအချိန်မှာ လုပ်ချင်တဲ့စိတ်ကြောင့် လုပ်ဖြစ် သွားတယ်။ ကိုယ်လုပ်ခဲ့ဖူးတဲ့၊ ရိုက်ခဲ့ဖူးတဲ့ အရာတွေကို လျှော့လုပ်ပြီး တော့ ကိုယ်မလုပ်ဖူးတဲ့ အရာအသစ် တစ်ခုကို လုပ်ဖြစ်လိုက်တယ်။ အဲဒါကြောင့် ကားရိုက်ဘက်မှာ နည်းသွားတယ်။ 

ပရိသတ်တွေလည်း နားလည်ပေးကြမှာပါ။ စာအုပ်ကတော့ ၂ဝ၁၅ခုနှစ်မှာ ထွက်နိုင်ေ အာင် ကြိုးစားနေပါတယ်။ အခုတော့ ဇာတ်ကားလေးတွေ ပြန်ရိုက်ဖြစ်နေတယ်။ တစ်လကို နှစ်ကားလောက်ပဲ ပုံမှန်ရိုက်ဖြစ်နေတယ်။  တခြားမှာလည်း အချိန်ပေးစရာေ လးတွေလည်း ရှိနေသေးတော့ တစ်လကိုနှစ်ကားလောက် ရိုက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

Credit : popularmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top