iMyanmarHouse.com - Best Property Website for Myanmar
×










ထောပတ်သီးဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီနှင့် ပိုတက်ဆီယမ်တွေ အပြည့်ပါဝင်ပါတယ်။ ဒါပေမယ့် မစားသေးတဲ့တခြမ်းအား ရေခဲသေတ္တာထဲ ဒီတိုင်းထည့်လိုက်မယ်ဆိုရင်တော့ နောက်နေ့မှာဆိုရင် ညှိမဲပြီး စားချင်စရာမကောင်းတော့အောင် အရောင်ပြောင်းလဲပါတယ်။ ဒီလိုမျိုးပြသနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းလေးဝေမျှပေးချင်ပါတယ်။

ကြက်သွန်နီကို ခပ်ပါးပါးလှီးလိုက်ပါ။ လေလုံတဲ့ပလတ်စတစ်ထဲ သိမ်းထားမယ့် ထောပတ်သီးအခြမ်းနဲ့ အတူထည့်လိုက်ပါ။ သတိထားရမှာကတော့ ထောပတ်သီးအား အစေ့မထုတ်ရန် ဖြစ်ပြီး လှီးထားတဲ့ကြက်သွန်နီကို ထောပတ်သီးရဲ့အသားအပေါ်မှာ ထားဖို့ဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်လို့ရပါပြီ။ နောက်နေ့မှာ ထောပတ်သီးဟာ ကိုယ်ထည့်ထားတဲ့အတိုင်းပဲ လတ်လတ်ဆတ်ဆတ်ရှိနေတာကို တွေ့ရပါလိမ့်မယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top