ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer) ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေ သနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။
ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု ရောဂါရာဇ၀င်မရှိသူ ၂၄ဦးကို လေ့လာခဲ့ပါတယ်။ ထက်ဝက်သောသူတွေဟာ ပုံမှန်ခါးဆိုဒ်ရှိသူများဖြစ်ပြီး ကျန်သူများကတော့ အ၀လွန်သူများဖြစ်ပါတယ်။
ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။
ဒါဟာအစာခြေအက်ဆစ်တွေပြန်ဆန်တက်ခြင်းနဲ့ကြုံရင် လည်ချောင်းကင်ဆာ နဲ့အစာရေမျိုကင်ဆာတွေဖြစ်ဖို့ risk တော်တော် များစေပါတယ်”လို့ ရှင်းပြထားပါတယ်။
ဒါဟာအစာအိမ်နဲ့မတူဘဲနဲ့ အစာရေမျိုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အက်ဆစ်ရဲ့ဒဏ်ကို ခံနိုင်ရည် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေကို ခါးပတ်ကျပ်ကျပ် ၀တ်ရင်ခံစားရတာဖြစ်ပြီး အခုလေ့လာမှုကြောင့် အစာရေမျိုကင်ဆာတောင် ဖြစ်နိုင်တယ်ဆိုတာကို သိရှိနိုင်ခဲ့ပါ တယ်။
ဒီလေ့လာမှုကို Journal of Gut မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Credit :Health Updates Journal
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
ခါးပတ်ကျပ်ကျပ် ၀တ်သူများ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။