iMyanmarHouse.com - Best Property Website for Myanmar
×














ရုံးမှာ လုပ်စရာတွေကလည်းများ။ အစည်းအဝေးပွဲတွေကတစ်မျိုး၊ အပြီးသတ်လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ရှိနေတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ စားကောင်းတဲ့ နေ့လည်စာကို မြန်မြန်စားပြီး အလုပ်ဆက်လုပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်မိနေပါလိမ့်မယ်။ လွယ်ကူပေမယ့် နေ့လည်စာအတွက် အာဟာရပြည့်ဝတဲ့အစားအစာတော့ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုနေ့လည်စာမျိုးတွေက သင့်အတွက် အဆင်ပြေစေနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အသားညှပ်ပေါင်မုန့်

အိမ်ကအလွယ်တကူ ထည့်ယူလာတဲ့ ပေါင်မုန့်ကို ကိုယ့်စိတ်ကြိုက် ကြက်ဥချောင်း၊ ကြက်ဥစတာတွေနဲ့ တွဲစားလိုက်ရုံပေါ့။ ဒါမှမဟုတ်လည်း အသားညှပ်ပေါင်မုန့်သပ်သပ် ၀ယ်စားရင်လည်း ကရိကထနည်းပြီး အရသာရှိတဲ့ နေ့လည်စာကို စားရမှာပါ။

၂။အသင့်စား ငါးသေတ္တာဟင်း

နောက်ထပ် အလွယ်တကူ သယ်ယူပြီး အချိန်ပေးစရာမလိုတဲ့ ဟင်းကတော့ ငါးသေတ္တာဟင်းပါ။ ငါးအစားအခြား ကြက်သားကို စည်သွပ်ဗူးနဲ့ ထည့်ထားတာမျိးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်စိတ်ကြိုက် ပေါင်မုန့်၊ ထမင်းဖြူစတာတွေနဲ့ တွဲဖက်စားလိုက်ရင်ကို အဆင်ပြေနေပါပြီ။

၃။အသီးအနှံနဲ့ အရွက်သုပ်

အရွက်စုံသုတ်တွေ၊ ခရမ်းချဉ်သီးသုပ် စတဲ့ အသုပ်မျိုးတွေကို စားသုံးပေးခြင်းဟာ သင့်အတွက် ကျန်းမာစေသလို အဆီလည်းကျစေပါတယ်။ ဒါ့အပြင် အသီးအနှံတွေကိုစားပေးရင်း ဗိုက်မတင်းဘူးဆိုရင် အဆီလွတ် ဒိန်ချဉ်၊ တစ်ခြား ထောပတ်သီးစတာတွေနဲ့ တွဲသုံးဆောင်ပေးနိုင်ပါတယ်။ နေ့ခင်းနေ့လည် ဒီအတိုင်း စားပေးမယ်ဆိုရင် ဒါဟာ အချိန်ကုန်သက်သာစေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်ဆိုတာ မယုံမရှိပါနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top