iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 
 
 
 
 
 
အရက်ကြောင့်ဖြစ်သော အသည်းရောဂါများသည်အမျိုးသမီးများတွင်အဖြစ်များလာသည်ကို
 တွေ့ရ ကြောင်း ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး၊ အသည်းရောဂါဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာဝင်း နိုင်က ပြောသည်။“အခုနောက်ပိုင်းမှာအမျိုးသမီးငယ်လေးတွေပါ သောက်
လာကြတာတွေ့ရပါတယ်။ အမျိုးသားတွေ ထက် အမျိုးသမီးတွေက အသည်းရောဂါပိုအဖြစ်လွယ်
ပါတယ်။ အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသမီး တွေက အရက်သောက်ရင် အသည်းခြောက်ဖို့၊ ကင်ဆာဖြစ်ဖို့က ပိုမြန်တယ်။ ပိုဆိုးတယ်” ဟု ယင်းက ပြောသည်။ 
အမျိုးသားများနှင့်အမျိုးသမီးများတွင် အရက်သောက်သုံးမှုသည် ကွဲပြားသွားခြင်းများကိုတွေ
့ရပြီး အရက်သောက်ခြင်း တူညီသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက်ပိုမူး၊ ပိုဆိုးတတ်ကြ ကြောင်း၊ ယင်းအတွက်ကြောင့် မိန်းကလေးများအရက်သောက်ခြင်းသည် ပိုမိုအန္တရာယ်ရှိကြောင်း သိရ သည်။

“မိန်းကလေးတွေမှာက Alcohol ချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေနည်းတယ်။ အဲဒါကြောင့်သူတို့
မှာ အရက် ကိုမချေဖျက်နိုင်ကြဘူး။ မချေဖျက်နိုင်တဲ့အတွက်ပိုမူးတယ်။ ပိုမူးတဲ့အခါကျတော့ အရက်ကိုနည်းနည်း ပဲသောက်တယ်ဆိုပေမယ့် ရောဂါပိုဖြစ်နိုင်တယ်” ဟုယင်းကဆိုသည်။
အရက်သောက်ခြင်းသည် မျိုးရိုးဗီဇနှင့်လည်းဆိုင်ကြောင်း၊ တချို့သည်အရက်ကိုရေရှည်ေ
သာက်နေပြီး အသည်းရောဂါမဖြစ်သည်များရှိသကဲ့သို့ တချို့တစ်လတည်းနှင့်လည်း အသည်းရောဂါဖြစ်သည်များရှိ ကြောင်း သိရသည်။

“နောက် PNPLA 3 ဆိုတဲ့ Genes လေးတစ်ခုပါလာခဲ့ရင် အရက်ကြောင့်အသည်းရောဂါတွေ ပိုဖြစ်တာ တွေ့ရတတ်တယ်။အသည်းကိုထိခိုက်တဲ့နေရာမှာအရေးကြီးတာကအရက်အပြင်အ
စားအသောက် ကလည်းလိုအပ်ပါတယ်။ တချို့ရေတောင်မရောဘူး။ ဒီအတိုင်းသောက်ကြတယ်။ တချို့ကတော့အရက်လေးသောက်လိုက်အစားလေးစားလိုက်လူတွေကအရက်ကြောင့်အသည်းထိ
ခိုက်မှုနည်းနည်း နည်းတယ်” ဟု ပါမောက္ခဒေါက်တာဝင်းနိုင်က ပြောသည်။

အရက်ကြောင့် အသည်းကိုဖျက်ဆီးသည့်နေရာမှာ အာဟာရချို့တဲ့သည့်သူများတွင် ပုံမှန်ထက်ငါး
ဆ ခန့်ပိုအဖြစ်များကြောင်းနှင့် ယင်းတွင်ဝသည့်သူများ၌ အဆီများသည့်အတွက် အသည်းပျက်စီးမှု ပိုများ ကြောင့် သိရသည်။“အံ့သြဖို့ကောင်းတာကတော့ အရက်သောက်တဲ့သူတွေက အစားမစား
ချင်ဘူး။ ဘာလို့လဲဆိုရင် Alcohol က Energy ကသူ့အလိုလိုရနေတယ်။ အရက်ထဲမှာ Energy ကပါပြီးသား။ အဲဒီတော့ သောက်လေ အစားမစားချင်လေပဲ။ မစားလေအာဟာရချို့တဲ့လေပဲ။

အာဟာရချို့တဲ့လေပဲ။ အာဟာရ ချို့တဲ့လေ ရောဂါပိုရလေပါပဲ” ဟုယင်းကဆိုသည်။ယခင်နှစ်များ
ထက် ယခုနောက်ပိုင်းနှစ်များတွင် အရက်သောက်သုံးမှုသည် ပိုမိုများပြားလာကြောင်း လည်း သိရ
သည်။“အရက်လို့ပြောရင် တချို့ကဘီယာနဲ့ ဝိုင်မပါဘူးလို့ ထင်ကြတယ်။ တချို့ပြောကြတယ် အရက်မ သောက်ဘူး။ဘီယာလေးတော့သောက်တယ်။အဲဒီတော့ဘီယာကိုအရက်လို့မသတ်မှတ်
ကြတဲ့သူ တွေလဲရှိတယ်။ ဘီယာမှာ Alcohol ပါဝင်မှုက ငါးရာခိုင်နှုန်းလောက်ပါဝင်နေတယ်။

တချို့ကတစ်ရာ ခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်ရှိတယ်။ သိပ်မသိသာဘူး။ မူးလို့မူးမှန်းကို မသိကြ
ဘူး” ဟုဆိုသည်။အရက်ကို အလွန်အကျွံသောက်သုံးသူများအနေဖြင့် အသည်းအဆီဖုံးရောဂါမှတ
စ်ဆင့် အသည်း ခြောက်ရောဂါအထိပါ ဖြစ်သွားနိုင်သော်လည်း ယင်းသို့အဆင့်ဆင့်ဖြစ်လာခြင်းသည် ခံစားနေရသော လူနာများအပေါ်မူတည်၍ ကွဲပြားမှုများရှိကြောင်း သိရသည်။

အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါများ၏ လက္ခဏာမှာ ဝမ်းဗိုက်နာကျင်ခြင်းနှင့် ထိ ကိုင်မိလျှင်နာကျင်ခြင်း၊ ရေငတ်လွန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ရှုပ်ထွေးလာခြင်း၊ ဝမ်းဗိုက်ဖောင်းကားလာခြင်း စသည်တို့ဖြစ်လာနိုင်ကြောင်း သိရသည်။

Credit :  Democracy Today Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top