iMyanmarHouse.com - Best Property Website for Myanmar
×












ပရိသတ်တွေနဲ့ အနည်းငယ် အဆက်အသွယ်ပြတ်နေတဲ့ အေးမြတ်သူဟာ ခုနောက်ပိုင်း နယ်ပေါင်း
စုံ ထွက်နေရတဲ့အတွက် ဇာတ်ကားရိုက်တွေ နည်းနေပေမဲ့ “အချိန်တိုင်းနေရာတိုင်း” ဇာတ်ကား
မှာတော့သူမရဲ့အနုပညာတွေသရုပ်ဆောင်ချက်တွေအတွက်ပရိသတ်တွေအားရ ကျေနပ်ခဲ့ကြရတယ်။
 ခေတ်မှီတဲ့ အပြင်အဆင် ၊ လန်းဆန်းတက်ကြွတဲ့ ဖက်ရှင် လန်းလန်းတွေနဲ့အံ့ဝင်ခွင်ကျလှတဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ပိုချစ် ပိုခင် ပိုအားပေးကြတဲ့ အေးမြတ်သူနဲ့ တွေ့ဆုံခိုက် “ဒီနေ့ရိုက်တဲ့ ကားလေးက ပေါ်ပေါ့ပေါ် မလုံတလုံဆိုတဲ့ သီချင်းလေးကို အခြေခံပြီး ရိုက်ထားတာပေါ့။

 မင်းသားက ရဲရင့် ဒါရိုက်တာက ဦးအောင်ဘ၊ ပြီးတော့ မေမြင့်မိုရ်လဲပါတယ်။”လို့ သူမလက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောပြပေးခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးကြတဲ့  အချိန်တိုင်းနေရာတိုင်း ဇာတ်လမ်းတွဲလေးနဲ့ပတ်သတ်ပြီးတော့လဲ” ကျွန်တော့ ကာရိုက်တာက အဲ့ကားထဲမှာ နဲနဲကြမ်းတယ်ပေါ့။ ဒါပေမဲ့ ပရိသတ်တွေက ချစ်တဲ့စိတ်နဲ့ကြည့်ပေးကြတဲ့တွက် မထင်မှတ်လောက်အောင် အားပေးကြတာ တွေ့ရတယ်။ တွေ့သမျှပရိသတ်က အဲ့ကားအကြောင်းပဲ ပြောကြတယ်။ အရမ်းမိုက်တယ်နော်။ အရမ်းကောင်းတယ်နော်။ ကျွန်တော့
ကို လူတွေက မမြင်တာလဲကြာတော့ အဲ့ကားလေး ထွက်လာတဲ့ခါမှာ အရမ်းအားပေးကြတယ်။

ဝတ်တာစားတာ ဆံပင်ပုံစံကအစ အဆင်ပြေတယ်လို့ ပြောကြတယ်။ ပြောရရင်တော့ လူနေရာချ
တာအဆင်ပြေတယ်လို့ပြောရမှာပေါ့။လူဆိုးနေရာဆိုတော့လွတ်လွတ်လပ်လပ်ပိုရှိတယ်လို့လဲ ပြော
ရမှာပေါ့။ အေးမြတ်သူတွက် ဒါက ဒုတိယဇာတ်လမ်းတွဲပါ။ ပထမဇာတ်လမ်းတွဲ
က ၀ါစိမ်းနီကမ္ဘာသိမ်းမည်၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး သူမရဲ့ အမြင်ကိုလဲ သူမက “ကျွန်တော်တို့ကတော့ သိပ်မပြောတတ်ပါဘူး။ အနုပညာ လုပ်သက်လဲ ငယ်တယ်။ ၀ါကလဲ
ငယ်တယ်ဆိုတော့လေ ဖြစ်နိုင်ရင်တော့ အများစုရဲ့ ဆန္ဒလေးတွေပါရင်တော့ အကောင်းဆုံးပေါ့လေ။

အကုန်လုံး စည်းစည်းလုံလုံးလေးနဲ့ညှိနှိုင်းပြီး ပျော်ရွှင်စရာပွဲလေးတစ်ပွဲဖြစ်ရင်တော့အကောင်း
ဆုံးပေါ့နော်။ အကယ်ဒမီဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုတယ်။ ပရိသတ်တွေက လက်ခံတယ်။ ရုပ်ရှင်ဆုဆို ဒီဆုက တကယ့်ကို နှစ်ပေါင်းလဲကြာလာပြီ။ တကယ့်ကို အကုန်လုံးကလဲ စိတ်လိုလက်ရ စောင့်ကြည့်ခံရတယ်။ ပရိသတ်တွေရဲ့ အာရုံထားပြီး အလေးထားတဲ့ပွဲတစ်ပွဲပေါ့။
အရမ်း ကို ရင်ခုန်စရာကောင်းတဲ့ ပွဲတစ်ပွဲပေါ့။ ပန်းတိုင်ဆိုတာထက် အကယ်ဒမီဆိုတာ မှတ်တိုင်တစ်
ခုပေါ့။ အနုပညာသမား အယောက်၁၀၀ ရှိရင် ၁၀၀လုံးမရဘူး။ အကယ်ဒမီဆိုတာ နတ်ကြီးတယ်။

နာမည်မခေါ်မချင်း ဘယ်တော့မှ မကျိန်းသေဘူး။ အစဉ်အလာ တစ်ခုဖြစ်နေတာဆိုတော့လေ။ အကယ်ဒမီဆိုတဲ့ အရာကို မမှန်းပါဘူးဆိုပေမဲ့ ရင်ထဲကနေတော တိတ်တခိုး မျှော်လင့်ကြတယ်။ ပြော
ရရင် ဒီနှစ်က နေရာတို့အချိန်တို့က ကြန့်ကြာနေတော့ ပရိသတ်တွေအနေနဲ့ အာရုံညောင်း နေကြ
တယ်။ အရင်နှစ်တွေက ဒီလိုချိန်ဆို အားလုံးသိနေကြပြီ။ ခုက ကိုယ့်ကို မေးရင်တောင်မှ ဘာဝတ်ရမ
လဲ မသိဘူး။ တက်ရမလား မတက်ရမလားကလဲ ဘာမှန်းမသိ၊ ဘယ်မှာလုပ်မယ် ဆိုတာလဲ အတိအကျမသိ။ဟိုနေရာပြောလိုက် ဒီနေရာပြောလိုက်နဲ့ အာရုံညောင်းလာတယ်။ တက်ကြွမှု မရှိဘူးပေါ့နော်။ အေးမြတ်သူ ဒီနှစ်ကတက်ဖြစ်မယ်ဆိုရင် အားပေးဖို့ပေါ့နော်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top