iMyanmarHouse.com - Best Property Website for Myanmar
×









စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။ ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။

စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။

ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစား နိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ် စာပေ လူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင် တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာ ဖြစ် တယ်။

စာဖတ်တာ နှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ် နူးညံ့ သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့ သိတယ်။ စာအုပ်စာပေနဲ့အတူ ရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေ ဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင် ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေး တစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။

Credit : နိုင်းနိုင်းစနေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top