iMyanmarHouse.com - Best Property Website for Myanmar
×












လေ့လာတွေ့ရှိချက်အသစ်အရ တစ်မြို့စီ၊ တစ်နယ်စီ၊ တစ်နိုင်ငံစီ ခွဲခွာနေကြရတဲ့ ချစ်သူစုံတွဲတွေဟာ ကိုယ့်ရဲ့အချစ်ရေးအပေါ် အကောင်းမြင်စိတ်ပိုရှိသလို နှစ်ဦးသားကြားက အမှတ်တရတွေကိုလည်း ပိုထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။

 အနည်းဆုံး မိုင် ၁၀၀ ကွာဝေးပြီး တစ်နေရာစီမှာ ခွဲခွာနေကြရတဲ့ ချစ်သူ ၅၃၃ယောက်ကို လေ့လာခဲ့တဲ့ ဒီလေ့လာချက်မှာ စုံတွဲတွေဟာ နေ့စဉ်နေ့တိုင်း ချစ်သူနဲ့ဝေးကွာမသွားအောင် ပိုဂရုစိုက်လာကြတယ် ဆိုတာ တွေ့ရှိရသလို နှစ်ဦးသားအတွက် ပန်းတိုင်တစ်ခုစီလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။ ခုလို ဝေးကွာနေရတာ ဘာ့ကြောင့်ဆိုပြီး ကြိုးစားရုန်းကန်နေကြပေမယ့် ကိုယ့်အချစ်ရေးပိုင်း အားနည်းမသွားအောင်လည်း စွမ်းဆောင်နိုင်လာကြပါတယ်။

နှစ်ဦးသားခွဲနေကြရတာမို့ တစ်ဦးနဲ့တစ်ဦး သံသယဖြစ်တာတွေ၊ မယုံကြည်တာတွေ ဖြစ်တတ်ပေမယ့် ဒါဟာ စုံတွဲအနည်းငယ်မှာသာ ဖြစ်တာလို့ ဆိုပါတယ်။ တကယ်တော့ ခုလို ခွဲခွာနေရတဲ့စုံတွဲတွေအတွက် အမြဲတစေ ထိတွေ့နိုင်လာတဲ့ နည်းပညာရပ်တွေကြောင့်လည်း သူတို့တွေ ပိုနီးစပ်သွားတာလည်း ပါပါတယ်။

အမြဲတမ်းအပြင်မှာတွေ့နေရတဲ့သူတွေကျတော့ နှစ်ဦးသားအတူရှိနေချိန် ပျော်ရွှင်မှုအမှတ်တရတွေကို ခွဲခွာကြတဲ့အခါ သာမာန်သဘောလောက်သာ သတိတရရှိကြပေမယ့် တစ်မြို့တစ်နယ်စီ ခွဲခွာနေကြရတဲ့သူတွေမှာတော့ အတူရှိနေချိန်အမှတ်တရတွေကို ခွဲခွာနေစဉ် တောက်လျှောက် အမြဲတမ်း တသသရှိနေပါတယ်တဲ့။ ဒီအချက်ဟာ အချစ်ရေးအတွက် အထောက်အပံ့ဖြစ်လာပြီး ရေရှည်မြဲနိုင်မယ့် အချက်တစ်ချက်လည်း ဖြစ်လာပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top