iMyanmarHouse.com - Best Property Website for Myanmar
×

အကယ်ဒမီပေးပွဲ မှာ ပံ့ပိုးပေး သွားမယ့် ရွှေကြို များကို ခေါ်ယူရေး အတွက် ၂ဝ၁၃ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ရေး ပံ့ပိုးမှု ဆပ်ကော်မတီ ရဲ့ အစည်းအဝေး ကို နိုဝင်ဘာ ၁၃ ရက် နေ့ မနက် ၁ဝ နာရီက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အစည်းအဝေး ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေး မှာ ကော်မတီ အဖွဲ့ ဝင် များရဲ့ သဘော တူညီမှုအရ “ရွှေကြို” ဖောင်များကို နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးခေါ်ယူ ထားပြီး ၂၉၊ ၃ဝ ရက်များမှာ လျှောက်လွှာ များနဲ့အတူ လူတွေ့ စစ်ဆေးခေါ်ယူ သွား မှာဖြစ်ကြောင်း သိရပါတယ်။ “ဒီနေ့ထိ အကယ်ဒမီ ရွှေကြို အတွက် လာလျှောက်ကြတာ ဖောင်လာယူသွားတာ ဆို အယောက် ၃ဝဝ လောက်ရှိပါပြီ။ ကျွန်တော်တို့ က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖောင်ပိတ် မယ်။ ၂၉ ရက် နဲ့ ၃ဝ ရက်နေ့နှစ် ရက်မှာ ဖောင်မှာပါတဲ့ နံပါတ်တွေ အတိုင်း အသုတ်တွေ ခွဲပြီး လူတွေ့  စစ်ပါမယ်။ ဒါပထမဆုံး အကြိမ်ပေါ့။ လျှောက်လွှာနဲ့ တိုက်စစ်မယ်။ အခု ဆို အယောက် ၆ဝ က ပြန်တင်ထား ပြီးပြီဖြစ်တဲ့ အတွက် ဒီအယောက် ၆ဝ က ကျတော့ အရွေးခံဖို့ ကျိန်းသေသွား ပြီ။ နောက်ဝင်လာမယ့် ဖောင်တွေကို လည်း နံပါတ်တွေ အတိုင်း ပြန်စဉ် သွားပြီးတော့ တစ်ရက်ကို အချိန်နှစ် ချိန်ခွဲပြီး ပြန်စစ် သွားပါ့မယ်။ ၂၉ ရက်နေ့မှာ ဆို ၉ နာရီ ကနေ ၁၂ နာရီ အထိ ပထမ တစ်သုတ်၊ ၂ နာရီကနေ နောက်ပိုင်းကို တစ်ပိုင်း စစ်ပါ့မယ်။ အဲဒီထဲကမှ အယောက် ၃ဝ ပြန်ရွေး မယ်။ ရွေးတဲ့ အယောက် ၃ဝ မှာ ယောက်ျားလေး ၁၅ ယောက်၊ မိန်းကလေး ၁၅ ယောက်ဖြစ်မယ်။ ဒါပေမဲ့ အယောက် ၃ဝ ပဲရွေးမယ် လို့တော့ သေချာ မပြောနိုင်သေးပါ ဘူး။ အယောက် ၄ဝ လည်းဖြစ် ချင် ဖြစ်သွားပါလိမ့်မယ်။ အဲဒီထဲကမှ ဖိုင်နယ် စစ်ဆေးမှုကိုတော့ ဒီဇင်ဘာ ၆ ရက်၊ ၇ ရက် မှာလုပ်မှာပါ။ အ ကယ်ဒမီ ရွှေ ကြိုအတွက် လေ့ကျင့်မှု တွေကိုတော့ မမို့ တို့နဲ့ အစ်ကို တို့က သင်ကြားပေးသွားမှာပါ။ အကယ်ဒမီ စင်ပေါ်ကို လက်တွဲခေါ်ယူဖို့ ကလေး တွေကိုကျ တော့လောလောဆယ် လျာ ထား တယ်။ သူတို့တွေ ကို ပါဝင်ပေးဖို့ ကမ်းလှမ်းပြီး အကြောင်းကြား ထား ပါတယ်” လို့ အကယ်ဒမီ ရွှေကြို ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ရန်အောင် ကပြောပါတယ်။

၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကယ်ဒမီရွှေ ကြိုများ အတွက် အဝတ်အစား၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ်တို့ကို ပံ့ပိုး ကူညီလိုသူများ အနေ နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံး ထားလျှောက် ထားနိုင်ပြီဖြစ်ကြောင်း ကို မေသန်းနု က “အကယ်ဒ မီရွှေကြို အတွက် ပံ့ပိုးပေး မယ့် မိတ်ကပ်၊ လက်ဝတ် ရတနာ၊ ဖိနပ်တွေ ဒီဇိုင်နာတွေ ကိုရောပေါ့။ အိတ်ပိတ် တင်ဒါစနစ် နဲ့မဆင့်တို့ ခေါ်မှာပါ။ ငွေပမာဏ ဘယ်လောက် ပေးနိုင်မလဲ၊ အရည်အသွေး အဲဒါ တွေ ကို အိတ်ပိတ် အနေ နဲ့ ၂၈ ရက်နေ့ နောက်ဆုံး ရွေးချယ်သွားမှာပါ။ ၃ဝရက်နေ့မှာ ဖွင့်မယ်။ ၆ရက်၊ ၇ရက် နေ့မှာ လူတွေ့ စစ်ဆေးတဲ့နေ့မှာ တစ်ခါတည်း ပံ့ပိုးပေးမယ့် ကုမ္ပဏီ ကို ခေါ်ပြီးတော့ ဆက်လက်ပြီး လိုအပ် တာတွေ ဆောင်ရွက်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။ ဒီ့နောက် အကယ်ဒမီ စင်ပေါ်ကို လက်တွဲ ခေါ်ယူမယ့် အနုပ ညာရှင်တွေထဲ မှာတစ်ယောက် အပါအဝင် ဖြစ်တဲ့ထွန်းကိုကိုကလည်း

“တစ်ခါမှလည်း ဒီလို ယောက်ျား လေးတွေ အကယ်ဒမီ ဗန်းကိုင်မှာပါ ရမယ် ဆိုတာ မကြားဖူးဘူးလေ။ ဒီနှစ် အစီအစဉ်လေး ကလည်း ကောင်း တယ်။ ပြီးတော့ ကိုယ်တိုင် လည်း ပါဝင်ခွင့်ရတဲ့ အတွက်လည်း ပျော် လည်း ပျော် တယ်။ ဂုဏ်လည်း ဂုဏ်ယူ ပါတယ်။ ဒီအစီအစဉ်တွေ ကလည်း အရင် တုန်းက သမားရိုးကျ လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ဒီနှစ် ရုပ်ရှင်အစည်း အရုံးက ပထမဆုံး အကြိမ်ပြုလုပ်တဲ့ ပွဲမှာအပြောင်းအလဲတွေ နဲ့ အမြင် တစ်မျိုး ဆန်းတာပေါ့။” လို့ပြောပါတယ်။

ဆက်လက်ပြီး ခင်ဝင့်ဝါကလည်း..

“ဒီလိုမျိုး အစီအစဉ်မှာ ပါဝင် ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အကယ်ဒမီ ရမယ့် စီနီယာ၊ အစ်ကို တွေ၊ အစ်မတွေ၊ ဆရာသမားတွေ ဆုရတဲ့အခါ မှာ လမ်းပြ အနေနဲ့ ပို့ ပေးရမှာဖြစ်တဲ့ အတွက် ပျော်ပါ တယ်။ သူတို့အစား လည်း ရင်ခုန်မိ တယ်။ ပထမဦးဆုံး တက်မယ့် အကယ်ဒမီ ပွဲမှာ ခုလို ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာပါ တယ်” လို့ ပြောပါတယ်။ အကယ်ဒမီ စင်ပေါ်ကို လက်တွဲခေါ် ယူမယ့် အနုပညာရှင်တွေ ထဲမှာ အပါအဝင်ဖြစ်တဲ့ နန်းခင်ဇေယျာ ကလည်း “ဒီလိုမျိုးရွေးချယ် ခံရလိမ့်မယ် လို့မထင်ဘူး အရင်နှစ်လိုဘဲ အကယ်ဒမီပွဲကို တက်မယ်ဘဲ စီစဉ်ထားတာ။
ကို ရန်လေးကလည်း ဖုန်းဆက်လာတယ်။ သမီးတို့ အရွေးခံရတယ် ဆိုတော့ အရမ်းပျော်တယ် ဒီလိုမျိုးမြန်မာ ဂုဏ်ဆောင်တွေ နဲ့အတူတူ တွဲပြီးလုပ် ရမယ် ။ဒီ ရုပ်ရှင်လောက အတွက်တစ် ဖက် တစ်လမ်းကနေ ပါဝင်ကူညီခွင့်ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူ မိပါတယ်”လို့ပြောပါတယ်။

Credit : Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top