iMyanmarHouse.com - Best Property Website for Myanmar
×










မိသားစုဝင်အားလုံး ကျန်းမာရေးကောင်းစေဖို့ အတွက် သန့် ရှင်းတဲ့
မီးဖိုချောင်(စားဖိုဆောင်)ဖြစ်နေဖို့ ကလည်း အရေးကြီးတဲ့
အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ကျန်းမာသန့် ရှင်းရောဂါကင်းစင်တဲ့
မီးဖိုချောင်တစ်ခုဖြစ်စေရန် အောက်ပါနည်းလမ်းတို့ ဖြင့်
ကြိုးစားအားထုတ်သင့်ပါတယ်။

(၁) စားကြွင်းစားကျန်များကို သုတ်သင်ပါ။

ချက်ပြုတ်ပြီးနောက်၊ မီးဖိုချောင်တစ်ခုလုံးကို သန့် ရှင်းရေး လုပ်ရုံနဲ
့မလုံလောက်သေးပါဘူး။ ထမင်းအိုး-ဟင်းအိုး အဖုံးတွေ အားလုံးကိုလည်း
လက်နှီးသန့် သန့် ဖြင့် ပွတ်တိုက် သန့် စင်ပေးရပါတယ်။ ဥပမာ
ထမင်းစေ့တစ်စေ့/ဟင်းအဆီ အနှစ်တစ်စက် ပြုတ်ကျကျန်ရစ်တာကစ၍၊
ကြွက်-ပုရွက်ဆိတ်တွေက သင့်မီးဖိုချောင်ကို သူတို့ ရဲ့ စားကျက်သဖွယ် နေ
့စဉ်လာရောက် ရှာဖွေ စားသောက်ကြပါလိမ့်မယ်။ ၄င်း ကြွက်-ပုရွက်
ဆိတ်တွေနှင့်အတူ သူတို့ လာရာလမ်းတလျှောက်ရှိ ဖုန်-ပိုးမွှား အညစ်အကြေး
များက သူတို့ ရဲ့ ခန္ဓာကိုယ်အောက်ခြေမှာ ကပ်ငြိပါလာလေ့ရှိပါတယ်။
(ကြွက်တွေရဲ့ သဘောသဘာဝအရ၊ ပါးစပ်မှ အစာသစ် စားရင်း
အစာဟောင်း(မစင်)တွေကိုပါ စွန့်ထုတ်လေ့ ရှိကြသလို၊ ကြွက်အမတွေကလည်း နေ
့စဉ် မအင်္ဂါမှ အညစ်အကြေး စွန့်  ထုတ်လေ့ရှိပါတယ်)

(၂) အမှိုက်ပုံးကို အမြဲသန့် စင်ပါ။

အမှိုက်ပုံးထဲကို စားကြွင်းစားကျန်တွေ စွန့်ပြီးတိုင်း အဲဒီအမှိုက်ပုံးရဲ
့အဖုံးကို လုံအောင်ပြန်ဖုံးပေးပါ။ အဖုံးမလုံပါက ကြွက်တွေ လာဖွစေလို
့ပါဘဲ။ ပုံးထဲမှာ အမှိုက်မပြည့်သေးသည့်တိုင်အောင် အနံ့ ထွက်တတ်တာကြောင့်
နေ့ စဉ် အမှိုက်သိမ်းကား (သို့ မဟုတ်)ရပ်ကွက်စည်ပင်သာယာ မှ သတ်မှတ်ထားတဲ့
အမှိုက်ပုံများမှာ သွားရောက်စွန့် ပစ်သင့်ပါတယ်။ ဒါ့ပြင် အမှိုက်ပုံးကို
အနည်းဆုံး ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ဆေးကြောသန့် စင်ပေးပါ။ ဒါမှသာ အနံ
့အသက်မဆိုးရွားတော့ဘဲ၊ ပိုးမွှားကင်းရှင်း စေမှာဖြစ်ပါတယ်။

(၃) စဉ်းတီတုံးတွေကို သီးခြားစီခွဲထားပေးပါ။

သားစိမ်း-ငါးစိမ်းတွေမှာ ပိုးမွှားတွေပေါက်ပွားနိုင်တဲ့
အခွင့်အရေးပိုများတာကြောင့်၊ ဖြစ်နိုင်ရင် အသားလှီးတဲ့ စဉ်းတီတုံး နှင့်
ဟင်းသီးဟင်းရွက်လှီးတဲ့ စဉ်းတီတုံးဟူ၍ (၂)မျိုး
ခွဲခြားသတ်မှတ်ထားသင့်ပါတယ်။ စဉ်းတီတုံးတွေကို သုံးပြီးတိုင်း ပန်းကန်ဆေး
တဲ့ ရေမြှုပ်ကြမ်း-ဆပ်ပြာတို့  ဖြင့် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ။
ကွဲအက်နေသော စဉ်းတီတုံးတွေကို (လုံးဝ) မသုံး သင့်ပါဘူး။
၎င်းအက်ကွဲကြောင်းတွေထဲမှာ အညစ်အကြေး-မှိုပိုးတွေ စုဝေးပေါက်ပွားလာတတ်လို
့ပါ။

(၄) သုံးပြီးတဲ့ ပန်းကန်ခွက်ယောက်တွေကို မထားခဲ့ပါနှင့်။

စားသောက်ပြီးတဲ့ ပန်းကန်ခွက်ယောက်တွေကို အကြွေးမထားဘဲ ချက်ချင်းဆေးပါ။သို့ မဟုတ်ပါက၊ ပေကျံနေတဲ့ ၄င်း ပန်းကန် ခွက်ယောက်တွေကကြွက်-ပုရွက်ဆိတ်-ယင်ကောင်တွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။အကယ်၍အကြောင်းတစုံတရာ ကြောင့်ချက်ချင်းမဆေးကြောနိုင်သေးတဲ့အခါ၊ ကြောင်အိမ်(သို့ မဟုတ်) အုပ်ဆောင်းဖြင့် လုံခြုံအောင်သိမ်းထားပြီးနောက်၊အသိုးနံ့ပျောက်အောင် ရေနွေးလောင်း၍ ဆေးကြောသန့် စင်ပါ။

(၅) မီးဖိုချောင်သုံးအ၀တ်တွေကို နေ့ စဉ်လျှော်ဖွတ်ပါ။

ဥပမာ (က) မီးဖိုချောင်သန့် ရှင်းတဲ့အ၀တ်စုတ် (ခ) လက်နှီး (ဂ) လက်သုပ်ပုဝါစတာတွေကို သူ့ အဆင့်အတန်းနှင့်သူ ခွဲခြား၍ သုံးပါ။ မီးဖိုချောင်သန့်ရှင်းတဲ့အ၀တ်စုတ်ကို လက်နှီးအဖြစ် ရောထွေးသုံးတဲ့အခါ၊ ၄င်းမသန့်ရှင်းတဲ့အ၀တ်စုတ်တွေကတဆင့်ထမင်းဟင်းလျာတွေကို ရောဂါပိုးကူးစက်စေပါတယ်။ထို့ နည်းတူ မသန့် ရှင်းတဲ့ လက်သုပ်ပုဝါတွေ သုံးမိတဲ့အခါ၊ လက် နှင့်ပါးစပ်တွေမှာ အနံ့ ဆိုးစွဲကျစ်ရစ်စေပြီး၊ အခမသင့်ရင် မျက်နှာမှာ ညှင်း၊၀က်ခြံတွေ ထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် မီးဖို ချောင် သန့်ရှင်းတဲ့အ၀တ်စုတ်တွေကို မကြာခဏဆိုသလို အသစ်လဲပါ။ လက်နှီးတွေကိုဖြစ်နိုင်ရင် ၂ -ရက် တကြိမ် ရေနွေး ပူပူဖြင့်ပြုတ်၍လျှော်ဖွတ်ပါ။လက်သုပ်ပုဝါတွေကိုလည်း နေ့ စဉ်လျှော်ဖွတ်ပါ(သို့ မဟုတ်)လက်သုပ်ပုဝါအစားတစ်ခါသုံးတစ်ရှုး အကြမ်းတွေကိုသာ သုံးပါ။

(၆) ဖိတ်စင်ကျတာတွေကို သုတ်ပေးပါ။

မီးဖိုချောင်ကြမ်းပြင်များ-ဘေစင်-စားပွဲ စသည့်နေရာများပေါ်သို့ 
ငန်ပြာရည်ဖြစ်စေ၊ ဆီဖြစ်စေ တခုခုဖိတ်စင်ကျသွားတဲ့ အခါတွေ မှာလည်း
အ၀တ်ဖြင့် ချက်ချင်းသုတ်သင်ရှင်းလင်းပါ။ ငန်ပြာရည်တွေက စားဖိုဆောင်ကိုအနံ့ အသက်ဆိုးစေသလို၊ ကြမ်းခင်း ကြွေပြားပေါ်ရှိ ဆီတွေကလည်း အခန်မသင့်ရင် ခြေချော်လဲစေတတ်ပါတယ်။

(၇) ပန်းကန်ဆေး ရေမြှုပ်တွေကို အထူးဂရုစိုက်ပါ။

ပန်းကန်ဆေးရေမြှုပ်တွေကလည်း အိမ်တအိမ်ရဲ့ အညစ်ပတ်ဆုံးနေရာ တစ်ခုပါဘဲ။ပန်းကန်တွေ ဆေးကြာပြီးတဲ့အခါတိုင်းအသုံးပြုထားတဲ့ ရေမြှုပ်တွေကိုသူချည်းသက်သက်ဆပ်ပြာသုံး၍ ရေများများဖြင့် ဆေးကြောသန့် စင်ပေးဖို့ (အထူး)လိုအပ် ပါတယ်။ သို့ မဟုတ်ပါက ရေမြှုပ်ထဲမှာ စိမ့်ဝင်နေတဲ့ထမင်း-ဟင်း-အဆီအနှစ်-ဆပ်ပြာရည် အကြွင်းအကျန်များဓာတ်ပြု၍ မျက်စိဖြင့်မမြင်နိုင်တဲ့ အင်းဆက်ပိုးတွေ ပေါက်ပွားလာပါတော့တယ်။ အဲဒီပိုးတွေက
အစာအဆိပ်ဖြစ်စေတဲ့အပြင်၊ ပန်းကန် ဆေးသူရဲ့ လက်ကို ယားနာ/၀ဲ စွဲစေပါတယ်။(ထို့ နည်းတူ အစားအသောက်များကို ချက်ပြုတ်ခါနီးတိုင်း နှင့်
ချက်ပြုတ်ပြီးတဲ့ အခါတိုင်းမှာလည်း မိမိလက်ကို ဆပ်ပြာဖြင့်
စင်ကြယ်စွာဆေးကြောပါ)

(၈) အသုံးမလိုအပ်သေးတဲ့ ဟင်းချက်ပစ္စည်း ကိရိယာတွေကို သိမ်းဆည်းပါ။

အမြဲသုံးဖို့ မလိုတဲ့ ဟင်းချက်ပစ္စည်း ကိရိယာများဖြစ်ကြတဲ့ ဥပမာ
ဟင်းပေါင်းအိုး၊ အသားကြိတ်စက်...စတာတွေကို အသုံးပြုပြီး တဲ့နောက်၊
ဆေးကြောခြောက်သွေ့ တဲ့အခါမှာ သေချာထုတ်ပိုး၍ သိမ်းထားပေးပါ။ ဒီနည်းကမီးဖိုချောင်မှာ ပစ္စည်းပစ္စယတွေ ဖြင့် မျက်စေ့မနောက်စေတဲ့အပြင်၊ မတော်တဆတွန်းတိုက်ပြုတ်ကျခြင်းမှလည်း ကာကွယ်ရာရောက်ပါတယ်။ (ထို့ နည်းတူစွာပင်ဧည့်ဝတ်ကျေစွာဖြင့် ဧည့်ခံပြီးတဲ့ အချိုရည်ဖန်ခွက်တွေ၊
ကော်ဖီပန်းကန်လုံးတွေကိုလည်း အစွန်းအထင်းမကျန်ရစ်စေရအောင်
ဧည့်သည်ပြန်တာနဲ့  ဆေးကြောသန့် စင်ပါ။ ခြောက်သွေ့ သွားတဲ့အခါ
ထိခိုက်ပျက်စီးမှု အလေအလွင့်မရှိအောင် နေ့ ညမဆိုင်း ဘဲ ဘီဒိုထဲ
ပြန်သိမ်းထားပါ)

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top