iMyanmarHouse.com - Best Property Website for Myanmar
×










နံနက်ခင်းမှာ တိုက်ခတ် လိုက်သည့် လေနုအေးကို ခံစား လိုက်ရသူတိုင်း သတိထားမိကြ သည်။ သို့သော် ဆောင်းရာသီက သယ်ဆောင်လာသော လေနု အေး၏ အသားအရေ ထိခိုက် ပျက်စီးမှုဒ
ဏ်ကို ထိန်းသိမ်းရန် လိုအပ်သည်။

ဆောင်းရာသီကို ၀င်လာတဲ့ အခါ ဆောင်းလေနုအေးက ခံစား မှုကောင်းပေမယ့် အသားအရေ၊ ဆံပင်၊ နှုတ်ခမ်းစတာတွေကို ပျက်စီးမှုများဖြစ်စေပါတယ်။ ဒါ ကြောင့်မို့ အသားအရေပိုင်းနဲ့ဆိုင်
 တဲ့ အလှအပရေးရာတွေကို သိ ကျွမ်းနားလည်ကြတဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေရဲ့  အကြံ ပေးချက်တွေကို စုစည်း တင်ပြ ပေးလိုက်ပါတယ်။

ကိုသော်တာ
(Brand Manager-Canmake Cosmatics)
ရာသီတိုင်းမှာတော့ အသား အရေကို ထိန်းသိမ်းရတာပါပဲ။ ဆောင်းရာသီမှာကျတော့ အဓိက အ
ချက်က အသားအရေထိန်း သိမ်းရာမှာ မျက်နှာတစ်ခုတည်း မဟုတ်ဘဲ တစ်ကိုယ်လုံးကို Moisturizer လိမ်းပေးရမယ်။ မျက်နှာ၊ ခန္ဓာကိုယ်၊ လက်လိမ်း ခရင်မ်နဲ့ LipBalm တို့ကို အမြဲ ဆောင်ပြီး လိုအပ်တိုင်း
မှာ လိမ်း ပေးရမှာပါ။ နေရောင်အောက်မှာ လည်း UV ဒဏ်ကို ကာကွယ်နိုင် ဖို့ UV Protector နေ့လိမ်း ခရင်မ် တွေကို ပူးတွဲအသုံးပြုပေးရမှာပါ။ အစားအသောက်အတွက်က တော့ ရာသီစာသီးနှံတွေက အ လွန်သင့်လျော်ပြီး ခန္ဓာကိုယ်မှာ အစာချေဖျက်မှုနှေးလာတဲ့အ တွက် အစားကို ရွေးချယ်စား သောက်သင့်ပါတယ်။

ဒေါက်တာအောင်သီဟ
(Aesthetic Doctor)
ဆောင်းရာသီမှာတော့ အ သားအရေအတွက် Moisture ပါ တာ လိမ်းပေးရမယ်။ ၀က်ခြံသ မားတွေအတွက်ကတော့ Jell Type လိမ်းပေးရမယ်။ အသား ခြောက်တာနဲ့  အဆီဂလင်းတွေ ပျက်
စီးပြီး အသားပတ်တာတွေ ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းခြောက် တာတွေအတွက်ကတော့ နှုတ် ခမ်းအ
ဆီကို ဆိုးပေးသင့်တယ်။ ဆံပင်ကိုတော့ အစိုဓာတ်ပြည့်ဝ အောင် သံလွင်ဆီတို့လိုမျိုး လိမ်း ပေးသင့်
တယ်။

မိတ်ကပ်ဝိုင်း (အလှဖန်တီးရှင်)
နေ့ဘက်မှာတော့ SPF ပါ တဲ့ ခရင်မ်ကို ပိုလိမ်းပေးပြီး ည ဘက်ကို Moisture ပါတာ လိမ်း ရပါမယ်။ နှုတ်ခမ်းခြောက်တာ ကွာတာကိုတော့ Lip Balm သုံး သင့်ပြီး ရေများများ သောက်သင့် ပါ
တယ်။ မိတ်ကပ်တွေကတော့ အဆီပါတာတွေချည်းဆို တော့  ကိုယ်နဲ့သင့်လျော် တာ ကို လိမ်းပေးရင် ရပါတယ်။

ခင်ဝင့်ဝါ (သရုပ်ဆောင်)
Body Lotion ကို ဆောင်းရာ သီမှာရော ကျန်တဲ့ရာသီတွေမှာ အမြဲလိမ်းပေးသင့်ပါတယ်။ Night Cream, Day Cream ပုံမှန်လိမ်းပေးရမယ်။အရည်ရွှမ်းတဲ့အသီးအနှံတွေများများစားပြီး ရေများများသောက်ပေးသင့်
ပါ တယ်။ အသားအရေစိုပြည်လှပ ပြီး ကျန်းမာရေး ကောင်းစေဖို့အ တွက်လည်း နေ့စဉ်စားသောက် တဲ့ အစားအစာတွေသင့်တင့်မျှတစွာစားဖို့လိုအပ်ပါတယ်။ နေ့စဉ် ရေဖန်ခွက်၈ခွက်လောက် သောက်သုံးသင့်
ပါတယ်။

နေရောင်ခြည်အောက်မှာ နေ့စဉ် သွားလာလှုပ် ရှားနေရသူ တွေ အနေနဲ့ အင်္ကျီအပါးလက် ရှည်ကို ၀တ်ဆင်ထားသင့်ပြီး လက်မောင်းရင်းမှစကာ လက် ဖျားအထိ အသားလှဆီ လိမ်းပေး သင့်ပါတယ်။ ခြေသည်း လက် သည်းကွဲခြင်းများကို သံလွင် ဆီလိမ်းပေးခြင်းဖြင့် လျော့နည်း စေပြီး ချက်ပြုတ်စားသောက်ရာ မှာလည်း ဟင်းသီးဟင်းရွက်တွေ ကို သံလွင်ဆီထည့်ချက် ပေးနိုင်ပါတယ်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top