iMyanmarHouse.com - Best Property Website for Myanmar
×













ကိုယ့်ချစ်သူက ကိုယ့်ကို တုန်နေအောင် ချစ်တာမျိုး လိုချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ သူ့အတွက် စိတ်လုံခြုံမှုတစ်ခု သင်ပေးနိုင်သလား ဆိုတာကို တွေးဖို့လိုပါတယ်။ သူ့အပေါ်ထားတဲ့ ကြင်နာနွေးထွေးမှုတစ်ခုဟာ သူကိုယ့်ကို ချစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် တစ်ခြား အချက်တွေကရော ဘာတွေများ ဖြစ်နိုင်ဦးမလဲ။

၁။သင်နဲ့အတူရှိတဲ့အခါ သူ့စိတ်အေးချမ်းလုံခြုံနေအောင် ဖန်တီးပါ။

ကိုယ့်ချစ်သူ ကိုယ့်အပေါ် ဘယ်လိုမှ ပစ်မသွားစေဖို့ ကိုယ့်ဘက်ကလည်း ပေးဆပ်ရမှာတွေ ရှိပါတယ်။ ကြိုးစားရမယ့်အရာတွေလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဲ့ဒါကတော့ စချစ်ပြီဆိုကတည်းက သူရဲ့ အရှိအရှိအတိုင်းကို လက်ခံနိုင်ဖို့ပါပဲ။ သူ့စိတ်ဓာတ်ကို လက်ခံပေးရမယ်၊ သူ့ဖြစ်တည်မှု၊ ဆုံးဖြတ်ချက်တွေကို လက်ခံပေးနိုင်အောင် ကြိုးစားပါ။ ကိုယ်နဲ့နေရတာ ယုံကြည်စိတ်ချရမှုမရှိဘူး၊ မလုံခြုံဘူးလို့ သူခံစားရရင် သူက ကိုယ့်အပေါ် ထင်သလောက် တိမ်းညွတ်မှာ မဟုတ်ပါဘူး။ ဘ၀အတွက် တကယ့်ခံစားချက်အစစ်တွေကိုလည်း ဝေမျှမှာ မဟုတ်ပါဘူး။ ကိုယ်ဟာ သူစိတ်ချယုံကြည်ရတဲ့သူ ဖြစ်လာတာနဲ့အမျှ သူ့ခံစားချက်အားလုံကို ဝေမျှလာရင်း ဘ၀လက်တွဲဖော်အဖြစ် ကိုယ့်အပေါ် အရာရာတိုင်းကို ပုံအပ်လာပါလိမ့်မယ်။ ဒီတော့ သူ့ကို ကိုယ်အပြည့်အ၀နားလည်ကြောင်း ဖွင့်ဟပါ။ အထူးသဖြင့် သူကိုယ့်အတွက် လုပ်ပေးတာတွေ၊ သူကြိုးစားမှုအားလုံးကို အသိအမှတ်ပြုပေးပါ။ သူ့ကို ဝေဖန်ပြောဆိုတာတွေ တတ်နိုင်သမျှလျှော့ပါ။ ပြောချင်ရင်တောင် နားဝင်အောင် အေးအေးသက်သာပြောဆိုပါ။ သူဟာ ကိုယ့်ရှေ့မှာ အသုံးမကျတဲ့သူတစ်ယောက်အဖြစ်တော့ အရောက်ခံချင်မှာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အတွက် အရေးပါတဲ့သူတစ်ယောက်အနေနဲ့ သူရပ်တည်ချင်ပါလိမ့်မယ်။ ဒါကို သတိထားပြောဆို ဆက်ဆံပါ။

၂။သူ့ကိုလျှို့ဝှက်ထိန်ချန်ထားတာမျိုးတွေ မရှိပါစေနဲ့။

ကိုယ့်ချစ်သူကို အသေးစိတ် ဘာပြီးရင်ဘာလုပ်တယ်ဆိုတာမျိုး ပြောစရာမလိုပါဘူး။ ဒါပေမယ့် ကိုယ့်ခံစားချက်တွေ၊ ဖွင့်ဟသင့်တဲ့အရာတွေကို မထိန်ချန်ပဲ ပြောဆိုလိုက်ပါ။ သူနဲ့စတွေ့တုန်းက ဘယ်လိုခံစားရတယ်ဆိုတာမျိုး၊ သူ့အကြည့်ကြောင့် ရင်ထဲမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုး သူတို့ကို ပြောလိုက်တာနဲ့ တစ်ဖက်လူကလည်း သူ့ခံစားချက်တွေ ဖွင့်ဟလာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုခုလို ဖွင့်ဟလိုက်ခြင်းအတွက် သူ့စိတ်ထဲ ယုံကြည်မှုရော၊ စိတ်လုံခြုံမှုတစ်ခုကိုပါ ခံစားရစေမှာပါ။ တကယ်တော့ ကိုယ်သူ့အပေါ် ပြောဆိုဆက်ဆံတာတွေဟာ ရင်ထဲက၊ တကယ့်စိတ်ရင်းနဲ့သာဆိုရင် ဒါကို သူခံစားနားလည်လိမ့်မယ်ဆိုတာ မယုံမရှိပါနဲ့။ စိတ်ချင်းဆက်နေတယ်ဆိုတာမျိုးတောင် ရှိတယ် မဟုတ်လား။

၃။အတူရှိနေချိန်အတွင်း ကိုယ့်ချစ်သူကိုသာ အာရုံထားပါ။

ဘယ်လောက်အလုပ်တွေရှုပ်ရှုပ်၊ စိတ်တွေရှုပ်ရှုပ် ကိုယ့်ချစ်သူနဲ့အတူရှိနေချိန်အတွင်း အလုပ်ကိစ္စတွေအတွက် စိတ်ပူနေတာ၊ တစ်ခြားလူမှုရေးကိစ္စတွေအတွက် စိတ်ရှုပ်နေမယ့်အစား သင့်ခံစားချက်တွေကို သူနဲ့ဝေမျှခံစားလိုက်ပါ။ သူနှစ်သိမ့်ပေးတာကို လက်ခံလိုက်ပါ။ ကိုယ့်ချစ်သူနဲ့အတူ ရှိနေချိန်အတွင်း သူ့အပေါ် အာရုံလုံးဝမရှိဘူးဆိုရင် လက်ရှိအခြေအနေကို လှပအောင် ဖန်တီးနိုင်ဖို့ မဖြစ်နိုင်တော့သလို နှစ်ဦးစလုံးအတွက် ပိုစိတ်ညစ်စရာတွေ ဖြစ်လာပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top