iMyanmarHouse.com - Best Property Website for Myanmar
×

စာရေးဆရာ၊ သတင်းစာ ဆရာ၊ ရှေ့နေ၊ ဂရပ်ဖစ် ဒီဇီုင်နာ စသဖြင့် ဦးနှောက် စားသော အလုပ်များကို အရွယ် ကောင်းစဉ်မှာ လုပ်ကိုင် ခဲ့ရသူများသည် အသက်ကြီး ချိန်ထိတိုင် ဦးနှောက် စွမ်းအား ထက်မြက်နေခြင်း အကျိုးကို ရရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။

အသက် (၇၀) အရွယ် စကော့တလန် နိုင်ငံသား တစ်ထောင်ကို စောင့်ကြည့် လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုသူများထဲတွင် အရွယ် ကောင်းစဉ်က ဦးနှောက်ကို အလုပ်များများ ပေးရသော အလုပ်များ လုပ်ကိုင် ခဲ့ရသူများသည် ကြီးလာချိန်ထိတိုင် ဦးနှောက် စွမ်းအား မကျဘဲ ထက်မြက် နေကြကြောင်း တွေ့ရှိခဲ့ရသည်။

လေ့လာ တွေ့ရှိချက်များကို  ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စကော့တလန် နိုင်ငံ အက်ဒင်ဘာ့ဂ်ျမြို့ရှိ ဟာရော့ဝတ် တက္ကသိုလ်မှ ဒေါက်တာ ဆိုင်မွန်ရစ်လေ ဦးဆောင်သော သုတေသန အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ဆိုင်မွန်သည် ဗြိတိန် အယ်ဖ်ဇိုင်းမား သုတေသန အဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ ဘ၀ နေမှုပုံစံနှင့် အလုပ်ခွင် အခြေအနေ များသည် မှတ်ဉာဏ်အပေါ် မည်သို့ လွှမ်းမိုးမှု ရှိကြောင်း သိနိုင်စေရန် လေ့လာမှုပြုခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းတွင် ပါဝင် သူများအား မှတ်ဥာဏ် စွမ်းရည်၊ လျင်မြန်စွာ ဆုံးဖြတ်တတ်မှု၊ ဗဟုသုတရှိမှု စသဖြင့် မှတ်ဥာဏ် စွမ်းရည် ပေါ်လွင်အောင် စစ်ဆေးခဲ့သည်။

ထိုအခါ အရွယ် ကောင်းစဉ်မှာ စီမံခန့်ခွဲရေးပိုင်း၊ သင်ကြားရေးပိုင်း၊ ဖန်တီးမှုပိုင်း စသော အလုပ်ကဏ္ဍများမှာ လုပ်ကိုင် ခဲ့သူများသည် စက်ရုံ လုပ်ငန်း၊ စာအုပ်ချုပ် လုပ်ငန်း၊ ကော်ဇော လုပ်ငန်းစသည့် ကာယပို အားပြုရသော လုပ်ငန်းများတွင် လုပ်ကိုင်ရ သူများထက် အသက်ကြီးချိန်တွင် ဦးနှောက် စွမ်းအား ပိုကောင်းကာ မှတ်ဉာဏ် ပိုထက်မြက်ကြကြောင်း တွေ့ရှိခဲ့ရသည်။

အရွယ် ကောင်းစဉ်မှာ ဦးနှောက်ကို အလုပ် များများ ပေးခြင်းသည် အသက် ကြီးချိန်ထိတိုင် ဦးနှောက် ထက်မြက် နေအောင် ပျိုးထောင်ရာ ရောက်ကြောင်း စစ်တမ်းက အကြံပြု ဖော်ပြသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top