iMyanmarHouse.com - Best Property Website for Myanmar
×

အသက်ငယ်ငယ်ရွယ်ရွယ်မှာ အိမ်ထောင်ပြုခဲ့ပေမဲ့ သမီးလေး တစ်ယောက် ရရှိခဲ့သည့်တိုင် ပရိသတ်ရဲ့ အားပေးမှု မလျော့သွားတဲ့အပြင် ခုချိန်ထိတိုင် ပရိသတ်တွေအားပေးနေဆဲ ချစ်ခင်နေဆဲ သူကတော့ မေကဗျာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလဲ အနုပညာနဲ့ပတ်သတ်တဲ့ ဇာတ်ကားရိုက်ကူးမှုတွေ အပြင် အခြားစီးပွားရေးအနေနဲ့လဲ ဖက်ရှင်ဒီဇိုင်းပညာနဲ့ပတ်သတ်ပြီး ဆိုင်ဖွင့်ဖို့ စီစဉ်နေတယ်လို့သိရတာကြောင့် သူမကို မေးကြည့်လိုက်တော့ “သမီးလေးက ဒီဇိုင်းနာ အရမ်းဖြစ်ချင်တယ်။ ပန်းချီဆွဲတာ အရမ်းဝါသနာပါတယ်။ မုန့်ဖုတ်တာ ၀ါသနာပါတယ်။ Presenter လုပ်တာလဲ ၀ါသနာပါတယ်။ သင်တန်းတွေလဲ ပေးတက်ထားတယ်။ ခုချိန်မှာ ဒီဇိုင်းဖက်လေးကို အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အခွေကြည့်အားလဲ အရမ်းကောင်းတော့ ခေတ်အမြင် အရမ်းရှိတယ်။ ခုကျောင်းတက်နေတဲ့အရွယ်မှာ စာသင်နေတုန်းမှာ ဒီထဲကို လုံးဝ မထည့်ဘူး။ ကျောင်းပိတ်ရင်တော့ ကဗျာလုပ်ခိုင်းတယ်။ ခုလဲ စီးပွားရေး လုပ်ငန်းလေးတစ်ခုလုပ်ဖို့စီစဉ်နေတယ်။ စီစဉ်နေတာကတော့ ကလေးလဲ နောက်ပိုင်း လုပ်လို့ရမဲ့ စက်ဆိုင်ဒီဇိုင်းနဲ့ပတ်သတ်တာမျိုးပဲ လုပ်ဖြစ်မှာပါ။ သိုးမွေးထိုးတာတွေလဲ ကဗျာ ၀ါသနာပါလို့ ခုသင်နေတယ်။ handmade လုပ်တာလေးတွေလဲ ၀ါသနာပါတယ်။ ကိုယ်က ဆိုင်ဖွင့်မယ်ဆိုတော့ လေ့လာနေတယ်။ စက်ချုပ်ဆိုလဲ ခု ကဗျာချုပ်နေတဲ့ အစ်မဆီမှာ သင်နေတယ်။”လို့ သူမက ပြောပါတယ်။

ခုလတ်တလော သူမဟာ ကိုယ့်ကိုယ်ကိုရှက်ပါ ဆိုတဲ့ဇာတ်ကားမှာ အောင်ရဲလင်း၊ ထွန်းအိန္ဒြာဗိုတို့နဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး သူမရဲ့ ၂၀၁၃အကယ်ဒမီနဲ့ ပတ်သက်ပြီး သူမ ပြောပြသွားတာကတော့ “နေရာအပြောင်းအလဲပေါ်မှာသိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ တစ်နှစ်ထက် တစ်နှစ်တက်ရတာတော့ ပိုအဆင်ပြေလာတယ်။ ဒီနှစ်အပြောင်းအလဲပေါ် ကိုယ်ကြိုက်တဲ့ ပုံဖြစ်လားမဖြစ်လားဆိုတော့ တက်ကြည့်မှပဲ သိမှာပေါ့နော်။ ဒီနှစ်ပွဲတက် ၀တ်စုံကတော့ ကဗျာမစီစဉ်ဘူး။ မပုံ့ပဲ အားလုံး စီစဉ်ပေးမှာပါ။ အားလုံးမပုံ့ကိုပဲ စီစဉ်ပေးပါဆိုပြီး အပ်ထားတယ်။ သူ့စိတ်ကြိုက်လုပ်ပေါ့။ အကယ်ဒမီကတော့ တက်ဖြစ်ပါတယ်။ ကိုယ့်အနုပညာ မောင်နှမတွေကို သွားအားပေးမှာပါ။ အကယ်ဒမီဆိုတာ ကိုယ်လုပ်တဲ့ အနုပညာမှတ်တိုင်တခု ၊ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို ကောင်းတယ်ဆိုတဲ့ ပရိသတ်က ပေးတာရော၊ အနုပညာသမားတွေက ပေးတာရော လူကြီးတွေအကုန်လုံးက ပေးတာရောဆိုတော့ ဘယ်သူမဆို အကယ်ဒမီကို လိုချင်ကြတာပါပဲ။ ဒီနှစ်က သိပ်မသိဘူး။ အရင်နှစ်တွေတုန်းကတော့ ရုပ်ရှင်တွေ ဘာတွေ သွားကြည့်ဖြစ်တယ်။ နောက်ပိုင်း ရုပ်ရှင်နဲ့အလှမ်းဝေးနေတော့လေ ၀တ်မှုန်လဲကြားတယ်။ သက်မွန်လဲကြားတယ်။ ဘယ်သူဖြစ်မလဲတော့မသိသေးပါဘူး”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top